"ကြောင်သူတော်
ကြွက်သူခိုး" "ဒေါင်းယောင်ဆောင်သော ကျီး"စသော ရှေးပညာရှိတို့၏ ဆုံးမစာ
ဆိုးရိုးစကားပုံတွေဟာ သီလ၊သမာဓိ၊ပညာ၊မေတ္တာ၊ကရုဏာ စသော သူတော်ကောင်းတို့၏
အကျင့်တရားများကို မိမိမှာ မရှိပါပဲလျက် လှည့်စားလိမ်ညာ ကျောက်ကျစ်စွာဖြင့်
ရှိယောင်သိယောင် အယောင်ဆောင်တတ်ကြသော သူတို့အား ပုံပမာပြု၍ ထွက်ပေါ်လာသည့် စကားပုံများပဲဖြစ်ပါတယ်။
အယောင်ဆောင် ဆိုကတည်းက အစစ်အမှန်မဟုတ်ကြတာကတော့ အသေအခြာပါပဲ၊ ထိုသူတို့သည် အကြောင်းမဲ့ အယောင်ဆောင်ကြခြင်းမဟုတ်ပဲ၊ ၄င်းတို့၏ ကိုယ်ကျိုးစီးပွားအတွက် မသိနားမလည်ကြသောသူများ၊ နှင့် တဖက်သတ်အမြင်ရှိကြသည့် လူ့ဖျင်းလူညံ့တို့အား အသုံးချကာ ကိုယ်ကျိုးရှာနေကြခြင်းပင်ဖြစ်ပါတယ်။
အသိတရာစဉ်းးစားဉာဏ်ရှိသူတို့မှာ အယောင်ဆောင်လူလိမ်တို့အား မယုံကြည်ကြသော်လည်း အသိကင်းမဲ့သူတို့၏ ယုံကြည်မှု၊လိုက်နာကျင့်သုံးမှုများကြောင့် အနည်းနဲ့အများတော့ ၄င်းအယောင်ဆောင်တို့၏ ကောက်ကျစ်မှုဒဏ်ကို ခံစားကြရလေ့ရှိပါတယ်။
ထိုအယောင်ဆောင်မှုအား ယုံကြည်ကြသူများသည်လည်း မိမိတို့ မျော်လင့်သကဲ့သို့ အေးချမ်းသာယာမှုကို မရကြပဲ လှော်ရင်း မြုတ်ရင်းဖြစ်ကြရပါတယ်။ ရှင်ဒေ၀ဒတ်သည် ဘုရားဖြစ်ရန် ကျင်ကြံခြင်း အားထုတ်ခြင်း မရှိပါပဲ ဘုရားရာထူးကို အချောင်လိုချင်တာကြောင့်။ သူတော်ကောင်းအယောင်ဆောင်ကာ မသိနားမလည် ပညာမကြွယ်သည့် အဇာတသတ်မင်းအား အယုံသွင်းခဲ့ခြင်းပင်ဖြစ်၏။
သူတော်ကောင်းအယောင်ဆောင် ဒေ၀ဒတ်၏ အယောင်ဆောင်လှည့်ဖြားမှုကို ယုံးစားမိခဲ့သူ အဇာတသတ်မင်းသားဟာ မသူတော်လမ်းစဉ်ကိုလိုက်ပြီး အမှားကြီးမှားမိခဲ့ခြင်းပင်။
ထိုအယောင်ဆောင်တတ်သူ အယောင်ဆောင်သူအား ယုံကြည်သူတို့သည် ၄င်းတို့ကိုယ်တိုင်ကိုပင် ပူလောင်ဆင်းရဲစေတာမဟုတ်ပဲ အပြစ်မဲ့သူ ပတ်ဝန်ကျင်ကိုပါ ကူစက်လောင်ကျွမ်းစေပါတယ်။
ထို့ကြောင့် "သူတော်ကောင်းအယောင်ဆောင်သောသူသည် လောကမှာ အယုတ်မာဆုံးသောသူများဖြစ်၏"၏ဆိုခြင်းဖြစ်၏။
မှန်ပါတယ်။ လောကမှာ လူယုတ်မာကို လူယုတ်မာမှန် သိရလျှင် မဆက်ဆံပဲ နေနိုင်ကြမည်ဖြစ်သော်လည်း။ လူယုတ်မာက သူတော်ကောင်းအယောင်ဆောင်နေသောသူများကိုကား သိမြင်ဖို့ရန် မလွယ်ကူပေ။
ထိုသို့သော အယောင်သူများအား အားကိုးယုံကြည်ကာ "ခေါင်းဆောင်"တင်မိလျှင်တော့ ထိုအမှားသည်ကား ပြုပြင်ဖို့ရန် လွယ်ကူတော့မည် မဟုတ်တော့ချေ.။
ထို့ကြောင့် သူတော်ကောင်းအယောင်ဆောင် ကြောက်စရာအကောင်းဆုံးသော လူယုတ်မာတို့အား အသိ၊သတိ၊ပညာ မျှတစွာဖြင့် မြင်အောင်ကြည့်ကာ ရှောင်ကွင်းပြီး ပစ္စုပ္ပန်၊တမလွန် နှစ်တန်သော ချမ်းသာအကျိုး သည်ပိုးနိုင်ကြပါစေ..........။ ။
===================
ဓမ္မ၀ီရ အရှင်တေဇနိယ
ဗုဒ္ဓဂယာ၊ အိန္ဒိယ
www.ashintejaniya.com

No comments:
Post a Comment