ဆရာတော် ဦးဥတ္တမလည်း လမ်းဘေးမှာပဲ ပျံလွန်တော်မူခဲ့ရတာပဲ။ ဘုရားပြီးရင် ငြမ်းဖျက်ကြမှာပဲလေ။
မြန်မာပြည်မှာ နိုင်ငံရေးသမားစစ်စစ်ကို ပြပါဆိုရင် သံဃာတွေကိုပဲ ပြရမှာ။ အမတ်တို့၊ သမ္မတို့ဆို ဝေလာဝေး မဲပေးခွင့်တောင်ရှိတာမဟုတ်ဘူး။
အင်္ဂလိပ်ခေတ်၊ ဂျပန်ခေတ်၊ မဆလခေတ်၊ ငြိမ်ပိခေတ်၊ နအဖခေတ်၊ ဒီမိုကရေစီခေတ်-ဘယ်ခေတ်မှာမှ သံဃာနှင့် မကင်းခဲ့ဘူး။ သံဃာတွေမှာ ပြည်သူ့အကျိုး စီးပွားတစ်ခုကလွဲလို့ ဘာမှ မျှော်ကိုးမှုမရှိဘူး။
သံဃာတွေက နိုင်ငံရေးကို လွှမ်းမိုးဖို့ စိတ်ကူးမရှိပါဘူး။ ဒါပေမယ့် အစိုးရနှင့် ပါတီတွေကို အမြဲတန်း စောင့်ကြည့်နေတယ်။
ထောက်ခံချီးကျူးဖို့ ဝန်မလေးသလို၊ ကန့်ကွက်ရှုတ်ချဖို့လည်း ဝန်မလေး တတ်ကြဘူး။
ရခိုင်အရေးမှာ ဦးသိန်းစိန်ကိုထောက်ခံကြသလို၊ လက်ပံတောင်းအရေးမှာ ဒေါ်စုကို ထောက်ခံခဲ့ကြတာ သက်သေပဲ။
သံဃာတွေရှိတော့ အကြံအဖန်နိုင်ငံရေးသမားတွေ ညားစားလို့တော့ မရတော့ဘူးပေါ့ဗျာ။
( ဆရာတော် အရှင် ဦးဝီရသူ )
Ms.CHRISTINA PLETTEN (နော်ဝေ BERGENS TIDENDE သတင်းစာ) ဖြစ်ပြီး အမျိုးသားရေး၊ နိုင်ငံရေးများနှင့် မီဒီယာအပေါ် ပြည်သူတို့ ယုံကြည်မှုအတိုင်းအတာများ ပတ်သက်၍ မေးမြန်းလျှောက်ထားသည့် အင်တာဗျူး အစီအစဉ် မှ
No comments:
Post a Comment