ယနေ့မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော လူမျိုးရေး၊ ဘာသာရေး
အသွင်ဆောင်သည့် ပဋိပက္ခများ၏ နောက်ဆက်တွဲ မြင်ကွင်းများကို
စာရေးသူ လက်လှမ်းမှီသလောက် ထောက်ပြလိုပါသည်။
မြန်မာနိုင်ငံတွင် အတိတ်က ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ
ညီညီညွတ်ညွတ် အေးအေးချမ်းချမ်း နေထိုင်ခဲ့သည်မှာ လူတိုင်း
အသိပင်ဖြစ်ပါသည်။
မြန်မာလူမျိုးတို့၏ မူရင်းသဘောမှာ သူတစ်ပါးအပေါ်မှာ စော်ကားလိုစိတ်၊
အနိုင်ယူလိုစိတ်၊ ဖိနှိပ်လိုစိတ် မရှိကြပါ။ မိမိနိုင်ငံသို့ ရောက်ရှိလာကြသော
လူမျိုးခြား၊ ဘာသာခြားများကိုလည်း ကြည်ကြည်ဖြူဖြူပင် ဆွေမျိုးရင်းခြာ
သဘောထားကာ ရင်းရင်းနှီးနှီး ပေါင်းသင်းဆက်ဆံခဲ့ကြသည်။
အတိတ်နှစ်ပေါင်းများစွာမှစ၍ မြန်မာ့မြေပေါ်၌ နေထိုင်ခဲ့ကြသော “ခရစ်ယာန်
ဘာသာဝင်” လူမျိုးခြား၊ ဘာသာခြားများနှင့် မြန်မာဗုဒ္ဓဘာသာများ ပဋိပက္ခဖြစ်ခဲ့
သည်ဟု ယခင်ကလည်းမကြားသိခဲ့၊ ယခုလည်းမကြားသိ၊ ယင်းသို့ ပဋိပက္ခ
မဖြစ်ရခြင်းမှာ တစ်ဖက်သားမှ “မိမိ အမျိုး ဘာသာ သာသနာ”ကို ဖျက်လို့ဖျက်စီး
မလုပ်ခဲ့ခြင်းကြောင့်ဟု စာရေးသူမှ ယူဆပါသည်။
ယနေ့ မြန်မာနိုင်ငံနှင့်တကွ ကမ္ဘာအရပ်ရပ် ဒေသအသီးသီး လူမျိုးရေး၊ ဘာသာရေး
ပဋိပက္ခများတွင်လည်း မြန်မာဗုဒ္ဓဘာသာဝင်များ ပါဝင်သည်ဟု မကြားသိရပါ။
သမိုင်းမှတ်တမ်း၊ စာနယ်ဇင်းမှတ်တမ်းများတွင်လည်း မတွေ့ရ၊ မသိရပါ။ ဤသည်ပင်
မြန်မာဗုဒ္ဓဘာသာဝင်များ၏ “မူရင်းစိတ်ဓါတ်အဖြစ်” အထင်းသားမြင်နိုင်ပါသည်။
မြန်မာနိုင်ငံသားများသည် ဘယ်နေရာ ဘယ်ဒေသရောက်ရောက် ဒေသခံများနှင့်
လိုက်လျောညီထွေ နေတတ်ကြသည်။ သူများအတွက် “၀န်ထုပ် ၀န်ပိုး” မဖြစ်အောင်
နေထိုင်တတ်ကြသည်။ “ရောမရောက်ရင် ရောမလိုကျင့်” ဆိုသည့်အတိုင်း လိုက်နာ
ကျင့်သုံးကြသည်။
ယနေ့မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော ပဋိပက္ခများမှာလည်း မြန်မာနိုင်ငံသား
ဗုဒ္ဓဘာသာဝင်များ စတင်ဖန်တီးခဲ့သည့်လုပ်ရပ် တစ်ခုမျှမရှိ၊ သို့သော် တစ်ခြား
တစ်ဖက်က “ကိုယ့်လူမျိုးကို စော်ကားလာသည့်အခါ” မှာ ပြန်လည်တုံ့ပြန်တတ်သည့်
သဘောသဘာဝအတိုင်း တစ်ချို့လူငယ်များ ပါဝင်ပက်သက် လွန်ကျူးခဲ့သည်များတော့
ရှိနိုင်ပါသည်။
“အင်္ဂလန် ၊ အမေရိကန်” စသောတိုင်းပြည်များတွင်လည်း ဒီသဘောများတွေ့ရ တတ်ပါသည်။
သေးမွှားသည့် တိရိစ္ဆာန် ပုရွက်ဆိတ်သတ္တ၀ါပင် ဖြစ်စေကာမူ ကိုယ့်အင်အားရှိသလောက်
တုန့်ပြန်တတ်သည့် သဘောမှာ “လူမျိုးတိုင်း ၊ သတ္တ၀ါတိုင်း”မှာ ရှိသည်။ မြန်မာ့မြေပေါ်တွင်
ဖြစ်ပေါ်လာသည့် ပဋိပက္ခများကိုလည်း သက်ဆိုင်ရာ “ဆရာတော် သံဃာတော်များ”အပါအ၀င်
သက်ဆိုင်ရာ တာဝန်ရှိသူအားလုံး ၀ိုင်းဝန်းထိန်းသိမ်းခဲ့ခြင်းကြောင့် ကြီးကျယ်တဲ့ ပဋိပက္ခများ
ကျယ်ကျယ်ပြန့်ပြန့် မဖြစ်ပွားသည်မှာလည်း အထင်အရှားပင်ဖြစ်ပါသည်။
“ဤသို့ တာဝန်ရှိသူများ၏ တာဝန်သိသိ ၀ိုင်းဝန်းထိန်းသိမ်းသည့် အကောင်းကွက်ကိုတော့
မျက်ကွယ်ပြုထားကြသည်။ အဆိုးဘက်ကို ဇောင်းပေးဖော်ပြနေသည်မှာလည်း တရားနည်းလမ်း
ကျမည်မဟုတ်ပါ”
လူသားတိုင်းမှာ ပြင်ပအန္တရာယ်များ ထင်သသလိုစော်ကား မခံရစေရန် “ကိုယ့်အိမ်ကိုယ် ခြံစည်းရိုး
လုံအောင် ကာရမည့်နည်းလမ်း” မှန်သမျှကိုတော့ မလွဲမသွေလုပ်ဆောင် ရမည်သာဖြစ်ပေသည်။
ကိုယ့်အိမ်ကိုယ် ခြံစည်းရိုးမလုံလျှင် တစ်ဖက်သားက ထင်သလိုစော်ကားမည်။ အနိုင်ကျင့်မည်။
သိမ်းသွင်းမည်။ “မြေမျို၍ လူမျိုးမပျောက် ၊ လူမျိုမှ လူမျိုးပျောက်သည်” ဆိုသည့်အတိုင်း
မြန်မာနိုင်ငံ ပတ်ဝန်းကျင်အခြေအနေ အရပ်ရပ်ကို သုံးသပ်ကာ အမျိုး ဘာသာ သာသနာ
မပျောက်ပျက်ရေးကို တာဝန်သိသူများက လိုအပ်သည့် ခြံစည်းရိုးများ လုံအောင်ကာဖို့
လိုအပ်သည်။ ကိုယ့်ခြံစည်းရိုးလုံအောင် ကိုယ်ကာခြင်းသည် အခြားသူများ၏ ခြံစည်းရိုးကို
ကျူးကျော်ခြင်း၊ ဖျက်စီးခြင်းမဟုတ်ပါ။
ကိုယ့်ခြံစည်းရိုး ကိုယ်လုံအောင် ကာထားလိုက်ခြင်းသည် သူ့ဘက် ကိုယ့်ဘက် နှစ်ဘက်လုံး
ကောင်းကျိုးခံစားရနိုင်သည်။ အကာအရံရှိလျှင် တစ်ဖက်သားကလည်း အမှုမဲ့၊ အမှတ်မဲ့
အလွယ်တကူ ကျုးကျော်စော်ကားသည့် မကောင်းမှု မလုပ်မိတော့၊ မိမိအတွက်လည်း
အန္တရာယ် လုံခြုံပြီးသား ဖြစ်သည်။
“စည်းတွင်းမှာနေ ၊ ကင်းကွေလိမ့် ရန်ဘေး။
ကမ်းကိုကျော် ၊ ချော်ကာကျ များလှရန်ဘေး” (ရွှေကျင်ဆရာတော်)
ယနေ့ ဆရာတော်သံဃာတော်များ ဦးစီးဦးဆောင် လုပ်ဆောင်နေသည့် “အမျိုး ဘာသာ သာသနာ
စောင့်ရှောက်ရေး” ဆိုင်ရာ လုပ်ဆာင်ချက်များသည် ကိုယ့်အိမ်၊ ကိုယ့်ခြံစည်းရိုး လုံအောင်
ကာတတ်ဖို့ လုပ်ဆောင်နေခြင်းသာဖြစ်သည်။
သံဃာ့ဂုဏ်တော် ၉ပါးတွင် “အနုတ္တရံ ပုညက္ခေတ္တံ လောကဿ” ဆိုသည့်အတိုင်း လောကသား
အားလုံး ကောင်းမှုမျိုးစေ့ စိုက်ပျိုးနိုင်ရန်၊ ကောင်းမှုမျိုးစေ့ မဆုံးရှုံးစေရန်၊ နိုင်ငံသူ နိုင်ငံသားများ
ကုသိုလ်ပျက်ပြားခြင်း၊ အကုသိုလ် ပွားများခြင်း မဖြစ်စေရန် “မကောင်းမြစ်တာ၊ ကောင်းရာ
ညွှန်လစ်” စသော ရဟန်းကျင့်ဝတ်များ ကျေပွန်အောင် ဆောင်ရွက်နေခြင်းသာ ဖြစ်သည်။
ဆရာတော်သံဃာတော်များသည် မိမိ ဒကာ/ ဒကာမများ၊ နိုင်ငံသူနိုင်ငံသားများ ကိုယ့်ခြံစည်းရိုး
ကိုယ်လုံအောင် ကာကွယ်ရမည့်နည်းလမ်းများ ညွှန်ကြားပြသနေခြင်း၊ ကျရောက်လာမည့်
အန္တရာယ်များကို သိအောင် မြင်အောင် ရှောင်ရှားတတ်အောင် ဟောပြောညွှန်ပြနေခြင်းသာ
ဖြစ်သည်။ တစ်ဖက်သားကို သတ်ဖို့၊ ဖြတ်ဖို့ ညှဉ်းဆဲဖို့ အနိုင်ကျင်ဖို့ ဖျက်စီးပစ်ဖို့ ဟောပြော
ညွှန်ပြနေခြင်း မရှိပါ။
အဆိုပါ မတရားလုပ်ရပ်များ တိုက်တွန်းနှိုးဆော်သည့် အထောက်အထား လုံးဝမရှိပါ။
ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာအတွက် ကာကွယ်ရမည့် သတိထားရမည့် ထိရောက်သည့်
နည်းလမ်းများကိုသာ ညွှန်ပြပေးနေကြပါသည်။ ငြိမ်းငြိမ်းချမ်းချမ်းဖြစ်အောင် ပြောဟော
နေခြင်းဖြစ်ပါသည်။
တစ်ဖက်သားများက မိမိတို့ထင်သလို စော်ကားခွင့် ၀ါးမျိုခွင့် မရကြသဖြင့် အမျိုး ဘာသာ
သာသနာစောင့်ရှောက်ရေး လုပ်ငန်းများကို “လူ့အခွင့်အရေး ချိုးဖောက်သယောင်၊
ပဋိပက္ခဖြစ်အောင် လှုံ့ဆော်သယောင်၊ ဒီမိုကရေစီ လမ်းကြောင်းမှ သွေဖယ်သယောင်၊
မြန်မာနိုင်ငံအကျိုးကို လိုလားသယောင်” ဖြားယောင်းသွေးဆောင် လှုံ့ဆော်ကြသည်။
ရေးသားကြသည်။ လွှင့်ထုတ်ကြသည်။
မြန်မာနိုင်ငံမှ တစ်ချို့သော “လူမှုရေးခေါင်းဆောင်၊ နိုင်ငံရေးခေါင်းဆောင်၊ ဘာသာရေး
ခေါင်းဆောင်၊ ပြည်ပဘာသာခြား အထောက်အပံ့ခံ” စသည်တို့ကလည်း သူတပါးလှည့်ကွက်ကို
မသိလို့လား၊ သူခိုးလက် ဓါးရိုးကမ်းချင်လို့လား၊ ကိုယ့်လူမျိုး ကိုယ့်ဘာသာ ကိုယ့်သာသနာကို
ဖျက်စီးလိုလို့လား မသိ၊ “အဆင်း တွန်းချပေးနေကြသည်။”
အဆိုပါ “အဆင်း တွန်းချလိုသူများသည်” ဆရာတော်သံဃာတော်များကပင် လူမျိုးရေး၊
ဘာသာရေး ပဋိပက္ခဖြစ်အောင် လှုံ့ဆော်သွေးထိုး ဟောပြောနေကြသည်ဟုလည်း
သံယောင်လိုက် ပြောဆိုရေးသားနေကြသည်။
အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးလုပ်ငန်းများ၌ -
၁။ နိုင်ငံအတွက် ထိခိုက်နစ်နာအောင်
၂။ ဒီမိုကရေစီလမ်းကြောင်း သွေဖယ်အောင်
၃။ အခြားသူများအတွက် ထိခိုက်နစ်နာအောင်
၎။ စည်းလုံးညီညွတ်မှု ပျက်ပြားအောင်
လုပ်ဆောင်ချက် တစ်စုံတစ်ခု မပါရှိပါ။ ကိုယ့်ခြံစည်းရိုးကိုယ်လုံအောင် ကာသည့်သဘောဖြင့်
ကိုယ့်လူမျိုး ကိုယ့်ဘာသာ ကိုယ့်သာသနာအတွက် ဆောင်ရွက်နေခြင်းသာဖြစ်ပါသည်။
“သူ့ဖို့လား ကိုယ့်ဖို့လား” ခွဲခြားမြင်နိုင်ကြပါစေ။ ကိုယ့်လူမျိုး ကိုယ့်ဘာသာ ကိုယ့်သာသနာကို
ချစ်သူတိုင်း တာဝန်သိသူတိုင်း မဖြစ်မနေ ဆောင်ရွက်နိုင်ကြပါစေ။
အရှင်တိလောက ဘိဝံသ (အင်းစိန်)
No comments:
Post a Comment