Tuesday, August 13, 2013

"သီရိလင်္ကာကေ" (စာသင်ဘ၀ဟဒယ)


နိုင်ငံခြားတိုင်းပြည်များကိုကြွရောက်ပြီး ပညာတော်သင်ကြားကြသည့် သံဃာတော်တွေကို လူတော်တော်များများကပိုက်ဆံပေါတယ်ဆိုပြီးတော့အထင်ရှိကြပါတယ်၊နိုင်ငံခြားကိုပညာတော်သင်လာကြတဲ့သံဃာတော်တိုင်းပိုက်ဆံချမ်းသာလို့လာကြတာမဟုတ်ပါဘူး။ခေတ်မှီဗုဒ္ဓပညာရပ်တွေကို ဆည်ပူးသင်ယူပြီး အမိနိုင်ငံတော်မှာ ပြန်လည် ဖြန့်ဖြူချင်ကြလို့သာ အစားအသောက် အနေအထိုင်ပင်ပန်းဆင်းရဲခံပြီးတော့သူတပါးတိုင်ပြည်တွေမှာသွားရောက်ပညာတော်သင်ကြားနေကြတာဖြစ်ပါတယ်။ တချို့သော ဆရာတော်များကတော့ ရှေ့ဘုန်း ရှေ့ကံ ကောင်ကြလို့ ငွေရေးကြေးရေ မပူပင်ရပေမဲ့ အများစုကတော့ အတော်ကိုရုန်ကန်ပြီးမှ လာကြရတာများပါတယ်။ အဲဒီလို ရုန်းကုန်ပြီး ပညာတော်သင်လာခဲ့တဲ့အထဲမှာ ကျုပ်တို့ရဲ့မိတ်ဆွေကြီး ကိုဣန္ဒာစရိယရဲ့ အဖြစ်ကတော့ တကယ်ကို ပြောစမှတ်တွင်လောက်တယ်။

ကိုဣန္ဒာစရိယကအထက်အညာသားဇာတိကမန္တလေးတိုင်း၊ငန်းဇုန်မြို့နယ်၊စီထိန်းရွာသားပေါ့၊ငယ်ငယ်ကလေးဘ၀ကတည်ကကိုရင်ဝတ်ပြီးကတည်းကသာနာ့ဘောင်မှာပျော်မွေ့ပြီးမထွက်တော့တာ၊ အရွယ်ရောက်လို့စာသင်လိုက် စာမေပွဲတွေ အလီလီအောင်ပြီး ဗုဒ္ဓတက္ကသိုလ်(မန္တလေး) ကနေတောင် ဓမ္မာစရိယ ဘီအေ ဘွဲကြီးကိုတောင်ဆွတ်ခူးနိုင်ခဲ့လို့ ဆရာဘုန်းကြီးနဲ့ ခမည်တော်။မယ်တော်အပါအ၀င် တရွာလုံးပျော်မရှုံး ဂုဏ်ယူလို့မရှုံးဖြစ်နေကြတယ်ပေါ့။

ကိုဣန္ဒာကြီးကလည်းစာကြိုးစားချင်စိတ်ရှိတယ်ဒီနေနဲ့ရပ်မနေချင်ပဲသီရိလင်္ကာကိုသွားပြီးအမ်အေဘွဲအတွက်စာသင်ချင်သေးတယ်၊ ဒါပေမဲ့ ခက်တာက ပညာသင်စရိတ်ကများလွန်းတော့လည်း အခက်တွေ့နေတယ်၊ ဒီအကြောင်းကို ဆရာဘုန်းကြီးကို လျှောက်ပြတော့ ဆရာဘုန်းကြီးက အားရ၀မ်းသာ သွားဖို့တိုက်တွန်တယ် ``ငါ့တပည့်ကြီး သွားမှာသာသွားစမ်းပါ ငွေရေးကြေးရေး ဘာမှမပူနဲ့ ဒီလိုနိုင်ငံခြားကိုသွား ပြီး ပညာသင်ခွင့်ရဘို့ဆိုတာလွယ်တာမှမဟုတ်တာ မင်းသွားဘို့လာဘို့သာ လုပ်တော့ ကျန်တာငါ့တာဝန်ထား ´´ လို့ အားပေးချီမြှောက်တာကြောင့် ပတ်(စ်)ပို့ တွေ ဗီဇာတွေလုပ်ဖို့ ရန်ကုန်ဆင်းလာပြီး လုပ်စရာအားလုံးပြီးလို့ သွားဘို့ ရယ်ရီဖြစ်နေပြီဆိုတော့မှ ရွာကိုပြန်လာတယ်၊ ရွာရောက်တော့ ဆရာဘုန်ကြီးနဲ့ ရွာက ဒကာဒကာမတွေက ပညာသင်စရိတ်ဝိုင်းလှုကြတယ် ၊ကိုဣန္ဒာစရိယကလည်း ရွာကဒကာ ဒကာမတွေကိုသနားလို့ ပိုက်ဆံကို အလှုမခံချင်ဘူး ဒါပေမဲ့ ဆရာဘုန်းကြီးက ရွာသားတွေအားလုံး ကုသိုလ်ရအောင်ဆိုပြီးစီစဉ်တာမို့ အသာပဲနေလိုက်ရတယ်၊ဒီလိုနဲ့ နိုင်ငံခြားကိုသွားခါနီး တော့ တရွာလုံး ကလေးလူကြီးမကျန် လာရောက်ကန်တော့ နှတ်ဆက်ကြတာပေါ့။

အဲဒီထဲမှာနေရာတကာစပ်စပ်ပါတဲ့`ကိုပေါက်´ဆိုတဲ့ဒကာကလဲလာရောက်ကန်တော့နှတ်ဆက်ပြီးတော့လျှောက်တယ် ဆရာတော်ရေ သူများနိုင်ငံမှာ ကျမ္မာရေးလဲ ဂရုစိုက် စာလလည်းကြိုးစားနော် ဦးဇင်ခုလို နိုင်ငံခြားကိုပညာတော်သင်သွားရတာ တပည့်တော်တို့ တစ်ရွာလုံး ၀မ်းသာဂုဏ်ယူလို့ကိုမဆုံးဘူး၊တပည့်တော်တို့ ရွားနားတစ်ကြောမှာတော့ခုဆို တပည့်တော်တို့ရွာ အရမ်းမျက်နှာပွင့်နေတယ်ဘုရား။ ဦးဇင်းလဲ သီရိလင်္ကာကြွ တပည့်တော်တို့တစ်ရွာလုံးက ဒကာမတွေလည်း အကုန်လုံး `သီရိလင်္ကာကေ´တွေချည်းပဲဖြစ်ကုန်ပြီဘုရား။

ဒကာတော် ကိုပေါက်က အဲလိုလဲလျှောက်ကော ကိုဣန္ဒာ မျက်စေ့လည်သွားတယ် ဟုတ်တယ်လေလွင်မိုးကေ၊နေတိုးကေလို့ပဲကြားဘူးသာ`သီရိင်္လာကေ´လို့မှမကြားဘူတာလေ၊ဒါကြောင့် ဒကာ ကိုပေါက်ကို နာရှင်အောင်ထပ်မေးရတယ်၊``နေပါဦး ဒကာပေါက်ရယ် ဦးဇင်တော့ သီရိလင်္ကာကေလို့တော့ မကြားဖူးပါဘူး ရှင်းပြစမ်းပါဦး သီရိလင်္ကာကေ ဆိုတာဘာကိုပြောတာလဲ´´ လို့မေးတော့ ``ဟုတ်တယ် ဘုရား ဦးဇင်သီရိလင်္ကာကို ပညာတော်သင်ကြွမယ်ဆိုတော့ တပည့်တော်တို့ တစ်ရွာလုံး ပညာပါရမီဖြစ်အောင် တတ်နိုင်သ၍လေးတော့ လှုချင်တာပေါဘုရား ဒါပေမဲ့ သီနှံကလဲပေါ်ချိန်ရောချိန်မဟုတ်တော့ လက်ထဲမှာငွေမရှိကြဘူးလေ ဒါကြောင့်ကြံရာမရဖြစ်ပြီးပြီး တစ်ရွာလုံးရှိသမျှ အမျိုးသမီးတွေ ခေါင်းက ဆံပင်ရောင်းပြီးလှုကြလို့ တစ်ရွာလုံး သီရိလင်္ကာကေ ဖြစ်ကုန်တာပါဘုရား´´ ဒကာပေါက်ရဲ့ လျှောက်ထားတဲ့စကားကြောင့် ကျုပ်တို့ ကိုဣန္ဒာကြီးချမျှာ `ဟေ´လို့သာ တစ်လုံးလဲ ပြောပြီး ဒကာမတွေကို ဝေ့ကြည့်လိုက်တော့ ဟုတ်တယ်တရွားလုံးရှိသမျှ ဒကာမတွေးအားလုံး ခေတ်မီနောက်ဆုံးပေါ် ``သီရိလင်္ကာ ဆံပင်ကေ´´လေးတွေ ကိုယ်စိနဲ့လေ………။


(ဘ၀အမော တခဏသာပဲဖြစ်ဖြစ် ပြေပျောက်နိုင်ကြပါစေ)



ဓမ္မ၀ီရ အရှင်တေဇနိယ

ကိုလံဘို၊သီရိလင်္ကာ

Wesite; www.ashintejaniya.com

No comments:

Post a Comment