ဗုဒ္ဓသာသာနာတော်ကြီးပြန့်ပွားဘို့ရန်အတွက်သံဃာတော်အရှင်မြတ်တို့အပေါ်တွင်သာတာဝန်ရှိမှီတည်နေတာမဟုတ်ပဲတိုင်းပြည်အုပ်ချုပ်မင်လုပ်သည့်အစိုးရတာဝန်ရှိသူများအပေါ်၌လည်းအများကြီးမှီတည်နေပါသည်။ အိန္ဒိယနိုင်ငံ၏သာသနာတော်သမိုင်းကို လေ့လာအကဲခတ် ကြည့်မည်ဆိုပါကတွေ့ရှိသိမြင်နိုင်ပါတယ်။
အာဏာပိုင်အစိုးရမင်းသည်ဗုဒ္ဓဘာသာကို ကြည်ညိုေ သာသာသနာပြုမင်းဖြစ်ပါကသာသနာတော်နေလိုလလိုတိုးတက်စည်ပင်ပြန့်ပွာ၍အာဏာ ပိုင်အ စိုးရမင်းသည်တခြားဘာသာခြားဖြစ်နေပါကသာသာနာတော်ဆုတ်ယုတ်သွားသည်ကို တွေ့ရှိရ မှာဖြစ်ပါသည်။
အာဏာပိုင်အစိုးရမင်းသည် ဘာသာခြားဖြစ်သောကြောင့် ဗုဒ္ဓသာသာနာတော်ကို နှိပ်ကွပ်ခဲ့သော်လည်း အိန္ဒိယမြေမှ ဗုဒ္ဓသာသနာတော်ကြီးသည် လုံးဝပျောက်ကွယ်မခဲ့ပေ အဘယ့်ကြောင့်ဆိုသော် ထိုခေတ်အခါက အိန္ဒိပြည်၏ ပညာရေးမှာ ဗုဒ္ဓဘာသာရဟန်းသံဃာများ၏ လက်ထဲတွင်ရှိနေသောကြောင့်ပင်ဖြစ်၏၊ အိန္ဒိယနိုင်ငံ၏ သာသာကွယ်ကြောင်း အဓိကအကြောင်းအရင်းအရင်းမှာ ရဟန်းသံဃာတော်တို့သည် သာသာနာပြု လုပ်ငန်းများကိုမလုပ်ဆောင်တော့ပဲ လာဘ်လာဘ နောက်ကိုလိုက်ပြီး ဓါတ် နတ်စသည့်တွေကို ၀ိဇ္ဇာအတတ်,မှော်အတတ်များကို လိုက်စားလာခြင်နှင့် မူဆလင်တို့၏ ဗုဒ္ဓဘာသာရဟန်းတော်များနှင့် ဗုဒ္ဓဘာသာင်တို့အား ရက်စက်စွာ သတ်ဖြတ်မှုကြောင့် အိန္ဒိယနိုင်ငံအတွင်းဗုဒ္ဓသာသာနာတော်အမြစ်ပြတ်ဆုတ်ယုတ်သွားခြင်းပင်ဖြစ်ပါသည်။
ထို့ကြောင့်သာသာနာတော်ကြီးတိုးတက်စည်ပင်ပြန့်ပွားရန်အတွက်ရဟန်းသံဃာတော်များ၏သာသနာပြုအခန်းကဏ္ဍအရေးပါသကဲ့သိုတိုင်ပြည်အုပ်ချုပ်သူတို့၏အထောက်အပန့်ချီးမြောက်မှုလည်းများစွာအရေးပါလှပါသည်။
ဆရာ,ဒကာလက်တွဲ၍အမျိုး,ဘာသာ,သာသာနာတော်အကျိုးအတွက် လက်တွဲဆောင်ရွက်သွားဖို့ရာ အလွန်အရေးကြီးလှပေသည်။
အချို့သောရဟန်းတော်တို့သည်သာသနာပြုလုပ်ငန်းများအားလုပ်ဆောင်ချင်ပေမည့်လည်းအခွင့်မသာသောကြောင့်အချိန်တန်ဘိုးရှိသည့်အချိန်များနှင့် ကြိုးစားရှာဖွေသင်ကြား ထားသော အရည်အချင်း၊ပညာရပ်တို့သည် အလဟဿဖြစ်သွားကြပါသည်။ ထို့ကြောင့် ပညာပြည့်ဝကြသော ရဟန်းတော်တို့အား သာသာနာပြုနိုင်စေရန်အတွက် သံဃာ့ဘက်မှ တာဝန်ရှိဆရာတော် များနှင့်အစိုးရဘက်မှ တာဝန်ရှိ ဒကာတို့အနေနဲ့ သံဃာတော်များ သာသနာပြုနိုင်ရေးအတွက် သာသနာပြုအခွင့်အလမ်းများကို ဖန်တီးပေးသင့်လှပါသည်။
ထိုကဲ့သို့ သာသနာပြုအခွင့်အလမ်းများ ဖန်တီးပေးပါက အလုပ်မလုပ်ချင်သော ရဟန်းတော်တို့သည်လည်း ထိုသာသနာပြုလုပ်ငန်းများကိုလုပ်ရင်လုပ်ရင်းဖြင့်ပင်လုပ်ငန်းမှာပျော်မွေ့သွားပြီးဘာသာ၊ သာ သနာ နှင့်နိုင်ငံတော်အတွက်ပါများစွာအထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။
ထိုကဲ့သို့သာသနာပြုအခွင့်အလမ်းများဖန်တီးရာတွင်စာချဘက်အားသန်သည့် အရှင်မြတ် တို့ကို စာချစေခြင်း၊တရားဟော တရားပြ အားသန်သည့်အရှင်တို့အား တရားဟော တရားပြစေခြင်းအပြင် တခြားသော ပရဟိတ ကျမ္မာရေး၊ပညာရေးစသည့်ဖြင့်အားသန်သည့် သံဃာတော်တို့ကိုလည်း အားသန်ရာကိုပြုလုပ်သာသနြာ့ပုအခွင့်အလမ်းကို ဖန်းတီးပေးသင့်ပါ သည်။ထိုကဲ့သို့ပြုလုပ်မပေးကြသဖြင့်မြန်မာနိုင်ငံဗုဒ္ဓသာသနာတော်တွင် သံဃာတော်ဦး ရေများသလောက် ခရီးမတွင်ဖြစ်နေခြင်းမှာ ၎င်းအချက်သည်လည်း အဓိကကျနေပါသည်။
သီလ၊သမာဓိ၊ပညာနှင့်ပြည့်စုံသော သံဃာတော်အရှင်များသည် မိမိတို့နိုင်ငံဝယ် ရေတွက်လို့မရနိုင်အောင်များပြားပါသော်လည်း ထိုကဲ့သို့ သာသနာပြုအခွင့်အလမ်းမရှိကြသဖြင့် လုပ်ချင်သလောက် လုပ်သင့်သလောက် အမျိုးဘာသာ,သာသနာတော်အတွက် လုပ်ခွင့်မသာ၊ မလုပ်လိုက်ရပဲ ဘ၀နိဂုံးချုပ်သွားကြသည်မှာ သာသာနာနှင့် နိုင်ငံတော်အတွက် များစွာနစ်နာလှပါသည်။
နောင်တော်ကျောင်းထိုင်၊ကျောင်းပိုင် ဆရာတော်များအနေနှင့်လည်း မိမိတို့၏ ကျောင်းတိုက်ကို တပ်မက်မနေပဲ ညီတော်သံဃာတော်များအား မျှဝေ၍ အတူတကွ သာသနာပြုလုပ်ငန်းကို ညီညွတ်စွာပြုလုပ်ဆောင်ရွက်သည့်ပါသည်။ရန်ကုန် မန္တလေး အစရှိသည့် ကျောင်တိုက်များတွင် နာမည်ကြီးစာသင်တိုက်ကြီးများမှလွဲ၍ ကျောင်းတိုက်အတော်များများတွင် သံဃာတော်များအားလက်မခံပဲ မိမိတို့နှင့်ဆွေမျိုးနီးစပ်သည့် ပုဂ္ဂိုလ်များအားသာလျှင် လက်ခံထားကြပါသည်။သင်တန်းတက်၊ဈေးဝယ်၊ ဆေးရုံးတက် စသည်ဖြင့် လာရောက်ကြသည့် ဧည့်သည်များအားလက်ခံပြီး ထိုဧည့်သည်များမှ တည်းခိုးခအဖြစ် လှုဒါန်းသည့် လာတ်လာဘကို မက်မောတွယ်တာနေကြပါသည်။ထိုဧည့်သည်များကို လက်မခံရဟု ဆိုလိုခြင်းမဟုတ်ပါ။နယ်ဝေးမှ စေးဝယ်ခြင်း၊ဆေးကုခြင်းစသောအကြောင်းကြီးငယ်ဖြင့်မြို့သို့ရောက်လာသူများမှအခြေအနေအရတည်ခိုးရန် နေရာ အခက်တွေ့သည့်အခါတွင် ဘုန်တော်ကြီးကျောင်းများအား တည်းခိုးရမှာပင်ဖြစ်ပါသည်။ထိုကဲ့သို့ ဆေးကြုခင်းစသည့် တစ်ခဏတာတည်းခိုနေခြင်းမျိုးမဟုတ်ပဲ အစဉ်ထာဝရ အိမ်ကဲ့သို့နေထိုင်နေကြသည်မှာ လုံးဝမသင့်တော်ပေ။
မိမိသည် ဗုဒ္ဓတက္ကသိုလ်(ရန်ကုန်)သို့ တက်ရောက်ပညာသင်ယူရန်အတွက် ရန်ကုန်မြို့တွင်လှည့်လည်၍ ကျောင်းများလိုက်လျှောက်ဖူးပါသည်၊ ကျောင်းပေါင် ၂၀-ကျော်သာလျှောက်လိုက်ရတယ် တစ်ကျောင်းမှလက်မခံပေ “ငါတို့ကျောင်းက နေရာလွတ်မရှိတော့’’ဟုသာပြောကြပါတယ်။နေရာလွတ်မရှိဟုသာလို့သာပြောတယ်ကျောင်းတိုက်တစ်တိုက်လုံးမှ သံဃာ ၅-ပါးပင်မပြည့်ကြပါ ထိုရှိသည့်သံဃာများမှာလည်း ကျောင်းထိုင်ဆရာတော်နှင့်ဆွေမျိုးနီးစပ်တော်သူများသာဖြစ်ကြပါသည် ။
မြတ်စွာဘုရားရှင်သည် မိမိ၏သားတော်အရှင်ရာဟုလာ၊ညီတော်အရှင်အာနန္ဒာနှင်တခြားသော ဆွေတော်မျိုးတော်တို့အား လက်ဝဲရံ၊လက်ယာရံ စသည့် မဟာသာဝက အဂ္ဂသာဝကစသည့် ရာထူးများမပေးပဲ အမှန်တကယ် အရည်းအချင်နှင့်ပြည့်စုံ၍ သာသနာပြုနိုင်ကြမည့် အရှင်သာရိပုတ္တရာ အရှင်မောဂ္ဂလာန် စသည့်သာဝကတို့အားသာလျှင် လက်ယာရံ၊လက်ဝဲရံစသည့်တို့ကိုပေးတော်မူထားသည်ကိုေ ထာက်ဆ၍ဘုရားရှင်၏တပည့်သားပီသစွာဖြင့်ဘုရားရှင်ကဲ့သို့ သာသနာပြုနိုင်သည့် အရည်အချင်းနှင့်စိတ်ထားရှိကြသည့် သံဃာတော်များအားသာနေရာပေးသင့်ပါတယ်။
ထိုကျောင်တိုက်များသည်သံဃာမရှိပေမည့်လည်း လူပဂ္ဂိုလ်များကတော့ မနည်းလှပေ တချို့ဆိုလျှင်အိမ်ထောင်သားမွေးပင်ပြုလုပ်နေကြပါသည်။
ထိုကဲ့သို့အဖြစ်မျိုးမိမိတစ်ပါးတည်းတွေ့ကြုံရသည်မဟုတ်ပေမိမိသူငယ်ချင်း သံဃာတော်များလည်း ကျောင်နေရာ အခက်အ ခဲတွေ့ကြုံရကြောင်းသိရှိပါသည်။
တချို့ သံဃာတော်များဆိုလျှင် သာသနာစိတ် စာစိတ်ရှိပါလျှက် နေထိုင်စရာကျောင်းရှာမရသော ကြောင့်တောရပ်ရွာသို့ပြန်သွားရပြီး ပညာသင်ရန်အခွင့်အလမ်းများဆုံးရှုံးသွားသည့်အတွက် နိုင်ငံတော်နှင့် သာသာနာတော်အတွက် များစွာနစ်နာလှပါတယ်။
ထို့ကြောင့်ကျောင်းထိုင်၊ကျောင်ပိုင်ဆရာတော်များအနေနှင့်ဘာသာစိတ် သာသာနာစိတ် လေးထားပြီးပညာသင်ညီတော်သံဃာတော်တို့အား မိမိကျောင်းတိုက်တွင်လက်ခံပြီး ပျော်ရွှင်စည်းလုံးစွာနှင့်လက်တွဲကာ သာသနာပြုသင်လှပါသည်။
ဓမ္မ၀ီရ အရှင်တေဇနိယ
ဗုဒ္ဓဂယာ၊အိန္ဒိယ
Web Site;www.ashintejaniya.com
No comments:
Post a Comment