တစ်ခါတုန်းကပေါ့…
ဗာရာဏသီပြည်မှာ ဗြဟ္မဒတ်မင်းကြီးအုပ်ချုပ်စဉ် ဘုရားအလောင်းကလည်း တစ်ခုသောကြီး စွာသော လက်ပံပင်ကြီးမှာ လက်ပံပင်စောင့်နတ်မင်းဖြစ်နေသည်။
တစ်နေ့သောအခါမှာ ဂဠန်ုငှက်ကြီးတစ်ကောင်က မိမိကိုယ်ကို ယူဇနာ၁၅၀ရှိသည့် အတ္တဘော ကြီးကို ဖန်ဆင်းပြီး ပြင်းစွာသောအားမာန်အဟုန်နှင့် သမုဒ္ဒ္ဒရာရေကိုခွဲပြီး အလံတစ်ထောင်ရှိသည့် နဂါး ကြီးကို သုတ်ချီလိုက်တယ်၊နဂါးတို့၏အားအစွမ်းဟာအမြီးမှာရှိတာဆိုတော့ဂဠုန်မင်းကြီးကနဂါးကြီရဲ့အမြီးကိုပဲအမိအရဖမ်းဆီးပြီးကောင်းကင်ခရီးကနေလက်ပံပင်ကြီးရှိရာသို့နဂါးကြီးကိုသုတ်ချီသွား တယ်။
နဂါးကြီးသည်ဘာမျှမတတ်နိုင်ဘဲ၊မိမိ၏ဦးခေါင်းကြီးကိုစောက်ထိုးဖြစ်လျှက်ပါသွားရကာ စားထားသမျှတွေလည်း အံကျပြီး ဂဠုန်မင်း၏ ပြုသမျှ နုရသည့် ဘ၀ကို ရောက်ရှိသွားပေသည်၊
တစ်နေရာမှာတော့နဂါးကြီးဟာညောင်ပင်ကြီးတစ်ပင်ကိုတွေ့မြင်ပြီး မိမိအသက်ကို လွှတ်လိုလွှတ်ငြား ရစ်ပတ်ထားလိုက်လေသည်။ထိုညောင်ပင်ကြီးတွင်ငှက်ငယ်မတစ်ကောင်ကလည်းအသိုက်ဖွဲ့ပြီးနေ
လေ သည် ။
ဂဠုန်ငှက်ကလည်း ညောင်ပင်ကြီး ရစ်ပတ်ထားသည့်နဂါးကို အားနဲ့ဆွဲယူလိုက်ရာ အမြစ်ပါကျွတ် လျှက်ပါလာလေသည်။ လက်ပံပင်ကြီးပေါ်ရောက်တော့နဂါးကြီးကိုပင်စည်ထက်မှာပက်လက်လှန်ထားပြီး၊ရင်ကိုခွဲကာအဆီကိုစားသောက်ပြီး၊အသားများကိုတော့သမုဒရာထဲကိုပစ်ချလိုက်လေ၏၊ယင်းအခိုက်မှာပင်ညောင်ပင်ကြီးနှင့်အတူအသိုက်ဖွဲ့ပြီးပါလာသည့်ငှက်ငယ်မသည်ပျံထွက်သွားပြီးလက်ပံပင်ကြီး၏ဂွအဆုံ သွားနားလေသည်။ဒီအခြင်းအရာကို မြင်သည့် လက်ပံပင်စောင့်နတ် သည် ပြင်းထန်စွာ ကြောက်ကြောက်လန့်လန့် ဖြင့်ယိမ်းထိုးကာတုန်လှုပ်လေသည်။
ထိုအခြင်းအရာကိုမြင်သည့်ဂဠုန်ငှက်မင်းသည် အံ့အားသင့်ပြီး လက်ပံပင်စောင့်နတ်မင်းကို မေးမြန်းလေ သည်။
အို…လက်ပံပင်စောင့်နတ်မင်း
”ငါသည်အလံတစ်ထောင်ရှိသည့် နဂါးကြီးကို သုတ်ချီလားပြီး သင့်ပင်စည်အပေါ်မှာ ယူဇနာ ၁၅၀ ရှိသည့် ငါ့ခန္ဓာကိုယ်ကြီးနှင့် စားသောက်နေစဉ်တွင် သင်ဘာမှမဖြစ် မတုန်လှုပ်ခဲ့ဘူး၊ ဘာမဟုတ် သည့်လက်သီးဆုပ်မျှမရှိသည့် ဒီငှက်ငယ်မလေး က သင်၏ခွဆုံမှာနားတော့မှ ကြောက်အားလန့်အား တုန်လှုပ်နေတာက ဘယ်အခြင်းအရာကို မြင်တွေ့ပြီး ဖြစ်ပါသလဲ”လို့ ဂဠုန်ငှက်ကြီးကမေးတော့
လက်ပံပင်စောင့်နတ်က ”
အို…ဂဠုန်ငှက်မင်း သင်က အသားကိုပဲစားတာ ဒီငှက်ငယ်မက အသီးတွေကိုသာစားတာပညောင်ပင်စေ့ညောင်ချပ်စေ့ညောင်ဗုဒ္ဓဟေစေ့ရေသဖန်းစေ့တို့ကိုစားတာစားပြီးရင်ငါ၏ပင်စည်ထက်မှာကျင်ကြီးကိုစွန့်လိမ့်မယ် အဲဒီကျင်ကြီးနှင့်အတူပါလာသည့် ညောင်စေ့ ပညောင်ပင်စေ့တို့ကတစ်ဆင့်ပေါက်ရောက်လာသည့် ညောင်ပင်မှန်သမျှက မည်မျှပင်ကြီးမားသည့် တောစိုးသစ်ပင်ကြီးပင်ဖြစ်ပါစေ အမြစ်များဖြင့်ရစ်ပတ်ယှက်နွယ်ပြီး နောက်ဆုံး သူမှီခိုကပ်ရပ်ပြီး ပေါက်ရောက်ခံရသည့် ကြီးကြီးငယ်ငယ် အပင်မှန်သမျှကို ၀ါးမြိုဖျက်စီ်းပစ်လိုက်တော့တာပဲ အမျိုးအနွယ်တစ်ခုလုံးကို ဖျက်ဆီးပစ်လိုက်တော့တာပဲ၊
ဒါကြောင့် ကျွန်ုပ်သည် ကျွန်ုပ်အတွက်ရော ကျွန်ုပ်၏ မျိုးဆက်များအတွက်ပါ တွေးပြီး အနာဂတ်အရေးကိုပူပန်ကာ တုန်လှုပ်ရခြင်းဖြစ်ပါတယ်”ဟု ပြန်လည်ပြောကြားလေ၏။
ယနေ့မြန်မာနိုင်ငံ၏အခြေအနေကိုကြည့်မည်ဆိုလျှင်လည်းမြန်မာရွာ၊တိုင်းရင်းသားရွာများ
သည်တဖြည်းဖြည်းပျောက်ကွယ်လာပြီးဘာသာခြားများကအကွက်ချကာအစီစဉ်တကျ ၀ါးမျိုး
လျှက်ရှိချေပြီ။ဟိုးယခင်အချိန်တုန်းကဗုဒ္ဓနိုင်ငံတော်တွေဖြစ်ခဲ့သောဂန္ဓာရတိုင်းလို့ခေါ်ဆိုအပ်
သည့်ပါကစ္စတန်၊အာဖဂန်၊၀င်္ကဒေသလို့ခေါ်ဆိုအပ်သည့်ဘင်္ဂလာဒေ့ရှ်နိုင်ငံတွေ သုဝဏ္ဏဘူမိလို့ခေါ်ဆိုခဲ့သောရှင်သောဏရှင်ဥတ္တရတို့သာသနာပြုခဲ့သည့်မလေးရှား၊အင်ဒိုနီးရှားစင်္ကာပူတို့သည်ဘာသာခြား များက ၀ါးမျိုသွားခဲ့လေပြီ။
ထိုအရပ်ထိုဒေသတွေမှာ သပိတ်ကွယ်ခဲ့လေပြီ လေးအသင်္ချေနဲ့ ကမ္ဘာတစ် သိန်းရင်းခဲ့ရသော ဗုဒ္ဓသာသာနာတော်သည် ထိုအရပ်ထိုဒေသများ၌ အရင်းကြီးသလောက်အမြတ်နည်းခဲ့ရလေပြီ။မြတ်ဗုဒ္ဓ၏ပဋိစ္စသမုပ္ပါဒ်တရားတော်အရမသိ၍သံသရာ
လည်ရခြင်းဖြစ်သည်။အို၊နာ၊သေတွေထပ်ပြီးရနေခြင်းသည်အ၀ိဇ္ဇာကြောင့်လို့လမ်းညွှန်ပြသခဲ့ပေသည်။
သံသရာအတွက်အို၊နာ၊သေထပ်မလာဖို့ကျွန်ုပ်တို့တစ်တွေသိအောင်လုပ်ဖို့အရေးကြီးသလို ပစ္စုပ္ပန်မှာ
လည်းအမျိုးဘာသာနိုင်ငံပျောက်မည့်အရေးတို့ကိုလည်း ကျွန်ုပ်တို့ သိအောင်လုပ်ဖို့ အသက်နှင့်အမျှအ ရေးကြီးပေသည်။
ကပ်ရှ်မီးယားဒေသ၌တိုင်းရင်းသားများဖြစ်ကြသည့် ဘော်ဒိုတိုင်းရင်းသားတွေသည်မိမိတို့အမျိုးအနွယ်ကိုကာကွယ်ဖို့လက်ဖ၀ါးမှာနှင်းဆီရုပ်များထိုးထား
ခြင်းဖြင့်ကာကွယ်ထားကြလေသည်။ယဉ်ကျေးမှုမတူ၊လူမျိုးမတူ၊ဘာသာမတူသူများနှင့်မည်သည့်အခါမှလက်မထပ်တော့ဘဲ ကိုယ့်အမျိုးအနွယ်ကို စောင့်ရှောက်နေကြလေပြီ။ တောင်/မြောက် ကိုးရီးယားနိုင်များ သည် ဘာသာမ တူလူမျိုးမတူသူများ၏ဆိုင်များကိုဈေးမ၀ယ်ခြင်း၊အဆက်အဆံမပြုခြင်းဖြင့်ထိန်းသိမ်းစောင့်ရှောက်နိုင်ခဲ့ကြပေသည်။
ဒါဟာအမျိုးသားရေးအစွဲကြီးခြင်းမဟုတ်၊ကိုယ့်အမျိုးကိုယ့်အနွယ်ကိုစောင့်ရှောက်ခြင်းသာဖြစ်ပါသည်။သက္ကတစာပေမှာဆိုရင်ကိုယ်ကျင့်တရားနှင့်ယဉ်ကျေးမှုသည်၊နိုင်ငံတစ်ခု၏အသက်သွေးကြောဖြစ်သည်ဟုပြဆိုထားပေ၏။ထိုတရားနှစ်ပါးကိုဖျက်ဆီးလိုက်လျှင်(သို့)ဖျက်ဆီးခံရလျှင်နောက်ထပ်ဖျက်ဆီးစရာမရှိတော့ပေ။ထိုတရားနှစ်ပါးကိုစောင့်ရှောက်မည်ဆိုပါက နောက်ထပ်စောင့်စရာမလိုတော့ပေ။ဘာသာခြားများသည် မြန်မာ့ယဉ်ကျေးမှုနှင့် ဘာသာသာသနာကို ဖျက်ဆီးပစ်နေကြသည်။ ဗုဒ္ဓဘာသာ ကအရှေ့အရပ်ကိုအမြတ်ဆုံးထားပေမယ့် သူတို့က အနောက်၊ ဗုဒ္ဓဘာသာက သူများအသက် မသတ်ရဆိုပေမယ့် သူတို့က လည်ပင်းလှီးပြီး သွေးစင်သောအသားကို စားရမည်။ဗုဒ္ဓဘာသာကတစ်လင်တစ်မယားစနစ်ကိုကျင့်သုံးသော်လည်းသူတို့ကယောက်ျားတစ်ဦးအတွက်အနည်းဆုံးတရားဝင်မယားလေးယောက်ယူရမည်။
ဗုဒ္ဓဘာသာကအဖေအမေကိုရှိခိုးသော်လည်းသူတို့ကသူတို့ကိုးကွယ်သည့်အရာမှလွဲ၍မည်သူ့ကိုမျ၊ှရှိမခိုးရဆိုပြီးသားသမီးနှင့်မိဘအကြားရှိသောယဉ်ကျေးမှုတံတိုင်းများကိုလည်းဖျက်ဆီးပစ်ကြသည်။သို့အတွက်ကြောင့် ကိုယ့်ယဉ်ကျေးမှု၊ကိုယ့်ဘာသာသာသနာဖြင့်၊အခြေတင့် အနေမြင့်ခဲ့သော ငြိမ်းချမ်းမှုတည်ဆောက်ခဲ့ကြသောဗုဒ္ဓဘာသာမြန်မာလူမျိုးများသည် လက်ပံပင်စောင့်နတ်မင်းကြီးကဲ့ သို့အနာဂတ်အရေးကိုမျှော်တွေးပြီးပူပန်သလိုမျိုးပူပန်ရပေမည်။လုပ်ဆောင်သင့်တာကိုလုပ်ဆောင်ရပေမည်။ယဉ်ကျေးမှုမရှိသောအရပ်၊လူ့တန်ဖိုးလူ့သိက္ခာမရှိရာနေရာသည်တိရိစ္ဆာန်ဘုံနှင့်ဘာမျှထူးခြားမည်မဟုတ်ပေ၊ဤကဲ့သို့သောအကြောင်းအရာနှင့်ပတ်သက်ပြီး ဂဠုန်ငှက်ကြီးက အောက်ပါအ တိုင်း မှတ်ချက်ပြုပြောဆိုလေသည်။
သေကၤယ် သကႋတဗၺာနိ ရေကၡယ် နာဂတံ ဘယံ။
အနာဂတံ ဘယံ ဓီရော ဥဘော လောကေ အဝေက္ခတိ။
”ကြောင့်ကြသင့်၊ ပူပန်သင့်သည့် အရာများကို ကြောင့်ကြရမည် ပူပန်ရမည်။ အနာဂတ်တွင် ဖြစ် ပေါ်လာမည့် ဘေးအန္တရာယ်ကို ကာကွယ်ရာ၏၊ စောင့်ရှောက်ရာ၏။ အတွေးအခေါ်ဆင်ခြင်ဥာဏ်နှင့်ပြည့်စုံသောသူများသည်(အမျိုးအတွက်သွေးမအေးသောသူများသည်)
အနာဂါတ်မှာဖြစ်ပေါ်လာမည့်ဘေးဥပါဒ်များကိုပစ္စုပ္ပန်တွင်သာမကနောင်အနာဂတ်အတွက်ပါဆင်ခြင်ပေ၏၊မြင်ပေ၏”ဟုမှတ်ချက်ပြုပြောဆိုကာ ငှက်ငယ်မကိုမိမိကိုယ်တိုင် မောင်းထုတ်လိုက်လေ၏။ သို့အတွက်ကြောင့် အမျိုးဘာသာ သာသနာအတွက်သွေးအေးနေလို့ မဖြစ်တော့ဘူးဆိုသည်ကို ဂဠုန်ငှက်ကြီးပြောတဲ့”ဓီရော”ဆိုတဲ့ပုဒ်ကပြောနေပေသည်။အဆင်ခြင်ဥာဏ်၊အတွေးခေါ်ဥာဏ်အနာဂတ်ကိုကြိုမြင်သည့်ဥာဏ်နှင့်ပြည့်စုံသောသူများသည်အချိန်မနှောင်းခင်လုပ်သင့်လုပ်ထိုက်သောအချက်များကို တက်ညီလက်ညီ စုစုစည်းစည်းဖြင့် လုပ်ဆောင်သင့်ပေတော့သည်……။
(ကထိကဆရာတော်)
Yangon Buddhist University.
No comments:
Post a Comment