Sunday, October 20, 2013

“ပါဠိဘာသာအလွယ်ရွတ်ဖတ်နည်း”


ဗုဒ္ဓဘာသာဝင် မြန်မာတို့သည် ဘုရားရှိခိုး ပူဇော်ခြင်းကို နေ့စဉ်ပြုလုပ်နေကြပါသော်လည်း၊ မြတ်ဗုဒ္ဓ ၏မူရင်းပါဠိဘာသာဖြင့် ပူဇော်ရွတ်ဖတ်ကြသူများမှာ လွန်စွာနည်းပါးလှပါတယ်။ “ပါဠိ”ဆိုသော အသံကိုကြား လိုက်သည်နှင့် “ဆေးခါးကြီးကိုကြောက်သည့် ကလေးများနှယ်” ကျော်ခွပြီး မြန်မာပြန်လေးမျှကိုပဲ ရွတ်ဖတ် ပူဇော်ကြ၏။ မြန်မာပြန် ရွတ်ဖတ်ပူဇော်ခြင်းကို အပြစ်ဆိုနေတာမဟုတ်ပဲ မြတ်ဗုဒ္ဓဟောကြားတော် မူသည့် မူရင်းပါဠိဘာသာဖြင့် ရွတ်ဖတ်ပူဇော်ပါက ပိုမိုပြီး ရွတ်ဖတ်ရခြင်း၏ အရသာ အနှစ်သာရကို ခံစားကြည်ညို သဒ္ဒါတိုးပွားစေနိုင်တာကြောင့်၊ ဗုဒ္ဓဘာသာသူတော်စဉ်များအတွက် “ပါဠိဘာသာအလွယ်ရွတ်ဖတ်နည်း”ကို စေတနာထား၍ ရှင်းပြရေးသားလိုက်ရပါသည်။

ပါဠိဘာသာရွတ်ဖတ်နည်းလေ့လာသင်ကြားရာတွင် ပိုမိုလွယ်ကူးမှတ်သားနိုင်စေရန်အတွက် အောက် ပါလင်္ကာလေးများကို အစပိုင်းတွင် ကျက်မှတ်ထားသင့်ပါတယ်၊ နောင်အလေ့အကျင့်များလာသောအချိန်တွင် ထိုလင်္ကာများမလိုတော့တော့ပဲ သူ့အလိုအလျှောက် ရွတ်ဆိုနိုင်ပါလိပ်မည်ဖြစ်ပါတယ်။

(၁) နှစ်လုံးဆင့်မှာ၊ အထက်သာ၊ သတ်ပါမြဲဧကန်၊
============================
အထက်ပါလင်္ကာ၏ ဆိုလိုရင်းအဓိပ္ပါယ်မှာ-
အက္ခရာနှစ်လုံးဆင့်ထားသော စာပိုဒ်များကိုဖတ်သည့်အခါမှာ “အပေါ်အဆင့်မှာရှိသော အက္ခရာကို အသတ်( -် )တင်၍ ထိုအက္ခရာနှစ်လုံး၏ ရှေ့မှာရှိတဲ့ အက္ခရာနှင့် ပေါင်းစပ်၍ ဖတ်ရမည်ဟုဆိုလိုပါသည် ”

ဥပမာ။ ။ သမန္တာ =သမန်တာ

(၂) သဝေလည်းထိုး၊ တ-သတ်မျိုး၊ ဖတ်ရိုး စ-သတ်သံ ။
======================
ဆိုလိုရင်းအဓိပ္ပါယ်ကတော့-
ရှေ့ကသဝေထိုးရှိပြီး သဝေထိုး၏နောက်က တနှစ်လုံးဆင့်(တ္တ)ထားပါက တသတ်သံ (တ်)ဟုမထွက်ပဲ စသတ်သံ(စ်)ဟု အသံထွက်ရမည်။ သေ၀ထိုး(ေ-)ကိုအသံမထြက္ရ

ဥပမာ။ ။ မေတ္တာ =မစ်တာ

သေတ္တာ =သစ်တာ

(၃) သဝေလည်းထိုး၊ န-သတ်မျိုး၊ ဖတ်ရိုး င(- င်)-သတ်သံ။
=============================
အဓိပ္ပါယ်မှာ-
ရှေ့ကသဝေထိုး (ေ -) ရှိပြီး၊ သဝေထိုးနောက်က နှစ်လုံးဆင့်အက္ခရာတွင် အပေါ်အက္ခရာသည် နငယ် ဖြစ်နေပါက နသတ်(-န်)ဟုအရှိအတိုင်းအသံမထွက်ပဲ၊ င-သတ်သံ (- င်) ဖြင့် အသံထွက်ရမည်။

ဥပမာ။ ။ ပူရေနံ္တ = ပူရင်တံ

(၄) သဝေရေးချ၊ သတ်မြင်က၊ မှတ်ကြ၀ဆွဲသံ။
=========================
ထိုဆောင်ပုဒ်လင်္ကာ၏ အဓိပ္ပါယ်ကတော့-
ရှေ့တွင်သဝေထိုး (ေ-)နှင့် ရေးချ (-ါ) ရှိပြီး၊ နောက်အက္ခရာနှစ်လုံးထပ် ကို ပေါင်းဖတ်ရာတွင် ၊သဝေထိုးရေးချကို (ေ-ါ ) ၀ဆွဲသံ (-ွ ) (တနည်း) သြ- သံဖြင့်ဖတ်ရသည်။

ဥပမာ။ ။ ဟောန္တု = ဟွန်တု

(၅) ဟထိုးဝဆွဲ ၊ ရရစ်-ယပင်း ၊တွေ့တုံလျှင်းက ၊ နှစ်ဝတာဝန် ၊ကျေပွန်ဝေရန် ၊အသံ အသတ်ယူမြဲမှတ်။
==============================

ဆိုလိုရင်းအဓိပ္ပါယ်မှာ-
ဟထိုး (-ှ) ၀ဆွဲ (-ွ) နှင့်၊ ရရစ် (ြ - ) ယပင့် ( -ျ )များနှင့်တွဲထားပါက ထိုအက္ခရာတို့သည် ဆိုင်ရာအသတ် (-င်၊ -န်၊-မ်၊စသည်) တာဝန်ကိုလည်းယူရပြီး ၊ မူလအက္ခရာ၏အသံကိုလည်းထွက်ပေးရသည်။ ထို့ကြောင့် အထက်ပါကဲ့သို့သော ပုဒ်အ္ခရာတို့သည် တာဝန်နှစ်ရပ် ဖြင့် အသံထွက်ရလေ၏။

ဥပမာ။ ။ အမှ =အမ်မှ

သကျ = သကျ

စကြာ = စက်ကြာ

ကတွာ = ကတ်တွာ

အထက်ဖော်ပါပါ ပါဋ္ဌိဘာသာအလွယ်ဖတ်နည်းကို ကျနစွာနာလည်တတ်ကျွမ်းထားပါက ဗုဒ္ဓမြတ်စွာ၏ ဒေသနာ တော်များ မူရင်းပါဠိဘာသာဖြင့် ရွတ်ဆိုပူဇော်နိုင်မည်ဖြစ်ပါသည်။ ပါဠိဘာသာသည် ကျယ်ပြန့်နက်နဲ့ သည့်အေ လျှာက် ယခုနည်းမျှဖြင့် ပညာရှင်တစ်ယောက်ကဲ့သို့တော့ တတ်ကျွမ်းလိပ်မည်မဟုတ်ပါ၊ သို့သော် ဒေသနာ တော်များအား ပုဒ်၊ပါဠ်၊အက္ခရာ၊အသံနေအသံထားမှန်ကန်စွာဖြင့် ရွတ်ဖတ်ပူဇော်နိုင်ပါလိပ်မည်။ ထို့ကြောင့် အထက်ပါ ပါဠိဘာသာအလွယ်ရွတ်ဖတ်နည်းအတိုင်း လေ့လာသင်ယူကြပြီး၊ မြတ်ဗုဒ္ဓ ၏ဒေသနာတော်မြတ်တို့အား ပါဠိတော်မူရင်းဖြင့် ပူဇော်သဒ္ဒါပွားကုသိုလ်တော်ယူနိုင်ကြပါစေဟု ပတ္ထနာတောင်ဆုပြုလိုက်ရပါသည်။

{မိမိအကျိုး၊သူတပါး၏အကျိုး၊ သည်ပိုးနိုင်သည့်၊ တန်ဖိုးရှိ၊တန်ဖိုးမြင့်၊ပုဂ္ဂိုလ်များဖြစ်ကြပါစေ။}

ဓမ္မ၀ီရ အရှင်တေဇနိယ

ဗုဒ္ဓဂယာ၊အိန္ဒိယ

http://www.ashintejaniya.com/

No comments:

Post a Comment