Saturday, December 28, 2013

"၉၆၉-လှုပ်ရှားမှုသာ အမျိုးဘာသာ သာသနာကို ကာကွယ်နိုင်မည်”

မြန်မာနိုင်ငံရဲ့ ထေရဝါဒ ဗုဒ္ဓဘာသာ အဓွန့်ရှည်ဖို့ ၉၆၉-ဆိုတာ ဖြစ်လာတာပါ။ မိမိအိမ်မှာ၊ မိမိဆိုင်မှာ၊ မိမိကားမှာ၊ မိမိရုံးမှာ ၉၆၉ တံဆိပ်ကို ရဲရဲကပ်ပြီး မိမိတို့ဟာ အမျိုး-ဘာသာ-သာသနာကို စောင့်ရှောက်သူတွေဖြစ်ကြောင်း ရဲရဲဝံ့ဝံ့ခံယူကြပါ။ မြန်မာနိုင်ငံမှာ ၉၆၉ လှုပ်ရှားမှု ပေါ်ပေါက်ခဲ့တယ်။ ဒါကို မာဂျေ လုံးဝထောက်ခံတယ်။ ဘာလို့လဲဆိုတော့ ၉၆၉ ဆိုတာ ဘုရားဂုဏ်တော်ကိုးပါး၊ တရားဂုဏ်တော်ခြောက်ပါး၊ သံဃာ့ဂုဏ်တော်ကိုးပါး ရည်ညွှန်းတာဖြစ်တယ်။ သားဖြစ်သူက “အဖေ ၉၆၉ ဆိုတာဘာလဲ”လို့ မေးကတည်းက ၉၆၉ လှုပ်ရှားမှု အောင်မြင်သွားပြီဆိုတာ မာဂျေ သိလိုက်တယ်။ ၉၆၉ လှုပ်ရှားမှုဟာ သူများဘာသာကို တိုက်ခိုက်ဖို့မဟုတ်ဘဲ မိမိဘာသာ၊ သာသနာနဲ့ မိမိအမျိုးကို ကာကွယ်ဖို့သာ ဖြစ်တယ်။ ၉၆၉ လှုပ်ရှားမှုဟာ သူများဘာသာကို တိုက်ခိုက်တာမဟုတ်ဘူး။

မိမိအမျိုးကို ချစ်ဖို့၊ မိမိဘာသာကို စောင့်ရှောက်ဖို့ မိမိအမျိုးသား စီးပွားရေးကို အားပေးဖို့ဆိုတဲ့ ဝံသာနုရက္ခိတတရားပဲ ဖြစ်တယ်။ ဒါပေမဲ့ ၉၆၉ လှုပ်ရှားမှု ကြီးထွားလာမှာစိုးလို့ ပြည်ပက ဒေါ်လာစား မီဒီယာတွေကလည်း ၉၆၉ဟာ နာဇီလက်သစ်ဝါဒဖြစ်တယ်လို့ စွပ်စွဲလာကြတယ်။ အဲဒီစွပ်စွဲချက်ကို မာဂျေ လုံးဝရှုတ်ချတယ်။ ပြည်တွင်းမီဒီယာတွေကလည်း ကောလာဟာလတွေ ထုတ်လွှင့်လာကြတယ်။ အိမ်မှာ သားဖြစ်သူက သူ့ရဲ့ကားမှာ ၉၆၉ စတစ်ကာကပ်တာကို အမေလုပ်သူက ခွာပစ်တယ်။

အကြောင်းပြတာကတော့ “နင် အဖမ်း ခံရလိမ့်မယ်”တဲ့။ တစ်ချိန်တည်းမှာ ၉၆၉ စတစ်ကာဝေတဲ့ လူငယ်တစ်ယောက်ကို လူမျိုးခြားတွေက ဓားနဲ့ထိုးတယ် ဆိုတဲ့သတင်းတွေ ထွက်လာတယ်။ ၉၆၉ စတစ်ကာ ရိုက်ပေးတဲ့စက်ကို ဘာသာခြားတွေက ခြိမ်းခြောက်လို့ နောက်ထပ်မရိုက်ရဲပါဘူး ဆိုတဲ့သတင်းတွေ ထွက်လာတယ်။ ဒါဟာ ၉၆၉ လှုပ်ရှားမှုကို ဘာသာခြားတွေ ဘယ်လောက်ကြောက်တယ်ဆိုတာ ပြတာပဲ။ သူတို့ဆိုင်တွေ အားလုံးမှာ သူတို့ဘာသာ အမှတ်တံဆိပ် ကပ်ရဲချိန်မှာ မာဂျေတို့က ဘာလို့ ၉၆၉ စတစ်ကာ မကပ်ရဲရမှာလဲ။ သီတဂူဆရာတော်ကြီးကိုယ်တိုင် အတိအလင်း မြွတ်ကြားထားတာရှိတယ်။ အိမ်ရှင်ရဲ့ဘာသာကို ဧည့်သည်က မစော်ကားရဘူး။ လေးစားရမယ်ဆိုတာ။ ၉၆၉ စတစ်ကာဝေလို့ ဖုန်းဆက်ခြိမ်းခြောက်ရင် ဆက်သွယ်ရေးကို တိုင်လို့ရပါတယ်။ ဆက်သွယ်ရေးမှာ ဘယ်ဖုန်းကနေ ဘယ်ဖုန်းကို ဘယ်အချိန်မှာ ဘာပြောတယ်ဆိုတဲ့ အထောက်ထားနဲ့ အသံခွေတွေ ရှိပါတယ်။ အရေးယူလို့ ရပါတယ်။

အခုတော့ ကိုယ့်တိုင်ပြည်မှာနေပြီး ကိုယ့်ဘာသာရဲ့ အမှတ်တံဆိပ် ၉၆၉ တောင် မကပ်ရဲကြရအောင် သတ္တိတွေ နည်းနေကြပြီလား။ သင်္ကြန်းအတွင်း မာဂျေ ခရီးထွက်စဉ်က မြေလတ်မြို့ တစ်မြို့မှာ ၉၆၉ ရေးကစားမဏ္ဍပ်တောင် တွေ့ခဲ့တယ်။ အလွန်ပီတိ ဖြစ်စရာ ကောင်းပါတယ်။ ကိုယ်တွေ့တစ်ခု ပြောပြချင်တယ်။ အတန်တန်တားနေတဲ့ကြားက တပည့်မတစ်ဦး ဘာသာခြားနဲ့ကြိုက်တယ်။ တစ်ရုံးလုံး ပုဂံကို ဘုရားဖူးသွားချိန်မှာ ဘုရားဖူးသွားရမလားဆိုပြီး တစ်ချိန်လုံး ဘာသာခြားက ဖုန်းဆက်နှောက်ယှက်တယ်။ ဘာလို့နှောက်ယှက်သလဲဆိုတော့ သူနဲ့ကြိုက်နေလျက်နဲ့ ဘုရားဖူးလို့တဲ့။ တပည့်မမှာ ဘုရားသာဖူးနေရတယ်။ ဟိုက တစ်ချိန်လုံး နှောက်ယှက်နေလို့ မျက်ရည်နဲ့မျက်ခွက်။ ဘယ်လိုလုပ် ကုသိုလ်ရတော့မှာလဲ။ ကဲ… ဘယ်လောက်တောင် စော်ကားထားသလဲ။

ဒီလိုဖြစ်မှ တပည့်မ အမြင်မှန် ရသွားတယ်။ လူမျိုးခြား အသိုက်အဝန်းထဲ မဝင်ရသေးတာတောင် ဒီလောက်အနိုင်ကျင့်၊ ဗိုလ်ကျနေရင် တကယ်သာ အိမ်ထောင်ရက်သား ပြုခဲ့မိရင် ဒုက္ခဆိုပြီး နောက်ဆုတ်လိုက်တယ်။ မာဂျေ ရေးခဲ့ဖူးပါတယ်။ မြန်မာမလေးတွေရဲ့ ခန္ဓာကိုယ်ဟာ ဘာသာခြားတွေအတွက် လူကပြား သားဖောက်စက်တွေလို အသုံးတော် ခံနေရတာ ကြာနေပါပြီ။ တချို့ သားသမီးတွေ (အထူးသဖြင့် သမီးတွေ) ကို မိဘတွေက မနိုင်ကြဘူး။ တချို့ကတော့ သားသမီးလုပ်စာကို မှီခိုစားသောက်နေရလို့ မပြောရဲကြတာတွေ ကိုယ်တွေ့ကြုံဖူးပါတယ်။ အဲဒီလို ပါးစပ်ပိတ်ပြီး ကိုယ့်သားသမီးကို မဆုံးမရဲရင်ဖြင့် နောင်တစ်ချိန် အမျိုး-ဘာသာ-သာသနာကွယ်ရင် အဲဒီမိဘတွေမှာပါ တာဝန်ရှိပါတယ်။ လူမျိုးခြားနဲ့ ယူလိုက်တဲ့ သမီးတွေကော ဒီဘဝမှာ စိတ်ချမ်းချမ်းသာသာနေရတာကို ဘယ်မိဘများ မြင်ဖူးပါသလဲ။

မာဂျေရယ်… မင်းပြောသလို မဟုတ်ပါဘူး။ ငါတို့သမီးတွေ လူမျိုးခြား-ဘာသာခြားနဲ့ယူပြီး အေးအေးချမ်းချမ်း၊ စိတ် ချမ်းချမ်းသာသာ နေရပါတယ်ဆိုတဲ့ မိဘများရှိရင် မာဂျေ့ကို ဆက်သွယ်ဗျာ။ ပြန်ပြီး ရေးပေးမယ်။ နှစ်ဆန်းတစ်ရက်နေ့က ရွှေဒဂုံတောင်ဘက်မုဒ်ဝမှာ တောင်းရမ်းနေတဲ့ မြန်မာမိန်းမငယ်လေးတစ်ဦးကို တွေ့လိုက်ရတယ်။ ဘေးနားမှာလည်း ကလေးနှစ်ယောက်နဲ့။ ကလေးတွေက ဘာသာခြားရုပ်တွေ။ ဒါနဲ့ စိတ်ဝင်စားပြီး ကားရပ်၊ အလှူငွေနှစ်ရာပေးပြီး “ဒါ နင့်ကလေးတွေလား” မေးကြည့်တော့ “ဟုတ်တယ်”တဲ့။ “နင်က မြန်မာ။ နင်မွေးထားတာလေးတွေက လူမျိုးခြားရုပ်တွေပါလား။ နင့်ယောက်ျားက နင် ဒီလိုတောင်းတာ ခွင့်ပြုသလား”မေးတော့ ကလေးနှစ်ယောက်ရအပြီး သူ့ကို ကလေးတွေနဲ့ ထားခဲ့ပြီး ပစ်သွားလို့တဲ့။ နောက်ဆုံးတော့ ဘာသာခြားယူမိတဲ့ မိန်းကလေးဟာ သူတောင်းစားဘဝ ရောက်ရတော့တာပဲ။ အဲဒီမိန်းကလေးရဲ့ မိဘသာရှိခဲ့ရင် ဒီလိုတောင်းရမ်း စားသောက်ရတာကိုသာ မြင်ခဲ့ရင် ဘယ်လိုခံစားရမလဲ။ မိဘတွေ သတိကြပ်ကြပ်ပြုကြပါ။

မီးဆိုတာ မလောင်ခင် တားရသတဲ့။ ဖြစ်ပြီးမှ သမီးလည်း ဒုက္ခရောက်၊ မိဘတွေလည်း စိတ်ဆင်းရဲရရင် အားလုံး ရှုံးတာပါပဲ။ မြန်မာလူမျိုးတွေကိုလည်း သတိပေးချင်ပါတယ်။ ကိုယ့်အမျိုး- ဘာသာ- သာသနာအရေးကို ကာကွယ်ဖို့ အရေးမှာ မကြောက်ကြပါနဲ့။ ကိုယ့်ဘာသာက သူများဘာသာကို စော်ကားတဲ့ဘာသာမှ မဟုတ်တာ။ ကိုယ့်အထဲက ပဲ့ပါမသွားအောင်သာ ကာကွယ်တဲ့ဘာသာ ဖြစ်ပါတယ်။ တစ်နည်းပြောရရင် မြန်မာနိုင်ငံရဲ့ ထေရဝါဒ ဗုဒ္ဓဘာသာအဓွန့်ရှည်ဖို့ ၉၆၉ ဆိုတာ ဖြစ်လာတာပါ။ မိမိအိမ်မှာ၊ မိမိဆိုင်မှာ၊ မိမိကားမှာ၊ မိမိရုံးမှာ ၉၆၉ တံဆိပ်ကို ရဲရဲကပ်ပြီး မိမိတို့ဟာ အမျိုး-ဘာသာ-သာသာနာကို စောင့်ရှောက်သူတွေ ဖြစ်ကြောင်း ရဲရဲဝံ့ဝံ့ ခံယူကြပါ။ ၉၆၉ လှုပ်ရှားမှုဟာ ကောက်ရိုးမီးလို ဟုန်းခနဲထပြီး ဟုန်းခနဲပျောက်သွားတာ မဖြစ်စေလိုပါဘူး။ တကယ်တော့ အမျိုး-ဘာသာ-သာသနာ ရေရှည်တည်တံ့ဖို့ နိုင်ငံရေးပါတီတွေလည်း မစွမ်းနိုင်ပါဘူး။ တပ်မတော်လည်း မလုပ်နိုင်ပါဘူး။ ပြည်သူတစ်ရပ်လုံးရဲ့ ဝံသာနုရက္ခိတ စိတ်ကသာ လုပ်နိုင်၊ ကာကွယ်နိုင်မှာမို့လို့ ၉၆၉ လှုပ်ရှားမှုမှာ ပြည်သူအားလုံး ဝိုင်းဝန်းပါဝင်သင့်ကြောင်း ဒီနေရာကနေ နှိုးဆော် လိုက်ရပါတယ်ခင်ဗျာ။ ။

မာဂျေ
“ထေရဝါဒ မော်ကွန်းဂျာနယ်

Friday, December 13, 2013

“ဘာသာခြားတို့နဲ့ပစ်မှတ် အမျိုးသားရေး သစ္စာဖောက်တို့ရဲ့ပစ်မှတ် အရှင်ဝီရသူ”မောင်သွေးချွန်


မဟာထောင်ချောက်ထဲမှာ မဲဆန္ဒရှင်တွေကို ကန်ထုတ်ခဲ့တာ ဘယ်သူလဲ။ နိဂုံးပိုင်းကို ဆက်ရေးဖို့ပါပဲ။ 4.12.2013 ထုတ် မြန်မာပို့စ်ဂျာနယ်မှာ စည်သူအောင်မြင့်ရေးတဲ့ “ဒုတိယပစ်မှတ် ဒေါ်အောင်ဆန်းစုကြည်” ဆိုတဲ့ဆောင်းပါးကို ဖတ်မိရာက။ ထုံးစံအတိုင်း တုန့်ပြန်ရေးသားဖို့ ဖြစ်လာပါတယ်။ စည်သူအောင်မြင့်က ဆရာတော်အရှင်ဝီရသူကကို ပစ်မှတ်ထားပြီး အမျိုးဘာသာ သာသနာဆိုင်ရာ လှုပ်ရှားမှုတွေအပေါ် စော်ကား ပုတ်ခက်လာတာတွေ တွေ့ရပါတယ်။ စည်သူအောင်မြင့်က ဆရာတော်ဦးဝီရသူရဲ့ တရားပွဲတွေထဲက အကြောင်းအရာများအပေါ် တိုက်ခိုက်လာခြင်းဖြစ်ပါတယ်။

ဆရာတော်က “စောင့်လေမျိုးနွယ်” နဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ဥပမာပေး ဟောယုံသာမက ဒေါ်စုသမ္မတဖြစ်သွားမယ်ဆိုလို့ရှိရင် တိုင်းပြည်အုပ်ချုပ် ရေးက ဒီထက်ပိုပြီး ဖရိုဖရဲဖြစ်သွားနိုင်တယ်။ ပြီးတော့ လူမျိုးရေး ဘာသာရေး အဓိကရုဏ်းတွေ ဒိထက်ပိုပြီး ကြီးထွားလာနိုင်တယ်။ ဒေါ်စုအပေါ် မကျေနပ်ချက်တွေနဲ့ ပြည်သူလူထုတွေက အုံကြွဆူပူမှုတွေ ပြန်ဖြစ်နိုင် တယ်ဆိုပြီးလည်း ရဲရဲတင်းတင်း မိန့်ကြားလိုက်ပါသေးတယ် လို့ စည်သူအောင်မြင့်က ဆိုပါတယ်။
ဆရာတော်အရှင်ဝီရသူဟောတာ ဟုတ်မဟုတ် “သမိုင်းက အဖြေပေးသွားပါလိမ့်မယ်” လို့ပဲ အနှစ် ချုပ်ပြီး ပြောချင်ပါတယ်။

ဒေါ်စု သမ္မတဖြစ်ဖို့ဆိုတာကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်မပြင်နဲ့ သက်ဆိုင် နေပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ အားနည်းချက်တွေရှိမှန်းသိရက်နဲ့ ဒေါ်စုကိုယ်တိုင် ကြားဖြတ် ရွေးကောက်ပွဲဝင်ခဲ့တာဟာလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ကို အသိအမှတ်ပြုရာ ရောက်ခဲ့ပါတယ်။ လွှတ်တော်ထဲ ဒေါ်စုရောက်သွားတော့လည်း နိုင်ငံတော်ကြီးဟာ ထူးထူးခြားခြား သိသိသာသာ ပြောင်းလဲတိုး တက်လာခြင်း မရှိခဲ့ပါဘူး။ လက်ပံတောင်းတောင်မှာ မြေနိမ့်ရာ လှန်စိုက်ခဲ့တာ ဒေါ်စုပဲမဟုတ်ပါလား။ လယ်တီ ဆရာတော်ဘုရားကြီးရဲ့ သိမ် ဘုရားတွေ ဖယ်ရှားပစ်ဖို့ တိုက်တွန်းခဲ့တဲ့ဒေါ်စုဟာ အဲဒီအချိန်ကစပြီး သြဇာအာ ဏာတွေ ကျဆင်းခဲ့ရရှာတယ်။ စစ်တပ်ဦးပိုင်ကို မျက်နှာလုပ်ပြီး လက်ပံတောင်းတောင်ကြီးနဲ့ ပြည်သူ့ဘဝတွေ ကို ထိုးကျွေးခဲ့တဲ့ ဒေါ်စုဟာ ဒီနေ့ စစ်တပ်ရဲ့အခန်းကဏ္ဍကို ဝေဖန်ပြောဆိုလာရင်း ဖွဲ့စည်းပုံပြင်ရေးအဆိုကို သမ္မတလုပ်ချင်တဲ့ ရည်ရွယ်ချက်နဲ့ ကြိုးစားနေတာ ဖြစ်ပါတယ်။

ရခိုင်မှာ ပဋိပက္ခမီးလျှံတွေ တောက်လောင်လာတော့ သမိုင်းရေးအမြင် မကြည်လင်တဲ့ ဒေါ်အောင် ဆန်းစုကြည်ဟာ ဘင်္ဂါလီတွေဘက်က ရပ်တည်ပြောဆိုခဲ့ပါတယ်။ 1982 နိုင်ငံသားဥပဒေ ပြင်းရေးဆိုတာလည်း ဒေါ်စုရဲ့ ဘင်္ဂါလီတွေဘက်က ရပ်တည်ချက်ပဲ ဖြစ်ပါတယ်။ အခုနောက်ပိုင်း အမျိုးဘာသာ သာသနာ လှုပ်ရှားမှု တွေ တစ်ပြည်လုံး သိမ့်သိမ့်တုန်အောင် ကြည်ထွားလာမှ လေသံပြောင်းသွားတာဖြစ်ပါတယ်။ ဒါလည်း မဲမရမှာ ကြောက်လို့ ပရိယယ်နဲ့ လေသံပြောင်းသွားတာလားဆိုတာ သံသယဝင်နိုင်ပါတယ်။

အမျိုးဘာသာ သာသနာဆိုင်ရာ လှုပ်ရှားမှုတွေကို ရိုးရိုးသားသား အားပေးပါဝင်လာသူတွေကို ဘယ်သူ့ ကိုမဆို ကျွန်တော်တို့ လေးလေးစားစား ကြိုဆိုပါတယ်။
အမျိုးဘာသာ သာသနာအပေါ်မှာ တန်ဖိုးမထားတဲ့သူ ဘယ်သူပဲဖြစ်ဖြစ် အာဏာရသွားရင် ဆရာတော် အရှင်ဝီရသူ ပြောကြားသလို ပဋိပက္ခနဲ့ အဓိကရုဏ်းတွေ ပိုပြီး ကြီးထွားလာနိုင်ပါတယ်။ ဘင်္ဂါလီနဲ့ ဘာသာခြား တွေဘက်က ရပ်တည်ခဲ့တဲ့ အစဉ်အလာရှိသူတွေ တိုင်းပြည်နဲ့ လူမျိုးအပေါ်မှာ လိပ်ပြာသန့်ရဲ့လားဆိုတာ ကိုယ့်ကိုကိုယ် မေးခွန်းထုတ် ဖြေပေးရပါလိမ့်မယ်။

စည်သူအောင်မြင့်က ရခိုင်ပြဿနာတွေ ပြည်မထဲ ဆွဲသွင်းလာတယ်လို့ ဆိုပါတယ်။ ရခိုင်(ပြည်နယ်) ရယ် ပြည်မရယ် ခွဲခြားပြောဆို နေတာတွေက စည်သူအောင်မြင့်မှာ ဖက်ဒရယ် ပြည်ထောင်စု စိတ်ဓာတ် မရှိ တာကို ပြဆိုနေပါတယ်။ လက်သည်းဆိတ်ရင် လက်ထိပ်နာရမှာဘဲ။ ရခိုင်ကိုထိပါးတာလည်း နိုင်ငံတော်ကို စော်ကားတာနဲ့ အတူတူပါပဲ။ အထူးသဖြင့် ဗုဒ္ဓဘာသာကို ထိပါးလာခြင်းဟာ အဓိကစိန်ခေါ်မှုကြီး ဖြစ်ပါတယ်။

ရခိုင်ဟာ အထီးကျန် သင်းကွဲဒေသ မဟုတ်ဘူး။ ဗုဒ္ဓဘာသာဆိုတဲ့ သွေးချင်း ဆက်နေတယ်ဆိုတာ မိတ္ထီလာ၊ ဇီးကုန်း၊ နတ်တလင်း၊ ကန့်ဘလူစတဲ့ ဒေသများက ပြလိုက်တာဖြစ်ပါတယ်။ ပြဿနာတွေ အဓိကရုဏ်းတွေ ဖြစ်ပေါ်လာတာ အမျိုးသားရေးသစ္စဖောက်တွေရဲ့ ဇာတိရုပ်က ဘူးပေါ်သလို ပေါ်လာမြဲ ဖြစ်ပါတယ်။ အဓိကရုဏ်းတွေ ပဋိပက္ခတွေမှာ ဘယ်သူတွေ ဘယ်သူ့ဘက်က ရပ်တည်ပြောဆို လှုပ်ရှားခဲ့တယ် ဆိုတာ မီဒီယာတွေက သက်သေခံခဲ့ပြီး ဖြစ်ပါတယ်။

ဘာသာခြားတွေဘက်က ရပ်တည်ပေးရုံမျှမကဘဲ သံဃာတော်များကို ပြစ်မှားစော်ကားခဲ့တာတွေ သက်သေအထောက်အထား ခိုင်ခိုင်လုံလုံရှိနေပါတယ်။
“တစ်ခုခုပြောလိုက်တာနဲ့ ဘာသာခြားဘက်လိုက်တယ်ဆိုတဲ့ တံဆိပ်ကြီးကပ်ပြီး ပြည်သူကို လိမ်ညာ စည်းရုံး မှိုင်းတိုက်ကြပါတော့တယ်” လို့ စည်သူအောင်မြင့်က ရေးပါတယ်။
ပြည်သူကို လိမ်ညာစည်းရုံးတယ်ဆိုတာလည်း သံဃာတော်များကို ပြစ်မှားစော်ကားလိုက်တာပါဘဲ။ ဒီနေ့ အမျိုးဘာသာ သာသနာဘက်က ခုခံပြောဆိုပြီး ဘာသာခြားတွေရဲ့ ယုတ်ညံ့တဲ့လုပ်ရပ်နဲ့ အန္တရာယ်တွေ ကို ဖြောင့်ဖြောင့်မှန်မှန် ဟောပြောညွှန်ပြနေတာ သံဃာတော်တွေက အများစုပါ။ ဘယ်နေရာမှာ ဘယ်လို လိမ်ညာစည်းရုံးတယ်ဆိုတာ စည်သူအောင်မြင့်အနေနဲ့ အချက်အလက်နဲ့တကွ သက်သေထူပြဖို့ လိုပေလိမ့် မယ်။

သက်သေမခိုင်လုံဘဲ ယမ်းပြောနေတာမျိုးကတော့ အရက်သမား ဝူးဝူးဝါးဝါး ပြောဆိုရမ်းကားနေပုံမျိုးဘဲ ဖြစ်လိမ့်မယ်။
စည်သူအောင်မြင့်ဟာ တော်ဝင်နှင်းဆီ ဦးစိုးညွန့်တို့လိုဘဲ သံဃာတော်များရဲ့ အခန်းကဏ္ဍနဲ့ အစဉ် အလာကို နားမလည်ဘဲ တတ်ယောင်ကားလုပ်ပြီး စကားကျွံလာတာတွေကိုပါ တွေ့ရပါတယ်။

“တကယ်တော့ ဆရာတော် သံဃာတော်တွေဟာ တရားရေအေး အမြိုက်ဆေး တိုက်ကျွေးရတယ်ဆို တာဟာ မြတ်ဗုဒ္ဓ ဟောကြားတော်မူခဲ့တဲ့ သုဿန်ပဋကတ်တွေကို ကိုးကားပြီး ဟောကြားရတာပါ” တဲ့။
ဗုဒ္ဓဝါဒ ဗုဒ္ဓလမ်းစဉ်ကို စည်သူအောင်မြင့် ဘယ်လောက်ထိ နားလည်လို့လဲ(တကယ်တော့ နားမလည်ရင် ပြောခွင့်မရှိဘူး။ ဥပမာ ရွှေအကြောင်းနားမလည်ဘဲ ရွှေအကြောင်း ဝင်ပြောတာမျိုး၊ ရွှေခွက်ကို ပဲဝက်တောင်မတန်ဘူးလို့ ဒေဝဒတ်လောင်း ရွဲကုန်သည် ပြောပုံမျိုးပေါ့။ သို့မဟုတ် အနူလက်နဲ့ ရွှေခွက်ကို ဝင် နှိုက်ပုံမျိုးပေါ့)။

မြတ်ဗုဒ္ဓလမ်းစဉ်မှာ လောကတ္ထစရိယဆိုတာ လောကအကျိုး သယ်ပိုးတာပဲ။ ဥာတတ္ထစရိယဆိုတာ အမျိုးသားရေး ဆောင်ရွက်တာဘဲ။ မြတ်စွာဘုရားက နိဗ္ဗာန်ရောက်ကြောင်းတရားချည်း ဟောခဲ့တာ မဟုတ်ဘူး လူမှုရေး၊ အိမ်ထောင်ရေးကအစ ဟောခဲ့တာ။ မင်္ဂလသုတ်နှင့် သိင်္ဂါလောဝါဒသုတ်တွေကိုကြည့်။ အမျိုးသား ရေးဟောခဲ့တာတွေကတော့ ၅၅၀ ဇာတ်တော်တွေ အများကြီးပဲ။ ဒီနေ့ သံဃာတော်များဟာ ဗုဒ္ဓလမ်းစဉ်အတိုင်း အမျိုသားရေးကို အဓိကထား ဟောကြားနေတာ အမျိုးဘာသာ သာသနာကို ထိပါးစော်ကားလာတဲ့ ဘာသာခြားတွေရဲ့ အန္တရာယ်ကြောင်ပဲ ဖြစ်ပါတယ်။

သမိုင်းခေတ်အဆက်ဆက်မှာ သံဃာတော်တွေဟာ အမျိုးဘာသာ သာသနာဘက်က ရှေ့ထွက်ပြီး ကာကွယ်စောင့်ရှောက်ဟောပြော လှုပ်ရှားဆောင်ရွက်ခဲ့ကြတယ်။ အမျိုးဘာသာ သာသနာအတွက် အသက်ကို ပင် စွန့်လှူသွားတဲ့ သံဃာတော်တွေ အများကြီးပါ။ ဘာသာခြားတို့ရဲ့ အန္တရာယ်ကို ဖော်ထုတ်ဟောကြားတာ အမုန်းတရားကို ယူဆောင်လာခြင်း မဟုတ်ပါဘူး။ တိုင်းမ် မဂ္ဂဇင်းက ဗုဒ္ဓဘာသာနဲ့ အရှင်ဝီရသူအပေါ် ထိပါးစော်ကား ရေးသားခဲ့လေသမျှ သီတဂူဆရာတော်ကြီးကိုယ်တိုင် ခုခံချေပ ပြောဆိုရုံမက တိုင်းမ် မဂ္ဂဇင်းရဲ့ ဆောင်းပါးရှင်ကို နှစ်ပြားမတန်အောင် ရှုတ်ချပြောဆိုခဲ့ခြင်းဟာ အမုန်းတရားတွေ ဟောကြားခဲ့ခြင်းမဟုတ်ဘဲ အမှန်တရားကိုသာ ဟောကြားခဲ့ခြင်း ဖြစ်ပါပေတယ်။

ဒီနေ့ အရှင်ဝီရသူ ဟောနေပုံဟာ ယခင် စစ်အာဏာရှင်တွေရဲ့ ပုံစံအတိုင်းပဲလို့ စည်သူအောင်မြင့်က စွပ်စွဲပါတယ်။ အရှင်ဝီရသူဟောနေတာ အမျိုးသားရေးတရားပါ။ အဟောကောင်းလို့ဘဲ စစ်အာဏာရှင်တွေက အရှင်ဝီရသူကို နှစ်ရှည်ထောင်ဒဏ် ချခဲ့တယ်မဟုတ်ပါလား။ စစ်အာဏာရှင်တွေက သူတို့ကိုယ်ကျိုးအတွက် အမျိုးသားရေးကို ခုတုံးလုပ်တာပါ။ အရှင်ဝီရသူက ဘာသာခြားတွေ ဝါးမျိုလွှမ်းမိုးမှုအောင်က တစ်မျိုးသားလုံး လွတ်မြောက်အောင်(အခုမှမဟုတ်) ဟိုး……..လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကတည်းက ဟောကြားခဲ့တာပါ။ အနှစ်သာရခြင်း လုံးဝမတူ ကွဲပြားပါတယ်။

စည်သူအောင်မြင့်က “ရဟန်းတွေ နိုင်ငံရေးနဲ့ဆိုင်တဲ့ ဟောသင့် မသင့် ပြဿနာဖြစ်ပါတယ်။ ဒါကိုတော့ ဆရာတော် သံဃာတော်တွေ စဉ်းစားသုံးသပ်ကြဖို့ လိုနေပါပြီ” လို့ ရေးပါတယ်။ နိုင်ငံရေးဆိုတာ နိုင်ငံသားအားလုံးနဲ့ဆိုင်တယ်လို့ ဒေါ်စုကိုယ်တိုင် အကြိမ်ကြိမ်ပြောနေတာပါပဲ။ နိုင်ငံသားအားလုံးနဲ့ဆိုင်တဲ့ အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးတရားတော်တွေကို သံဃာတော်များက ဆက်ဟောနေရပေလိမ့်မယ် ကျွန်စော်နံတဲ့ အမျိုးသားရေးသစ္စာဖောက်တွေကိုလည်း ဆက်ပြီး ဖော်ထုတ်ဟောကြားနေရပေဦးမယ်။

ဒါဟာ ဗုဒ္ဓဘုရားရှင်ရဲ့ အလိုကျ စရိယသုံးပါးကို ဖြည့်ကျင့်နေတာဖြစ်ပါတယ်။
ဘာသာခြား လူမျိုးခြားတွေရဲ့ အမျိုးဘာသာ သာသနာကို ဖျက်ဆီးမဲ့ဘေးရန်က လုံးဝကင်းရှင်းသွားပြီ ဆိုရင်တော့ နိဗ္ဗာန်ရောက်ကြောင်းတရားတွေ ပုံမှန်အတိုင်း ဟောကြားသွားမှာဖြစ်လို့ စည်သူအောင်မြင့်ကို တရားနာကြွခဲ့ဖို့ ကြိုတင်ဖိတ်ခေါ်လိုက်ရကြောင်းပါဗျာ။

မောင်သွေးချွန်။

အတွဲ(၁) အမှတ်(၁၁) 17.12.2013 ရက်အင်္ဂါနေ့ထုတ် သာကီသွေးဂျာနယ်မှ မောင်သွေးချွန်၏ ဆောင်းပါး အား ကူးယူဖော်ပြသည်။

Tuesday, November 19, 2013

"ဆွမ်းတော်ချက်စဉ်'အပေါ့-အငန်' မြည်းကောင်းသလား ...? နှင့် ဗိမ္မိသာရမင်းကြီး၏ ဆွေမျိုးဟောင်းများ ပြိတ္တာဖြစ်ရခြင်းအကြောင်း"



“ဘုရားရှင်နှင့် သံဃာတော်တွေကိုဆွမ်းကပ်ဖို့ ဆွမ်းတော်ချက်နေရင် တပည့်တော်ဘယ်တော့မှ အပေါ့အငန်မမြည်းရဲဘူး၊ဗိမ္မိသာရမင်းကြီးရဲ့ဆွေမျိုးပြိတ္တာတွေလိုဖြစ်မှာစိုးလို့ဘုရား၊ တပည့်တော်တို့ ဆွမ်းတော်ချက်နေတုန်း အပေါ့အငန်မြည်းကောင်းပါသလားဘုရား” လွန်ခဲ့သောတပါတ်ခန့်က ဒကာ မကြီးတဦးမှ မိမိအားလျှောက်ထားမေးမြန်းထားတာလေးပါ။

ထိုဒကာမကြီးသည် သူကိုယ်တိုင်ဗုဒ္ဓတ ရားတော်များအား မိရိုးဖလာဗုဒ္ဓဘာသာထက်ကျော်လွန်ကာ ပညာပါသည့် အယူစင်ကြယ်သည့်ထေရ၀ါဒီ ဗုဒ္ဓဘာသာဝင်အ ဖြစ်ကျကျနနလေ့လာလိုက်စားနေရုံမကပဲ လက်လှမ်းမီရာသူငယ်ချင်း၊မိတ်ဆွေတို့အား တစ်ပိုင်တစ်နို င်ဗုဒ္ဓတရားတော်မြတ်တို့၏ အနှစ်သာရတို့အား ဟောပြလမ်းညွှန်ပေးနေသော သာသနာပြု ဒကာမတ ဦးဖြစ်ပါတယ်။ထိုဒကာမကြီး၏ အမေးပုစ္ဆာဟာ ဗုဒ္ဓဘာာသာဝင်များအတွက်၊အထူးသဖြင့် ဆွမ်းဆက် ကပ်လှုဒါန်ကြသည့် ဒကာမများ၊ ၀ါတွင်း၊၀ါပသံဃဒါနဆွမ်းလောင်းအသင်းများမှ ဝေယျဝစ္စဒကာ၊ ဒကာမများ၊ စသည့်ဗုဒ္ဓဝေယျဝစ္စ၊သံဃဝေယျဝစ္စပြုလုပ်ကုသိုလ်တော်ယူကြသည့် ဒကာ၊ဒကာမအများ အတွက် သိသင့်၊သိထိုက်၊အကျိုးရှိသော အမေးပုစ္ဆာဖြစ်ခြင်းကြောင့် ထိုအကြောင်းကို အများသူငှာ သိထားနိုင်ရန်အတွက် ဆောင်းပါးတစ်ပုဒ်ရေးသားက ကောင်းပေမည်ဟု စဉ်းစားမိလို့ ဒီဆောင်းပါး လေးကို ရေးသားလိုက်ခြင်းဖြစ်ပါတယ်။

ဖော်ပြပါအမေး၏အဖြေကိုကိုရှင်းလင်းနားလည်သဘောပေါက်ဖို့အတွက် ဦးစွာ ဗိမ္မိသာရ ဘုရင်၏ ဆွေးမျိုးတော်စပ်ခဲ့ဖူးသည့် ပြိတ္တာများရဲ့ ပြိတ္တာဖြစ်ရခြင်းအကြောင်းရင်းကို သိထားဖို့ လိုပါတယ်။လွန်ခဲ့သော (၉၂)ကမ္ဘာထက် “ဖုသ”ဘုရားရှင်၏လက်ထက်တော်ကာလမှာ “ကာသိတိုင်း ပြည်ရှင်ဘုရင်ဇယသေနမင်းကြီးနှင့် သီရိမာမိဖုရား”တို့ဟာ “ဖုသဗုဒ္ဓဘုရားရှင်တော်မြတ်အား အလွန် ကြည်ညိုလှတာကြောင့်” ဘုရားရှင်နှင့် နောက်ပါ သံဃာတော်အရှင်သူမြတ်များ နန်းတော်သို့ဆွမ်း ဘုဉ်းပေးကြွတော်မူသည့် အခါတိုင်း တခြားသော မင်းညီမင်းသား၊ မှုးကြီးမတ်ရာ သေနာပတိတို့အား လုပ်ကျွေးကုသိုလ်ပြုခွင့်မပေးပဲ မိမိတို့ကိုယ်တိုင်သာ လုပ်ကကျွေးကုသိုလ်တော်ပြုလေ့ရှိ၏။

ဒါကြောင့် ဘုရင်ဇယသေနရဲ့ သားတော် သုံးယောက်တို့ဟာ မိမိတို့လည်း ဗုဒ္ဓမြတ်စွာနှင့် သံဃာတော်အရှင်သူ မြတ်တို့အား ဆွမ်းဆက်ကပ်ခွင့်ရရှိအောင် တိုင်ပင်ပြီး “တိုင်ပြည်၏ နယ်စွန်နယ်ဖျားတွင် သူပုန်သူကန် များထကြွသောင်းကျန်နေသယောင် ဇာတ်တိုက်လုပ်ဆောင်ကြပြီး မင်းကြီးအား ထိုသူပုန် သူကန်တို့ ကို မိမိတို့ ညီနောင်သုံးယောက်သွားရောက်တိုက်ထုတ်နှိမ်နှင်းခွင့်ပေးရန် သံတော်ဦးတင်ကြပါသည်။

မင်းကြီးက ခွင့်ပြုလေသော် မင်းသားသုံးဦးတို့သည် ကြိုတင်ဇာတ်တိုက်စီစဉ်ထားကြသည့် အတိုင်း သူပုန်သူကန်တို့အား နှိမ်နှင်အောင်မြင်၍ နေပြည်တော်သို့ပြန်လာလေသော် မင်းကြီးသည် သားတော်တို့အား ၀မ်းမြောက်လှသဖြင့် ကြိုက်ရာဆုကိုတောင်းခိုင်း၏၊ ထိုအခါ မင်းသားတို့သည် ဗုဒ္ဓမြတ်စွာနှင့် သံဃာတော်တို့အား ဆွမ်းဆက်ကပ် လှုဒါန်းလုပ်ကျွေးခွင့်ကို တောင်ဆိုပါတော့တယ်။ မင်းကြီးလည်း သားတော်တို့အား ၃-လတိတိ ဗုဒ္ဓမြတ်စွာနှင့် သံဃာတော်တို့အား ဆွမ်းဆက် ကပ်လှု ဒါန်းခွင့်အား ခွင့်ပြုလိုက်လေ၏။

မင်းသားသုံးဦးတို့လည်း ဘုရင်မင်းမြတ်၏ ခွင့်ပြုမိန့်ကို ရရှိသောအခါ မိမိတို့ အပိုင်စားရထား သည့် မြို့နယ်တွင် ဘုရားနှင် သံဃာတော်တို့အား ၀ါတွင်း သုံးလတိုင်တိုင် ဆွမ်းစသည်တို့ဖြင့် လှုဒါန်း လုပ်ကျွေးရန်အတွက် ကြိုတင်စီမံထားရန် မင်းချင်းအမတ်တဦးအားစေလွှတ်လိုက်လေ၏။ မင်းချင်း အမတ်လည်း ၀မ်းမြောက်စွာဖြင့် မြို့နယ်သို့သွားရောက်ကာ မိမိ၏ဆွေမျိုးပေါင်း တစ်သောင်းတစ်ေ ထာင်တို့ကို ဗုဒ္ဓဝေယျာဝစ္စ၊သံဃာ့ဝေယျဝစ္စအတွက် လုပ်ကိုင်စေ၍ မိမိကိုယ်တိုင်တက်ကြွစွာ ပါဝင်ကု သိုလ်ပြုလုပ်ပါတယ်။
(ထိုမင်းချင်းသည် ထိုသို့သဒ္ဒါတရားထက်သန်စွာ ဘုရားရှင်နှင့် သံဃာတော် တို့အား ဝေယျာဝစ္စကု သိုလ်ပြုလုပ်ခဲ့သော ကုသိုလ်ကြောင့် “ဂေါတမဘုရား ရှင်”၏လက်ထက် တော်တွင် သောတာပန် သာသနာပြုမင်းတပါးဖြစ်သည့်”ဗိမ္ဗိသာရ”မင်းကြီးဖြစ်လာ၏)

မင်းသားသုံးဦးတို့သည် မင်းချင်းအမတ်၏ စီစဉ်မှုကြောင့် ဘုရားရှင်နှင့် သံဃာတော်တို့ အတွ က် အစစအရာရာ အဆင်ပြေအသင့်ဖြစ်သည့်အခါတွင် မိမိတို့အပိုင်စားရသည့် မြို့နယ်သို့ ဘုရားရှင် နှင့် နောက်ပါသံဃာတော်တို့အား ပင့်တော်မူကြပြီး မိမိတို့ကိုယ်တိုင် ထိုဝါတွင်းသုံးလ လုံးလုံး ဗုဒ္ဓဝေ ယျာဝစ္စ၊သံဃာ့ဝေယျာဝစ္စပြုလုပ်ပြီး ဖန်ရည်ဆိုးအ၀တ်(ယောဂီရောင်)များဝတ်ဆင်၍ သတင်းသီလ စောင့်ထိန်းခြင်း တရားနာ၊တရားကျင့်၍ ကုသိုလ်ဖြင့်သာ နေထိုင်ကြပါတယ်။
( မင်းသားသုံးဦးနှင့် နောက်ပါ အခြံအရံတယောက်တို့သည် ထိုကောင်းမှုများကြောင့် နတ်ပြည်၊လူပြည်တွင် အဖန်ဖန် ကျင်လည်၍ ဂေါတမဘုရားလက်ထက်တော်တွင် “ကဿပ ရသေ့ညီနောင်သုံဦး”နှင့် ရသေ့တထောင်တို့ဖြစ်၍ နောင်ဘုရားရှင်နှင့်တွေ့ကာ ရဟန်ပြုပြီး အသဝေါကင်းကွာ ရဟန္တာများဖြစ်လာ၏)

မင်းသားသုံးဦး၏ ၀ါတွင်းသုံးလကြာ အလှုပွဲတော်တွင် ဆန်ရွေး၊ဆွမ်းချက်၊ စသည့် အောက် ခြေသိမ်းအလုပ်ကို လုပ်ကြသော ဇနပုဒ်သားတို့သည် ဘုရားရှင်နှင့် သံဃာတော်တို့အတွက် ချက်ထား သည့် ဆွမ်းနှင့် ဆွမ်းဟင်းတို့အား “ဆွမ်းကပ်ပြီးမှဆိုလျှင် ကောင်မွန်သည့် ဟင်းအမယ်တို့မှာ ကျန်ရှိ တော့မည်မဟုတ်ဟု ”ဆိုကာ ဆွမ်း၊ဘောဇဉ်၊ချိုချဉ်စသည်တို့အား ဘုရားရှင်နှင့် သံဃာတော်တို့အား မဆက်ကပ်ရသေခင် စားသောက်ကြပြီး မိမိတို့၏ ဇနီးမယား၊ သ္မီးသားတို့အားလည်း စားဦးစားဖျား တို့ကို ယူငင်ကျွေးကြ၏။ ထိုသို့မပြုလုပ်ရန် ဦးဆောင်သူ လူကြီးမိဘများမှ တားဆီးသည်ကို လက်မခံသည့်အပြင် ဆွမ်းချက်ဆောင်ကိုပင် မသိမသာမီးတိုက်ပစ်ကြ၏။

ထိုသို့ ဘုရားနှင့် သံဃာတော်တို့မဘုဉ်းပေးရသေးမီ စားဦးစားဖျားစားသောက်ပြီး ဆွမ်းချက် ဆောင်အား မီးတိုက်ကြသော ဇနပုဒ်သားတို့သည်။ အလွန်ကြီးမားလှသော ထိုမကောင်းမှု အကုသိုလ် ၏ အကျိုးအပြစ်ဒဏ်အနေဖြင့် ထိုဘ၀မှစုတေကွယ်လွန်ကြသော် မဟာအ၀စိငရဲတွင် ကာလအလွန် ရှည်ကြာစွာ ဆင်းရဲဒုက္ခကိုကြီးစွာခံစားကျရောက်ကြရပြီး၊ ငရဲမှ လွတ်မြောက်သောအတွင်လည်း ထိုအကုသိုလ်၏ ကံကြွင်းအပြစ်အဖြစ် စားရမဲ့သောက်ရမဲ့ ဆင်းရဲကြီးသော ပြိတ္တာများဖြစ်ကြရကုန်၏။

ထိုပြတ္တာတို့သည် ဆင်းရဲဒုက္ခကိုပြိတ္တာဘ၀ဖြင့်လည်း ကာလရှည်လျားစွာခံကြရပြီး ဤဘဒ္ဒ ကမ္ဘာတွင် ပွင့်ထွန်းတော်မူသည့် “ကဿပ”ဘုရားရှင်၏ လက်တော်တော်ကာလတွင် မိမိတို့၏ ကာလ ရှည်ကြာခံစားနေရသည့် ပြိတ္တာဆင်းရဲဘ၀မှ လွတ်မြောက်စေရန် အမျှပေးဝေမည့်သူလည်းမရှိသဖြင့် ယခုထက်တိုင် စားဦးစားဖျားစားသုံးခဲ့သည့် အကုသိုလ်အပြစ်မလွတ်မြောက်သေူကြောင်း ထိုအကု သိုလ်ဆင်းရဲမှ လွတ်မြောက်စေရန် လျှောက်ထားတောင်ပန်ကြလေ၏။

ထိုအခါကဿပဘုရားရှင်က “သင်တို့သည် ငါဘုရား၏လက်ထက်တော်ကာလတွင် အကု သိုလ်၏အပြစ်ကြီးမားမှုကြောင့် မကျွတ်မလွတ်မြောက်နိုင်သေးချေ၊ သို့ရာတွင် နောက်ပွင့်တော်မူလာ မည့်”ဂေါတမမြတ်စွာဘုရား”လက်ထက်တော်တွင် ဖုသ ဘုရားရှင်လက်ထက်တော်ကာလက သင်တို့ နှင့် ဆွေမျိုးတော်စပ်ခဲ့သော မင်းသားသုံးဦး၏ အလှုတွင်ဦးဆောင်စီစဉ်ကုသိုလ်ယူဆောင်ရွက်ခဲ့သည့် အမတ်သည် “ဗိမ္မိသာရအမည်ဖြင့် ရာဇဂြိုဟ်ပြည်”တွင် ဘုရင်ဖြစ်လိပ်မည်၊ ထိုမင်သည် သင်တို့အား ရည်စူးပြီး ဘုရားရှင်နှင့် သံဃာတော်တို့အား အလှုအတန်းပေး၍ အမျှပေးဝေလိပ်မည် ထိုအခါသင်တို့ သည် ပြိတ္တာဆင်းရဲမှ ကျွတ်လွှတ်၍ ချမ်းသားသောဘ၀ကို ရရှိလတ္တံ့”ဟုမိန့်တော်မူပါတယ်။

ပြိတ္တာတို့ လည်း မိမိတို့ခံစားနေရသည့် ငရဲဆင်းရဲ၊ပြိတ္တာဆင်းရဲမှာ လွန်စွာကြာမြင့်နေပြီဖြစ်သဖြင့်၊ “ကဿပ ဘုရားရှင်”၏ မိန့်တော်မူသည့် စကားတော်ကိုကြားရသောအခါ မနက်ဖြန်၊သဘက်ခါတွင် ပြိတ္တာ ဆင်းရဲမှ လွတ်မြောက်ကြတော့မည့်နှယ် များစွာဝမ်းမြောက်ကြလေ၏။

ဤသို့ဖြင့် “ဂေါတမမြတ်စွာဘုရား၏လက်ထက်တော်ကာလသို့ရောက်ရှိသောအခါတွင်” ဖုဿဘုရားရှင်လက်ထက်အခါက အမတ်မင်းချင်းသည် ရာဇဂြိုလ်ပြည့်ရှင် ဘုရင်ဗိမ္မိသာရဖြစ်လာ၏။ ထိုအခါ ပြိတ္တာတို့သည် မင်းကြီးသည်ငါတို့အား ရည်စူ၍ကုသိုလ်ပြုအမျှပေးဝေလိပ်မည်ဟု မျော်လင့်၍ နန်းတော်နှင့်အနီးအနားတွင် တွယ်ကပ်၍ အခွင့်အရေးကိုစောင့်မျှော်နေကြ၏။

မင်းကြီးသည် အလှုများစွာကို ပေးလှုပါသော်လည်း ပေးလှုပြီးသည့်အခါတိုင်း အမျှပေးဝေခြင်းကိုမူ မပြုလုပ်ခဲ့ပေ။ ထိုအခါပြိတ္တာတို့သည် မိမိတို့၏ဆင်းရဲဒုက္ခကိုမင်းကြီးကြားသိစေရန် ဟော်ဟစ်ငိုယိုတောင်းဆိုကြ၏။ ထိုပြိတ္တာတို့၏ ငိုယ်ုအကူညီတောင်းဆိုသံကို ကြားသောအခါမင်းကြီးသည် ထိုအသံ၏အကြောင်းကို ဂေါတမဘုရားရှင်အားလျှောက်ထားလေ၏။

ထိုအခါဘုရားရှင်၏ ပြိတ္တာတို့၏ ငိုယိုအော်ဟစ်အကူအညီတောင်းသည့်အသံဖြစ်ကြောင်းနှင့် ပြိတ္တာတို့၏ ရှေ့ဘ၀အတိတ်အကြောင်းကို မင်းကြီးအားဟောကြားတော်မူ၏။ ပြိတ္တာတို့၏ အကုသို လ်အကျိုးအပြစ်ကို အလုံးစုံသိရသောအခါ မင်းကြီးသည် ဘုရားရှင်အား “ထိုပြိတ္တာများအား ရည်စူရည် မှန်း၍ အလှုလုပ်ပြီး အမျှအတန်းပေးဝေလျှင် ကျွန်ချိန်တန်ပါပြီလား၊ ကျွန်နိုင်ပါပြီးလားဟုေ လျှာက်ထား ၏” ဘုရားရှင်က ကျွတ်လွတ်နိုင်ပြီဖြစ်သည့်အကြောင်း ဖြေကြားတော်မူသောအခါ မင်းကြီးသည် ထိုပြိ တ္တာတို့အတွက် ရည်မှန်း၍ ဘုရားရှင်နှင့် သံဃာတော်တို့အား ကြီးစွာသော ဆွမ်းအစရှိသော လှုဒါန်း ဖွယ်ရာတို့အား ဆက်ကပ်လှုဒါန်ပြီး “ကုသိုလ်အဖို့အား ငါ၏ဆွေမျိုးတော်စပ်ခဲ့ဘူးကြသည့် ပြိတ္တာများ အမျှရကြပါစေသတည်း”ဟုအမျှပေးဝေလေ၏။

မင်းကြီးအမျှပေးဝေသောခဏချင်းမှာပင် ပြိတ္တာတို့သည် နတ်ဝတ်နတ်စားနှင့် နတ်ဗိမာန် တို့ကိုရရှိသွားကြလေ၏။ ထိုအခါဘုရားရှင်သည် မင်းကြီးနှင့်တရားနားပရိဿတ်တို့အား ပြိတ္တာ တို့အမျှရကြ၍ ဘ၀ပြောင်းကာ ချမ်းသာသုခရရှိသွားကြပုံအား တန်ခိုးတော်ဖြင့် ပြတော်မူပြီး ကုသိုလ်ပြုလုပ်တဲ့အခါတိုင်း အမျှအတန်းပေးဝေကြရန် တရားတော်အား ဟောကြားတော်မူပါသည်။

ဗိမ္မိသာရမင်းကြီး၏ ဆွေမျိုးပြိတ္တာတို့သည် လူဘ၀တုန်းက ဘုရားရှင်နှင့် သံဃာ တို့မဘုဉ်းပေး ရသေခင် စားဦးစားဖျားတို့အား “တခဏတနပ်စာ ဗိုက်ဝဖို့အတွက် ဆိုးယုတ်သောဆန္ဒကို မတားဆီးပဲ စိတ်အလိုကိုလိုပ်မိပြီး စားသောက်ခဲ့ကြသည့်အတွက် အလွန်ရှည်ကြာသော ကာလများတိုင်အောင် ငရဲဆင်းရဲ၊ပြိတ္တာဆင်းရဲကို ကျရောက်ခံစားကြရခြင်းပင်ဖြစ်ပါတယ် ” ယခုခေတ်သံဃ ဒါနဆွမ်းလောင်းအသင်းများနှင့် အလှုအတန်းများတွင် ဆွမ်းချက်ကြသည့် ဒကာ၊ဒကာမတို့အတွက် ထိုပြိတ္တာတို့၏ အဖြစ်အပျက်မှာ သတိထားစရာပင်ဖြစ်ပါတယ်။

ဗိမ္မိသာရမင်းကြီး၏ အတိတ်ဘ၀ကဆွေမျိုးများငရဲကျ၊ပြိတ္တာဖြစ်ရခြင်းမှာ ဆွမ်းဟင်းချက်နေ စဉ် “အပေါ့၊အငန်”မြည်းသောကြောင့် လုံးဝမဟုတ်ပဲ ဘုရားရှင်နှင့် သံဃာတော်တို့မဘုဉ်းပေးရေ သးခင် စိတ်စေတနာဆိုးဖြင့် စားသောက်ကြသောကြောင့်သာဖြစ်ပါတယ်။ ထို့ကြောင့် ဆွမ်းဟင်းချက်စ ဉ် သံဃာတော်တို့ အရသာရှိစွာ ဘုဉ်းပေးနိုင်ကြရန် “အစပ်အဟတ်တည့်မတည့်၊ အပေါ့အငန်” မြည်းခြင်းမှာ မည်သည့်အကုသိုလ်မှ မဖြစ်ပါပေ။ အကုသိုလ်အဖြစ်သည့်အပြင် သံဃာတော်အ ရှင်မြတ်များ အရသာရှိရှိဘုဉ်းပေးရစေဖို့ဆိုသော ကောင်မြတ်မွန်မြတ်သော စေတနာဇောအဟုန်ကြောင့် ကုသိုလ်တရားပင်ဖြစ်ထွန်းစေပါသည်။

(မိမိအကျိုး၊ သူတပါး၏အကျိုး၊ သည်ပိုးနိုင်ကြသူများဖြစ်ကြပါစေ)

ဓမ္မ၀ီရ အရှင်တေဇနိယ

ဗုဒ္ဓဂယာ၊ အိန္ဒိယ

Website;www.ashintejaniya.com

Sunday, November 3, 2013

"မလေးရှားနိုင်ငံ၏ ဗုဒ္ဓသာသနာတော် သမိုင်း"


မလေးရှားနိုင်ငံသည် အရှတိုက်၏အရှေ့တောင်ဘက်အစွန်းထိပ်နှင့် ဘော်နီယိုခေါ် ကာလီမာ တန်ကျွန်း၏ မြောက်ဘက်တွင်တည်ရှိပြီး၊ မလေးရှားနိုင်ငံ၏မြောက်ဘက်တွင် ထိုင်းနိုင်ငံ နှင့် တောင် ဘက်ခြမ်းတွင် အင်ဒိုးနီးရှားနိုင်ငံတို့နှင့် နိုင်ငံနယ်နိမိတ်ချင်းကပ်လျှက်တည်ရှိပါသည်။ နိုင်ငံ၏အကျယ် အ၀န်းမှာ စတုရန်းမိုင် (၁၂၇၃၁၆) ကျယ်ဝန်းပြီး။နိုင်ငံ၏မြို့တော်မှာ “ကွာလာလမ်ပူ”ဖြစ်ပြီး ၁၉၉၂ ခုနှ စ်ဇူလိုင်လတွင် ကောက်ခံထားသည့်မှတ်းတမ်းများအရ လူဦးရေမှာ ၂၂.၂သန်းရှိပါသည်။

မလေးရှားနိုင်ငံ၏ နောက်ခံသမိုင်းရာဇ၀င်မှာ တရုပ်နွယ်များမှဆင်းသက်လာကြခြင်း ဖြစ်ကြောင့်လေ့လာတွေ့ရှိရပါသည်။ B.C,1500,2000 .ခန့်တွင် တရုပ်ပြည်၊ယူနန်ပြည်နယ်အတွင်းမှ မွန်ဂိုနွယ် ဖွားတရုပ်များသည် မလေးကျွန်းဆွယ်ရှိ ကျွန်းစုများသို့ ရောက်ရှိအခြေချခဲ့သည်မှ မလေးနိုင်ငံသည်စ တင်ခဲ့ခြင်းဖြစ်သည်။ ထိုမိန်ဂိုတရုပ်များသည် မလေးကျွန်းစွယ်ကို မလက္ကာမြို့ပြတည်ထောင်၍ အုပ် ချုပ်ခဲ့ကြသည့်၊ ထိုသို့မလက္ကာမြိုကပြတည်ထောင်၍ အုပ်ချုပ်ခဲ့ကြသည့် ဘုရင်တို့အားလည်း မလ က္ကာဘုရင်များဟု ခေါ်ဆိုခဲ့ကြ၏။ ထိုအချိန်ကာလကို မလေးကျွန်းစွယ်ကို မလေးရှားနိုင်ငံဟု အမည် မတွင်းသေးချေ၊ “မလ္လာယုနိုင်ငံတော်”ဟုသာ အမည်တွင်ခဲ့လေ၏။

မလ္လာယုနိုင်ငံခေါ် မလေးရှားနိုင်ငံသို့ ဗုဒ္ဓသာသနာတော်သည် B.C, 309, ဘုရားရှင်တော်မြတ် ပရိနိဗ္ဗာန်စံလွန်တော်မူပြီးနှစ်ပေါင်း (၂၅၀)အကြာ တတိယင်္ဂါယနာတင်ပြီးချိန်မှ စတင်၍ ရောက်ရှိခဲ့ပြီး ထိုမလေးကျွန်းစွယ်ကိုလည်း သုဝဏ္ဏဘူမိဒေသတွင်ပါဝင်ကြောင်းကို ပညာရှင်တို့က ယူဆကြပါသည်။ တိကျခိုင်လုံသောသမိုင်းအထောက်အထားများအရ မလေးရှားနိုင်ငံတွင် သာသနာနှစ် (၉၀၀) နှင် (၁၀၀၀)အတွင်း ခရစ်နှစ်၎-ရာစုနှင့် ၅-ရာစုတွင်း အိန္ဒိယ၌အသုံးပြုသောသက္ကတဘာသာဖြင့်ရေးထိုး သည့်သောဗုဒ္ဓဘာသာကျမ်းစာကျောက်ချပ်များစွာတို့ကို မလေးရှားနိုင်ငံအနှံ့တွင်တွေ့ရှိရပါသည်။

ထို့အပြင် အဘိဓမ္မာကျမ်းမှ ဂါထာတော် သုံးပုဒ်အား ရေးထိုးထားသည့် ရွှံ့အုတ်ချပ်ကိုလည်း တွေ့ရှိရပြီး၊ အုတ်ကျောင်းတိုက်၃-တိုက်နှင့် စေတီတော် (၅)ဆူကို ဘုရင်နှင့် သံဃာတော်များကြီးမှု၍ ပြည်သူ၊ပြည်သား၊ဒကာ၊ဒကာမအများစုပေါင်းကာလှုဒါန်းတည်ဆောက်ထားခဲ့ကြကြောင်း ရေးထိုး ထားသည့် ကမ္ဗည်းမော်ကွန်းကိုလည်းတွေ့ရှိခဲ့ကြပါသည်။ နခွန်ရှရီဓမ္မရာဇ် ခေါ် နခွန်ရှရီ တမ္မရတ် ဘွဲ့တော်ရှိသည့် စေတီတော်ကြီးကိုလည်းတွေပရှိရသဖြင့် ခရစ်နှစ်(၅)ရာစုခန့်ကပင် မလေးရှားနိုင်ငံ၌ ဗုဒ္ဓသာသနာတော်ရောက်ရှိပြန့်ပွားနေပြီး နေလိုလလိုထွန်းပခဲ့ကြောင်း သိရှိရပေသည်။

ရှေ့အခေါ်သီရိဝိဇယနိုင်ငံ ယခုအင်ဒိုနီးရှားနိုင်ငံသည် ခရစ်နှစ်(၇)ရာစုတွင် ဗုဒ္ဓဘာသာ ထွန်း လင်းအားကောင်းသည့် ဗုဒ္ဓနိုင်ငံတော်ဖြစ်ခဲ့ပြီး၊ မလေးရှားကျွန်းစွယ်များသို့ ဗုဒ္ဓသာသနာတော်ပြန့် ပွား အောင် ထောက်ပန့်ခဲ့၏။ တရုပ်သုတေသီရဟန်းတော် အီချင်း၏ (၇)ရာစုကုန်ခါနီး သွားရောက်ခဲ့သည့် သီရိဝိဇယနိုင်ငံခရီးသွားမှတ်တမ်းတွင် “သီရိဝိဇယ (ခ) အင်ဒိုနီးရှားနိုင်ငံတွင် ဗုဒ္ဓသာသနာတော်လွန်စွာ ထွန်းကားနေပြီး ရေမြေဆက်စပ်လျှက်ရှိသည့် မလ္လာယုကျွန်း (ခ) မလေးရှားနိုင်ငံစသော နိုင်ငံများသို့ လည်း ဗုဒ္ဓသာသနာတော်ဖြန့်ဝေပေးနေပြီး” ထေရ၀ါဒကိုအဓိကထားလက်ခံကျင့်သုံနေပြီး မဟာယာန ၀ါဒအနည်းငယ်ရှိကြောင်းကို မှတ်တမ်းတင်ထားပါသည်။

မလ္လာယုကျွန်းခေါ် မလေးရှားနိုင်ငံသည် မူဆလင်တို့အတင်းအဓမ္မဘာသာရေး မတိုက်ခိုက် မသိမ်းပိုက်မှီအချိန်များတွင် ဗုဒ္ဓသာသနာတော်ထွန်းကားပြန့်ပွားမှုမှာလွန်စွာအားကောင်းလေ၏။ မလ္လာယုဘုရင်ကိုယ်တိုင်ပင် ၀ိနည်းတော်ကိုနားလည်တတ်ကျွမ်းလို၍ သင်ကြားတတ်မြောက်ခဲ့ခြင်း ကိုထောက်ရှု၍ မလေးတွင် ဘုရင်နှင့် ပြည်သူ၊ပြည်သားတို့၏ ဗုဒ္ဓသာသနာတော်အား ကြည်ညို ထောက်ပန့်မှုကို သိရှိနားလည်ခန့်မှန်းနိုင်ကြမည်ဖြစ်သည်။ပုဂံပြည်ခေါ် မြန်မာနှင့် မလ္လာယုကျွန်းခေါ် မလေးရှားနိုင်ငံ တို့အကြားဘာသာရေးဆက်နွှယ်မှုများကိုလည်း တွေ့ရှိရပါသည်။

A.D,11. ရာစုခန့်တွင် ပုဂံနေပြည်တော်မှ သီဟိုဠ်တွင်ပရိယတ္တိပညာများသင်ကြားခဲ့သည့် “အရှင်ဆပ္ပဒမထေရ်”သည် (၁၀)၀ါအရတွင် ပုဂံနေပြည်တော်သို့ပြည်လည်ကြွချီတော်မူလာပြီး သီဟိုဠ် မှ “အရှင်သီဝလိ၊အရှင်တာမလိန္ဒ၊အရှင်အာနန္ဒာ၊ အရှင်ရာဟုလာ”ဟူသောမထေရ်လေးပါးကို ပုဂံနေ ပြည်တော်သို့ပင့်ဆောင်ခဲ့ပါသည်၊ နောက်တွင်အရှင်ရာဟုလာသည် ပုဂံနေပြည်တော်မှ မလ္လာယုကျွန်း မလေးရှားသို့ကြွရောက်ပြီး ၀ိနည်းတရားတော်ကိုတတ်သိနားလည်ရန် ဆန္ဒပြင်းပြနေသော မလ္လာယု ဘုရင်အား ခုဒ္ဒသိက္ခာဝိနည်းကျမ်းကို အဖွင့်ဋီကာကျမ်းနှင့်တကွသင်ပေးခဲ့၏။ ထိုမလ္လာယုဘုရင်သည် ၀ိနည်းကျမ်းတော်သင်ပေးသည့် မိမိဆရာအရှင်ရာဟုလာအား ပတ္တမြားသပိတ်တော်ကိုလှုဒါန်လေ၏။ ထိုမလ္လာယုဘုရင်ဝိနည်းတော်သိကြားနေချိန်တွင် ပုဂံနေပြည်တော်တွင် နရပတိစည်သူမင်းကြီး ထီးနန်းစံတော်မူနေချိန်သာသနာတော်နှစ်(၁၇၀၀)ခန့်တွင်ဖြစ်ပါသည်။

A.D,15 ရာစုနှောင်းပိုင်းတွင်အာရတ်နွယ်ဖွား မူဆလင်တို့သည် ကုန်သွယ်ခြင်းအကြောင်းပြ ချက်ဖြင့် ထိုမလ္လာယုကျွန်းနှင့် သီရိဝိဇယနိုင်ငံတော်အတွင်းသို့ဝင်ရောက်လာကြပြီး၊အစပိုင်တွင် မူဆ လင်တို့သည် ဒေသခံဗုဒ္ဓဘာသာတို့အား အလျှော့ပေါင်းသင်းကာ သဘောထားပြည့်သရောင် အယော င်ဆောင်၍ ဗုဒ္ဓဘာသာဘုရင်နှင့် ဘုရင်နှင့်နီးစပ်သူများအား ပေါင်းသင်း၍ ၄င်းတို့မျက်နှာရအောင် အား ထုတ်ကြပြီး၊ တဖြည်းဖြည်းနှင့် ၄င်းတို့အရာရောက်လာကြသည့်အခါ ဗုဒ္ဓဘာသာတို့အား သွေးခွဲခြင်း၊ သွေးထိုးခြင်းများပြုလုပ်၍၊ နောက်ပိုင်းတွင် ထိုကုန်သည်များမှ မူဆလင်တို့အား အလုံးအရင်းဖြင့်ခေါ် ယူ၍ ဗုဒ္ဓဘာသာနိုင်ငံတော်များဖြစ်ကြသည့် သီရိဝိဇယနိုင်ငံ(အင်ဒို) နှင့် မလ္လာယုကျွန်းဂမလေး)တို့ကို စစ်တိုက်သိမ်းပိုက်လိုက်ကြ၏။ သတိလက်လွတ်ကြောင့်ကြမဲ့နေကြသော ဗုဒ္ဓဘာသာတို့မှာ မူဆလင် တို့၏ ဓါးဖျားဝယ် မရှုမလှအသတ်ခံကြရ၏။

ဒေသခံဗုဒ္ဓဘာသာသမီးမျိုတို့အား မူဆလင်တယောက်လျှင် အနည်းဆုံးလေးယောက်ယူ၍ မူဆလင်ဦးရေးများပွားစေရန်သားဖောက်ခြင်းများကိုပြုလုပ်ကြ၏။ မူဆလင်ဦးရေများပြားလာသောအ ခါ အာဏာပိုင်ဘုရင်မှာလည်း မူဆလင်ဘုရင်ဖြစ်လာကာ နောက်ဆုံး မလ္လာယုကျွန်းတွင် ဗုဒ္ဓသာသနာ တော်မှာ ကွယ်ပျောက်လုနီးပါးဖြစ်ခဲ့ရပါသည်။

ယနေ့မလေးရှားနိုင်ငံ၏ ဗုဒ္ဓဘာသာရပ်တည်နိုင်ရန်အတွက် အဓိက ကျားကန်ပေးထား သည် မှာတရုပ်နွယ်ဖွားများပင်ဖြစ်ပါသည်။မလေးအစိုးရသည် ရှေ့ဟောင်းဗုဒ္ဓဘာသာအဆောက်အဦးတို့အား အစဖျောက်ချင်ကြ၏၊သို့သော်တရုပ်တို့မှ ကမ္ဘာယဉ်းကျေးမှုထိန်းသိမ်းရေး အဖွဲစသည်တို့နှင့် ပူပေါင်း ကာ မလေးတို့မဖျက်ဆီးနိုင်အောင် လူအား၊ငွေအားတို့ဖြင့် အကာအကွယ်ပေးထားကြပါသည်။ တရုပ်တို့သည်ဗုဒ္ဓနေ့ ကဆုန်လပြည့်(မေလ)နှင့် ၀ါဆိုလပြည့်နေ့တို့ကို ရုံပိတ်ရက်များအဖြစ်သတ် မှတ်ထားကြပြီး ညအခါတွင် ရောင်စုံမီးပန်းများထွန်းညှိ၍ ဘုရားအပူဇော်ခံ လှည့်လည်လေ့ရှိကြပါ သည်။

မလေးရှားနိုင်ငံသည် (State Religion) အဖြစ် အစ္စလာမ်ဘာသာကိုသတ်မှတ်ထားသည်။ မှတ်တမ်းများအရ ဗုဒ္ဓဘာသာကိုးကွယ်သူ ၃၂% ရာခိုင်နှုန်းရှိသည်ဟု ဖော်ပြထားသော်လည်း ထိုအ ထဲတွင်တာအိုး၊ကွန်ဖြူရှပ်စသည့်တို့ကိုပါ ဗုဒ္ဓဘာသာထဲထည့်သွင်းထားခြင်းဖြစ်၏။ အမှန်တကယ် ဗုဒ္ဓဘာသာမှာည ၁၇.၃% ရာခိုင်နှုန်းသာရှိ၏။ မလေးရှားနိုင်ငံသည် တချိန်တခါက ဗုဒ္ဓသာသနာတော် မည်မျှထွန်းကားခဲ့ကြောင်းကို မလေးရှားနိုင်ငံ၏ ၀ိသေသအထူးပြုနာမည်ဖြစ်သည့် “ဗုဒ္ဓဘာသာ စေတီ တော်များနှင့် မူဆလင်ဗလီများ ပေါများသောနိုင်ငံ (The Land of Mosques and Pagoga ) “ကိုထောက်ရှု၍သိနိုင်ပေသည်။ (ဗလီများသည် နောက်မှသာတည်ဆောက်ခြင်းသာဖြစ်)

မူဆလင်တို့၏ အစ္စလာမ်ဘာသာချဲ့ထွင်ခြင်းမှာ “ဘာသာတရား၏အဆုံးအမ၊ အစ္စလာမ်ဝါဒ များကို ဟောပြောခြင်းဖြင့် ချဲ့ထွင်ခြင်းမဟုတ်ပဲ ဘာသာတရားတခုနှင့် မည်သို့မှမသက်ဆိုင်သည့် ချဲ့ ထွင်ခြင်းမျိုးဖြင့် ချဲပထွင်းကြခြင်းဖြစ်၏။” မူဆလင်တို့သည် စစ်တိုက်၍၄င်း၊ မယားမြောက်များစွာယူပြီး သားဖောက်၍၄င်း၊အစ္စလာမ်ဘာသာဝင်များတိုးပွားအောင် လုပ်ဆောင်လေ့ရှိပါသည်။ ယခုလိုဒီမိုကရေစီ ခေတ်ကာလတွင်မူ ရှေ့ကကဲ့သို့မူဆလင်တို့သည် စစ်တိုက်၍ ဘာသာပြန့်ပွားအောင်လုပ်ဆောင် ၍မရေ တာ့ချေ၊ ( အယ်(လ်)ကိုက်ဒါး ကဲ့သို့သောမူဆလင်တို့ကား ၄င်းမူဝါဒကိုပဲဆက်လက်ကျင့်သုံးနေဆဲဖြစ်) ထို့ကြောင့် ဒီမိုကရေစီကိုခုတုံးလုပ်၍ အစ္စလာမ်ဘာသာတိုးပွားအောင်လုပ်ဆောင်လာကြပါတယ်။ သားဖောက်သာသနာပြုနည်းကိုကားယခုထက်တိုင်ကျင့်သုံးလျှက်ပင်ဖြစ်ပါသည်။

မူဆလင်တို့သည် ခေတ်ကာလမကောင်းသည့်အခါ ရိုးရိုးကုတ်ကုတ်နေ၍ ဆိုင်ရာအာဏာပိုင် များနှင့် မဏာသင့်အောင်ပေါင်းသင်းပြီး ခေတ်ကာလကောင်းသည့်အခါတွင်မူ အခွင့်အရေးကိုဦးဆုံး ယူတတ်ကြပါသည်။ ကမ္ဘာ့သမိုင်းကိုအသာထားလို့ မြန်မာ့သမိုင်းလောက်ကိုပင် လေ့လာကြည့်မည်ဆို ပါက မူဆလင်တို့၏ သဘောကိုကောင်းစွာရိပ်မိလာကြမည်ဖြစ်ပါသည်။ မြန်မာပြည်လွတ်လပ်ရေး မရမီက မူဆလင်တို့သည် နယ်ချဲ့တို့နှင့် သင့်မြတ်အောင်ပေါင်း၍ အိမ်ရှင်မြန်မာတို့အား ဒုက္ခပေးခဲ့ ကြပြီး မြန်မာပြည်လွတ်လပ်ရေးရသည့်အခါတွင်လည်း ၄င်းတို့မှ ဦးစွာအခွင့်အရေးယူခဲ့ကြပေသည်။ မြန်မာပြည်သည် ၁၉၄၈-ခုနှစ် ဇန်န၀ါရီ-၄-ရက်နေ့တွင် လွတ်လပ်ရေးရ၏ လွတ်လပ်ရေးရ၍ ရက်ပိုင်း မျှသာရှိတဲ့သည့်အချိန်တွင် မူဆလင်နယ်ချဲ့ ဘင်္ဂါလီ “မူဂျာဟစ်”သူပုန်တို့သည် ရခိုင်ပြည်နယ်အား သိမ်းပိုက်ရန် ဂျီဟတ်စစ်ပွဲဆင်နွဲကာ အခွင့်အရေးလက်တဆုံးယူခဲ့ပြီး မြန်မာနိုင်ငံတော်၏ လွတ်လပ် ရေးအား အကာအကွယ်ယူအသုံးချခဲ့ကြလေ၏။

စစ်အာဏာရှင်ခေတ်တွင်လည်း မူဆလင်တို့သည် ထိုအာဏာရှင်များနှင့်ပေါင်း၍ မြန်မာတိုင်း ရင်းသား၊တိုင်းရင်သူများအား စိတ်တိုင်းကျစော်ကားအနိုင်ကျင့်ခဲ့ကြပါသည်။ ထိုသို့အနိုင်ကျင့်ခံ တိုင်း ရင်းသားတို့မှာ အာဏာရှင်များအားသွားရောက်တိုင်ကြားပါကလည်း မူဆလင်ငွေကြေး သြဇာခံဖြစ် နေသည့် အာဏာပိုင်တို့မှာ မည်သည့်အရေးယူမှုမျှမလုပ်သဖြင့် မြန်မာတို့မှာ ကုလားစော်ကား အနိုင် ကျင့်သမျှ အံ့ကျိတ်ခံခဲ့ရရှာပါသည်။

ယခုမျက်မှောက်အချိန်တွင်မူလည်းအားလုံးသိကြသည့်အတိုင်း ခရစ်နှစ်(၂၀၁၀)တွင် ရွေးေ ကာက်ပွပြုလုပ်၍ (၂၀၁၁)ခုနှစ်တွင် ဒီမိုကရေစီအနည်းငယ်ပုံပေါ်၍ ရုပ်လုံးပေါ်လာသည့် (၂၀၁၂)တွင် ၄င်းမူဆလင်တို့သည် ဒီမိုကရေစီအားခုတုံးလုပ် အခွင့်အရေးယူ၍ မြန်မာနိုင်ငံ၏ နယ်မြေ၊ဘာသာ၊ သာသနာ၊လူမျိုးတို့အား စော်ကားကျူးကျော်ကြလေ၏။ ယခုတကြိမ်တွင်မူ ၁၉၄၈ ခုနှစ်ထက်ပို ၍ဆိုး ၀ါးလေ၏ ၊၁၉၄၈ ခုနှစ်တွင် ရခိုင်ပြည်နယ်ကိုသာ ဂျီဟတ်လုပ်ရန်စကျူကျော်နိုင်ခဲ့ ရာ၊ ယခုမူ တနိုင်ငံ လုံးအတိုင်းအတိုင်ဖြင့် ပြည်တွင်း၊ပြည်ပ အချိတ်အဆက်မိမိဖြင့် ကျူးကျော်စော်ကားလာကြသည် ကိုတွေ့မြင်ရပေသည်။ထိုသို့တနိုင်ငံလုံးအတိုင်းအတိုင်ဖြင့် ရန်စကျူကျော်ရဲကြသည်မှာ မြန်မာနိုင်ငံရှိ အာဏာရအဖွဲ့အစည်းနှင့် အတိုင်းအခံ အဖွဲ့အစည်းအကြား အမြတ်ထုတ်အပြစ်ပုံချမှုများ သည်လည်း တခုအပါအ၀င်ဖြစ်၏။

ပြဿနာဖြစ်ခြင်း၏ဇစ်မြစ်အကြောင်းရင်းတိုင်းမှာ အိမ်ရှင်ဗုဒ္ဓဘာသာများမှ ရန်စခြင်းကြောင့်မ ဟုတ်ပဲ၊ ဧည့်သည်မူဆလင်များ၏ အကွက်ကျကျစီစဉ်ပြဿနာရှာရန်စမှုများကြောင့်ပင်ဖြစ်၏။ ထိုသို့ မူဆလင်များမှရန်စသည့်အခါတွင် အတိုက်အခံများမှ မသိသယောင်နေတတ်ကြပေမဲ့လည်း၊ အနိုင် ကျင့် စော်ကားခံရသည့် အမိတိုင်းရင်းသားများမှ ပြန်လည်ခုခံကာကွယ်ကြသည့်အခါမှ အသံ ထွက် လာကြ သည်မှာလည်း တကြိမ်မကတော့ခြင်းကြောင့် တိုက်ဆိုင်မှုမဖြစ်နိုင်တော့ချေ၊ ထိုသို့အတိုက် အခံများ၏ ခုခံကာကွယ်ပြောဆိုမှုများသည်လည်း မူဆလင်တို့၏ရန်စစော်ကားမှုကို အပြစ်မရှိသကဲ့ သို့ဖြစ်ပြီး၊မူဆ လင်တို့အား ရန်စနိုင်စေရန် အခွင့်အရေးပေးနေသကဲ့သို့ဖြစ်စေပါသည်။ဒီအချက်ကို အတိုက်အခံများ အနေဖြင့် ကောင်းစွာနားလည်သဘောက်ထားဖို့လိုပါသည်။ သမိုင်းတရားခံအမျိုး သားရေး သစ္စာ ဖော က်၊သူခိုးဓါးရိုးကမ်းမဖြစ်စေရန် နှစ်ဖက်လုံးက အထူးသတိထား ဆင်ခြင်ရမှာ ဖြစ်ပါတယ်။ အမျိုးသား ရေးနှင့်ပတ်သက်လာလျှင် တဖွဲ့တဖွဲ့အပြစ်ပုံချ၊ချောက်တွန်းကာမနေကြပဲ နိုင်ငံတော်၏ လုံခြုံးရေးနှင့်၊ အမျိုးဘာသာ၊သာသနာတော် အရှည်ခန့် တည်တံ့ရေးအတွက် လက်တွဲညီညာစွာဆောင်ရွက်သင့် ကြပါသည်။

အချို့သောသူတို့သည် “မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာကို မူဆလင်တွေကမတရားသောနည်းဖြင့် ၀ါမျိုသွားနိုင်တယ်ဆိုတာ အခြေအမြစ်မရှိပါဘူး၊ အစိုးရိမ်လွန်နေကြတာပါ”ဟု သမိုင်းကိုမလေ့လာကြပဲ ပြောဆိုနေကြသည်ကို ကြားနေတွေ့နေရပါသည်။ တချိန်တခါကဗုဒ္ဓဘာသာနိုင်ငံတော်ကြီး များဖြစ် ကြတဲ့၊အာဖဂန်နစ္စတန်၊ပါကစ္စတန်၊အီရတ်၊အီရန်၊ဆီးဒီယား၊ဂျော်ဒန်၊အင်ဒိုနီးရှားမလေးရှား၊မလေးရှားနှင့် ကရှိမီးယားဒေသတို့ကို မူဆလင်တို့အတင်းအဓမ္မ၀ါးမျိုခြင်းကို ခံခဲ့ရသည်မှာ သမိုင်းမှတ်တမ်းများ နှင့် အဆောက်အဦးဟောင်းတို့ကိုက သက်သေခံလျှက်ရှိပါသည်။ထိုသို့မူဆလင်များမှ ဗုဒ္ဓဘာသာ ကိုဝါးမျိုခဲ့သည်မှာ အစ္စလာမ်ဝါဒကို ထိုသမိုင်းသက်သေများကို မလေ့လာကြပဲ တတ်သိနား လည်အရှ ည်တွေးသူတို့၏ သတိပေးစကားကို မနာခံ၊မလိုက်နာသူတို့သာ အသိတရားကင်း စုံလုံးကန်းများသာ ဖြစ်၏။

တချိန်တခါက ကမ္ဘာမှာ ၁၀-ပုံပုံလျှင် ဗုဒ္ဓဘာသာသည် ၈-ပုံနီးပါးခန့်ရှိခဲ့ပြီး၊ ယခုမူပြောင်းပြန် ဖြစ်၍သွားချေ၏။ ထိုသို့ဗုဒ္ဓဘာသာနိုင်ငံများဝါးမျိုခံရခြင်းမှာ မူဆလင်ဘာသာ၏ဘာသာတရားကို သဘောကျကြိုက်နှစ်သက်၍ ဘာသာပြောင်းခြင်းကြောင့်မဟုတ်ပဲ၊ အတင်းအဓမ္မတိမ်းသွင်း ခြင်းေ ကြာင့်ပင်ဖြစ်၏။ မူဆလင်များသည် ခရစ်ယာန်နိုင်ငံတို့အားမ၀ါးမျိုနိုင်ပဲ ဗုဒ္ဓဘာသာနိုင်ငံများကိုသာ ၀ါးမျိုနိုင်ကြသည်မှာလည်း ဗုဒ္ဓဘာသာတို့၏ ခန္တီတရားနှင့် ပျော့ညံ့ခြင်းကို မကွဲပြားခြင်း၊ ဗုဒ္ဓတရား တော်နှင့်အညီ အချင်းချင်းစည်းလုံးတိုင်ပင်ညီညွှတ်စွာ ဣဿာ၊မစ္ဆရိယကင်းကင်းဖြင့် မနေခဲ့ကြ၍ မူဆလင်တို့၏ အလွယ်တကူ သွေးခွဲဝါမျိုးခြင်းကိုခံခဲ့ရခြင်းဖြစ်ပါသည်။

ယခုအချိန်တွင်လည်း မူဆလင်တို့သည် မြန်မာအမျိုးသမီးတို့အားနည်းမျိုးစုံဖြင့်စော်ကား အနိုင်ကျင့်နေသည်မှာလည်း နေ့စဉ်နေ့တိုင်းလိုလိုပင်ဖြစ်၏။ မူဆလင်တို့သည် အမိမြန်မာပြည်အား ၀ါမျိုရန်အတွက်အကွက်ကျကျ၊ အစီအစဉ်တကျလုပ်ဆောင်နေသည်မှာ သေခြာလေ့လာကြည့်သူ တိုင်းသိမြင်နိုင်ကြမည်ဖြစ်ပါသည်။မူဆလင်တို့သည် အကြမ်းဖက်ခြင်း၊တိုင်းရင်သူတို့အား သိမ်းပိုက် ယူခြင်းဖြင့်ဝါးမျိုနေရုံမကပဲ၊ အတွင်းကလှိုက်စား၍ ၀ါးမျိုးနေပြီဖြစ်သည်။ အာဏာရှိပါတီများ၊ ပါဝါရှိ ပါတီများတို့အားအတွင်းလူအဖြစ်ပူကပ်၍ သွေးခွဲနေကြပေ၏။ သစ်ပင်တပင်တွင် သစ်ရွက်သစ်ကိုင်း များတွင်ကျရောက်နေသော ပိုးပွားများကို အလွယ်တကူနှိမ်နှင်းလို့ရပေမဲ့လည်း ၊ အတွင်းအမြစ်ပိုင်း လူမမြင်နိုင်ရာနေရာတွင် ပိုးကျနေပါက သတိမထားကြမိတော့ပဲ နောက်ဆုံး အပင်ဗုန်းဗုန်းလဲမှသာ သတိထားမိကြလေ့ရှိပါသည်။ ထိုအတူမူဆလင်တို့သည် ယခုအခါ အတွင်းအမြစ်များမှ တွယ်ကပ် လျှက် ၀ါးမျိုဖျက်ဆီးနေကြလေပြီ၊ ထိုအမြစ်ကိုဖျက်ဆီးနေခြင်းသည် အကိုင်း၊အရွက်ထက်ပို၍ အန္တရာယ်များသလို၊တွေ့မြင်ရန်၊နှိုမ်နှင်းရန်လည်း များစွာခက်ခဲလှပါသည့်၊ထို့ကြောင့် အဖျက်ပိုးများ အားမကောင်းခင် တရားဥပဒေနှင့်အညီ ပြတ်ပြတ်သားသား ပေါင်းစုအားဖြင့်အမြစ်ပြတ်အောင် ရှင်းလင်းဖယ်ရှားသင့်လှပါသည်။


(အမျိုးဘာသာ၊သာသနာတော်အကျိုး၊သည်ပိုးနိုင်သူများဖြစ်နိုင်ကြပါစေ)

ဓမ္မ၀ီရ အရှင်တေဇနိယ
ဗုဒ္ဓဂယာ၊အိန္ဒိယ
Website;www.ashintejaniya.com

Sunday, October 20, 2013

“ပါဠိဘာသာအလွယ်ရွတ်ဖတ်နည်း”


ဗုဒ္ဓဘာသာဝင် မြန်မာတို့သည် ဘုရားရှိခိုး ပူဇော်ခြင်းကို နေ့စဉ်ပြုလုပ်နေကြပါသော်လည်း၊ မြတ်ဗုဒ္ဓ ၏မူရင်းပါဠိဘာသာဖြင့် ပူဇော်ရွတ်ဖတ်ကြသူများမှာ လွန်စွာနည်းပါးလှပါတယ်။ “ပါဠိ”ဆိုသော အသံကိုကြား လိုက်သည်နှင့် “ဆေးခါးကြီးကိုကြောက်သည့် ကလေးများနှယ်” ကျော်ခွပြီး မြန်မာပြန်လေးမျှကိုပဲ ရွတ်ဖတ် ပူဇော်ကြ၏။ မြန်မာပြန် ရွတ်ဖတ်ပူဇော်ခြင်းကို အပြစ်ဆိုနေတာမဟုတ်ပဲ မြတ်ဗုဒ္ဓဟောကြားတော် မူသည့် မူရင်းပါဠိဘာသာဖြင့် ရွတ်ဖတ်ပူဇော်ပါက ပိုမိုပြီး ရွတ်ဖတ်ရခြင်း၏ အရသာ အနှစ်သာရကို ခံစားကြည်ညို သဒ္ဒါတိုးပွားစေနိုင်တာကြောင့်၊ ဗုဒ္ဓဘာသာသူတော်စဉ်များအတွက် “ပါဠိဘာသာအလွယ်ရွတ်ဖတ်နည်း”ကို စေတနာထား၍ ရှင်းပြရေးသားလိုက်ရပါသည်။

ပါဠိဘာသာရွတ်ဖတ်နည်းလေ့လာသင်ကြားရာတွင် ပိုမိုလွယ်ကူးမှတ်သားနိုင်စေရန်အတွက် အောက် ပါလင်္ကာလေးများကို အစပိုင်းတွင် ကျက်မှတ်ထားသင့်ပါတယ်၊ နောင်အလေ့အကျင့်များလာသောအချိန်တွင် ထိုလင်္ကာများမလိုတော့တော့ပဲ သူ့အလိုအလျှောက် ရွတ်ဆိုနိုင်ပါလိပ်မည်ဖြစ်ပါတယ်။

(၁) နှစ်လုံးဆင့်မှာ၊ အထက်သာ၊ သတ်ပါမြဲဧကန်၊
============================
အထက်ပါလင်္ကာ၏ ဆိုလိုရင်းအဓိပ္ပါယ်မှာ-
အက္ခရာနှစ်လုံးဆင့်ထားသော စာပိုဒ်များကိုဖတ်သည့်အခါမှာ “အပေါ်အဆင့်မှာရှိသော အက္ခရာကို အသတ်( -် )တင်၍ ထိုအက္ခရာနှစ်လုံး၏ ရှေ့မှာရှိတဲ့ အက္ခရာနှင့် ပေါင်းစပ်၍ ဖတ်ရမည်ဟုဆိုလိုပါသည် ”

ဥပမာ။ ။ သမန္တာ =သမန်တာ

(၂) သဝေလည်းထိုး၊ တ-သတ်မျိုး၊ ဖတ်ရိုး စ-သတ်သံ ။
======================
ဆိုလိုရင်းအဓိပ္ပါယ်ကတော့-
ရှေ့ကသဝေထိုးရှိပြီး သဝေထိုး၏နောက်က တနှစ်လုံးဆင့်(တ္တ)ထားပါက တသတ်သံ (တ်)ဟုမထွက်ပဲ စသတ်သံ(စ်)ဟု အသံထွက်ရမည်။ သေ၀ထိုး(ေ-)ကိုအသံမထြက္ရ

ဥပမာ။ ။ မေတ္တာ =မစ်တာ

သေတ္တာ =သစ်တာ

(၃) သဝေလည်းထိုး၊ န-သတ်မျိုး၊ ဖတ်ရိုး င(- င်)-သတ်သံ။
=============================
အဓိပ္ပါယ်မှာ-
ရှေ့ကသဝေထိုး (ေ -) ရှိပြီး၊ သဝေထိုးနောက်က နှစ်လုံးဆင့်အက္ခရာတွင် အပေါ်အက္ခရာသည် နငယ် ဖြစ်နေပါက နသတ်(-န်)ဟုအရှိအတိုင်းအသံမထွက်ပဲ၊ င-သတ်သံ (- င်) ဖြင့် အသံထွက်ရမည်။

ဥပမာ။ ။ ပူရေနံ္တ = ပူရင်တံ

(၄) သဝေရေးချ၊ သတ်မြင်က၊ မှတ်ကြ၀ဆွဲသံ။
=========================
ထိုဆောင်ပုဒ်လင်္ကာ၏ အဓိပ္ပါယ်ကတော့-
ရှေ့တွင်သဝေထိုး (ေ-)နှင့် ရေးချ (-ါ) ရှိပြီး၊ နောက်အက္ခရာနှစ်လုံးထပ် ကို ပေါင်းဖတ်ရာတွင် ၊သဝေထိုးရေးချကို (ေ-ါ ) ၀ဆွဲသံ (-ွ ) (တနည်း) သြ- သံဖြင့်ဖတ်ရသည်။

ဥပမာ။ ။ ဟောန္တု = ဟွန်တု

(၅) ဟထိုးဝဆွဲ ၊ ရရစ်-ယပင်း ၊တွေ့တုံလျှင်းက ၊ နှစ်ဝတာဝန် ၊ကျေပွန်ဝေရန် ၊အသံ အသတ်ယူမြဲမှတ်။
==============================

ဆိုလိုရင်းအဓိပ္ပါယ်မှာ-
ဟထိုး (-ှ) ၀ဆွဲ (-ွ) နှင့်၊ ရရစ် (ြ - ) ယပင့် ( -ျ )များနှင့်တွဲထားပါက ထိုအက္ခရာတို့သည် ဆိုင်ရာအသတ် (-င်၊ -န်၊-မ်၊စသည်) တာဝန်ကိုလည်းယူရပြီး ၊ မူလအက္ခရာ၏အသံကိုလည်းထွက်ပေးရသည်။ ထို့ကြောင့် အထက်ပါကဲ့သို့သော ပုဒ်အ္ခရာတို့သည် တာဝန်နှစ်ရပ် ဖြင့် အသံထွက်ရလေ၏။

ဥပမာ။ ။ အမှ =အမ်မှ

သကျ = သကျ

စကြာ = စက်ကြာ

ကတွာ = ကတ်တွာ

အထက်ဖော်ပါပါ ပါဋ္ဌိဘာသာအလွယ်ဖတ်နည်းကို ကျနစွာနာလည်တတ်ကျွမ်းထားပါက ဗုဒ္ဓမြတ်စွာ၏ ဒေသနာ တော်များ မူရင်းပါဠိဘာသာဖြင့် ရွတ်ဆိုပူဇော်နိုင်မည်ဖြစ်ပါသည်။ ပါဠိဘာသာသည် ကျယ်ပြန့်နက်နဲ့ သည့်အေ လျှာက် ယခုနည်းမျှဖြင့် ပညာရှင်တစ်ယောက်ကဲ့သို့တော့ တတ်ကျွမ်းလိပ်မည်မဟုတ်ပါ၊ သို့သော် ဒေသနာ တော်များအား ပုဒ်၊ပါဠ်၊အက္ခရာ၊အသံနေအသံထားမှန်ကန်စွာဖြင့် ရွတ်ဖတ်ပူဇော်နိုင်ပါလိပ်မည်။ ထို့ကြောင့် အထက်ပါ ပါဠိဘာသာအလွယ်ရွတ်ဖတ်နည်းအတိုင်း လေ့လာသင်ယူကြပြီး၊ မြတ်ဗုဒ္ဓ ၏ဒေသနာတော်မြတ်တို့အား ပါဠိတော်မူရင်းဖြင့် ပူဇော်သဒ္ဒါပွားကုသိုလ်တော်ယူနိုင်ကြပါစေဟု ပတ္ထနာတောင်ဆုပြုလိုက်ရပါသည်။

{မိမိအကျိုး၊သူတပါး၏အကျိုး၊ သည်ပိုးနိုင်သည့်၊ တန်ဖိုးရှိ၊တန်ဖိုးမြင့်၊ပုဂ္ဂိုလ်များဖြစ်ကြပါစေ။}

ဓမ္မ၀ီရ အရှင်တေဇနိယ

ဗုဒ္ဓဂယာ၊အိန္ဒိယ

http://www.ashintejaniya.com/

Friday, September 27, 2013

"သာသနာပြုအခွင့်အလန်းများ ပွင့်လန်းစေချင် -(အပိုင်း=၂)"



ဗုဒ္ဓသာသာနာတော်ကြီးပြန့်ပွားဘို့ရန်အတွက်သံဃာတော်အရှင်မြတ်တို့အပေါ်တွင်သာတာဝန်ရှိမှီတည်နေတာမဟုတ်ပဲတိုင်းပြည်အုပ်ချုပ်မင်လုပ်သည့်အစိုးရတာဝန်ရှိသူများအပေါ်၌လည်းအများကြီးမှီတည်နေပါသည်။ အိန္ဒိယနိုင်ငံ၏သာသနာတော်သမိုင်းကို လေ့လာအကဲခတ် ကြည့်မည်ဆိုပါကတွေ့ရှိသိမြင်နိုင်ပါတယ်။
အာဏာပိုင်အစိုးရမင်းသည်ဗုဒ္ဓဘာသာကို ကြည်ညိုေ သာသာသနာပြုမင်းဖြစ်ပါကသာသနာတော်နေလိုလလိုတိုးတက်စည်ပင်ပြန့်ပွာ၍အာဏာ ပိုင်အ စိုးရမင်းသည်တခြားဘာသာခြားဖြစ်နေပါကသာသာနာတော်ဆုတ်ယုတ်သွားသည်ကို တွေ့ရှိရ မှာဖြစ်ပါသည်။

အာဏာပိုင်အစိုးရမင်းသည် ဘာသာခြားဖြစ်သောကြောင့် ဗုဒ္ဓသာသာနာတော်ကို နှိပ်ကွပ်ခဲ့သော်လည်း အိန္ဒိယမြေမှ ဗုဒ္ဓသာသနာတော်ကြီးသည် လုံးဝပျောက်ကွယ်မခဲ့ပေ အဘယ့်ကြောင့်ဆိုသော် ထိုခေတ်အခါက အိန္ဒိပြည်၏ ပညာရေးမှာ ဗုဒ္ဓဘာသာရဟန်းသံဃာများ၏ လက်ထဲတွင်ရှိနေသောကြောင့်ပင်ဖြစ်၏၊ အိန္ဒိယနိုင်ငံ၏ သာသာကွယ်ကြောင်း အဓိကအကြောင်းအရင်းအရင်းမှာ ရဟန်းသံဃာတော်တို့သည် သာသာနာပြု လုပ်ငန်းများကိုမလုပ်ဆောင်တော့ပဲ လာဘ်လာဘ နောက်ကိုလိုက်ပြီး ဓါတ် နတ်စသည့်တွေကို ၀ိဇ္ဇာအတတ်,မှော်အတတ်များကို လိုက်စားလာခြင်နှင့် မူဆလင်တို့၏ ဗုဒ္ဓဘာသာရဟန်းတော်များနှင့် ဗုဒ္ဓဘာသာင်တို့အား ရက်စက်စွာ သတ်ဖြတ်မှုကြောင့် အိန္ဒိယနိုင်ငံအတွင်းဗုဒ္ဓသာသာနာတော်အမြစ်ပြတ်ဆုတ်ယုတ်သွားခြင်းပင်ဖြစ်ပါသည်။
ထို့ကြောင့်သာသာနာတော်ကြီးတိုးတက်စည်ပင်ပြန့်ပွားရန်အတွက်ရဟန်းသံဃာတော်များ၏သာသနာပြုအခန်းကဏ္ဍအရေးပါသကဲ့သိုတိုင်ပြည်အုပ်ချုပ်သူတို့၏အထောက်အပန့်ချီးမြောက်မှုလည်းများစွာအရေးပါလှပါသည်။

ဆရာ,ဒကာလက်တွဲ၍အမျိုး,ဘာသာ,သာသာနာတော်အကျိုးအတွက် လက်တွဲဆောင်ရွက်သွားဖို့ရာ အလွန်အရေးကြီးလှပေသည်။
အချို့သောရဟန်းတော်တို့သည်သာသနာပြုလုပ်ငန်းများအားလုပ်ဆောင်ချင်ပေမည့်လည်းအခွင့်မသာသောကြောင့်အချိန်တန်ဘိုးရှိသည့်အချိန်များနှင့် ကြိုးစားရှာဖွေသင်ကြား ထားသော အရည်အချင်း၊ပညာရပ်တို့သည် အလဟဿဖြစ်သွားကြပါသည်။ ထို့ကြောင့် ပညာပြည့်ဝကြသော ရဟန်းတော်တို့အား သာသာနာပြုနိုင်စေရန်အတွက် သံဃာ့ဘက်မှ တာဝန်ရှိဆရာတော် များနှင့်အစိုးရဘက်မှ တာဝန်ရှိ ဒကာတို့အနေနဲ့ သံဃာတော်များ သာသနာပြုနိုင်ရေးအတွက် သာသနာပြုအခွင့်အလမ်းများကို ဖန်တီးပေးသင့်လှပါသည်။

ထိုကဲ့သို့ သာသနာပြုအခွင့်အလမ်းများ ဖန်တီးပေးပါက အလုပ်မလုပ်ချင်သော ရဟန်းတော်တို့သည်လည်း ထိုသာသနာပြုလုပ်ငန်းများကိုလုပ်ရင်လုပ်ရင်းဖြင့်ပင်လုပ်ငန်းမှာပျော်မွေ့သွားပြီးဘာသာ၊ သာ သနာ နှင့်နိုင်ငံတော်အတွက်ပါများစွာအထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။
ထိုကဲ့သို့သာသနာပြုအခွင့်အလမ်းများဖန်တီးရာတွင်စာချဘက်အားသန်သည့် အရှင်မြတ် တို့ကို စာချစေခြင်း၊တရားဟော တရားပြ အားသန်သည့်အရှင်တို့အား တရားဟော တရားပြစေခြင်းအပြင် တခြားသော ပရဟိတ ကျမ္မာရေး၊ပညာရေးစသည့်ဖြင့်အားသန်သည့် သံဃာတော်တို့ကိုလည်း အားသန်ရာကိုပြုလုပ်သာသနြာ့ပုအခွင့်အလမ်းကို ဖန်းတီးပေးသင့်ပါ သည်။ထိုကဲ့သို့ပြုလုပ်မပေးကြသဖြင့်မြန်မာနိုင်ငံဗုဒ္ဓသာသနာတော်တွင် သံဃာတော်ဦး ရေများသလောက် ခရီးမတွင်ဖြစ်နေခြင်းမှာ ၎င်းအချက်သည်လည်း အဓိကကျနေပါသည်။

သီလ၊သမာဓိ၊ပညာနှင့်ပြည့်စုံသော သံဃာတော်အရှင်များသည် မိမိတို့နိုင်ငံဝယ် ရေတွက်လို့မရနိုင်အောင်များပြားပါသော်လည်း ထိုကဲ့သို့ သာသနာပြုအခွင့်အလမ်းမရှိကြသဖြင့် လုပ်ချင်သလောက် လုပ်သင့်သလောက် အမျိုးဘာသာ,သာသနာတော်အတွက် လုပ်ခွင့်မသာ၊ မလုပ်လိုက်ရပဲ ဘ၀နိဂုံးချုပ်သွားကြသည်မှာ သာသာနာနှင့် နိုင်ငံတော်အတွက် များစွာနစ်နာလှပါသည်။

နောင်တော်ကျောင်းထိုင်၊ကျောင်းပိုင် ဆရာတော်များအနေနှင့်လည်း မိမိတို့၏ ကျောင်းတိုက်ကို တပ်မက်မနေပဲ ညီတော်သံဃာတော်များအား မျှဝေ၍ အတူတကွ သာသနာပြုလုပ်ငန်းကို ညီညွတ်စွာပြုလုပ်ဆောင်ရွက်သည့်ပါသည်။ရန်ကုန် မန္တလေး အစရှိသည့် ကျောင်တိုက်များတွင် နာမည်ကြီးစာသင်တိုက်ကြီးများမှလွဲ၍ ကျောင်းတိုက်အတော်များများတွင် သံဃာတော်များအားလက်မခံပဲ မိမိတို့နှင့်ဆွေမျိုးနီးစပ်သည့် ပုဂ္ဂိုလ်များအားသာလျှင် လက်ခံထားကြပါသည်။သင်တန်းတက်၊ဈေးဝယ်၊ ဆေးရုံးတက် စသည်ဖြင့် လာရောက်ကြသည့် ဧည့်သည်များအားလက်ခံပြီး ထိုဧည့်သည်များမှ တည်းခိုးခအဖြစ် လှုဒါန်းသည့် လာတ်လာဘကို မက်မောတွယ်တာနေကြပါသည်။ထိုဧည့်သည်များကို လက်မခံရဟု ဆိုလိုခြင်းမဟုတ်ပါ။နယ်ဝေးမှ စေးဝယ်ခြင်း၊ဆေးကုခြင်းစသောအကြောင်းကြီးငယ်ဖြင့်မြို့သို့ရောက်လာသူများမှအခြေအနေအရတည်ခိုးရန် နေရာ အခက်တွေ့သည့်အခါတွင် ဘုန်တော်ကြီးကျောင်းများအား တည်းခိုးရမှာပင်ဖြစ်ပါသည်။ထိုကဲ့သို့ ဆေးကြုခင်းစသည့် တစ်ခဏတာတည်းခိုနေခြင်းမျိုးမဟုတ်ပဲ အစဉ်ထာဝရ အိမ်ကဲ့သို့နေထိုင်နေကြသည်မှာ လုံးဝမသင့်တော်ပေ။

မိမိသည် ဗုဒ္ဓတက္ကသိုလ်(ရန်ကုန်)သို့ တက်ရောက်ပညာသင်ယူရန်အတွက် ရန်ကုန်မြို့တွင်လှည့်လည်၍ ကျောင်းများလိုက်လျှောက်ဖူးပါသည်၊ ကျောင်းပေါင် ၂၀-ကျော်သာလျှောက်လိုက်ရတယ် တစ်ကျောင်းမှလက်မခံပေ “ငါတို့ကျောင်းက နေရာလွတ်မရှိတော့’’ဟုသာပြောကြပါတယ်။နေရာလွတ်မရှိဟုသာလို့သာပြောတယ်ကျောင်းတိုက်တစ်တိုက်လုံးမှ သံဃာ ၅-ပါးပင်မပြည့်ကြပါ ထိုရှိသည့်သံဃာများမှာလည်း ကျောင်းထိုင်ဆရာတော်နှင့်ဆွေမျိုးနီးစပ်တော်သူများသာဖြစ်ကြပါသည် ။

မြတ်စွာဘုရားရှင်သည် မိမိ၏သားတော်အရှင်ရာဟုလာ၊ညီတော်အရှင်အာနန္ဒာနှင်တခြားသော ဆွေတော်မျိုးတော်တို့အား လက်ဝဲရံ၊လက်ယာရံ စသည့် မဟာသာဝက အဂ္ဂသာဝကစသည့် ရာထူးများမပေးပဲ အမှန်တကယ် အရည်းအချင်နှင့်ပြည့်စုံ၍ သာသနာပြုနိုင်ကြမည့် အရှင်သာရိပုတ္တရာ အရှင်မောဂ္ဂလာန် စသည့်သာဝကတို့အားသာလျှင် လက်ယာရံ၊လက်ဝဲရံစသည့်တို့ကိုပေးတော်မူထားသည်ကိုေ ထာက်ဆ၍ဘုရားရှင်၏တပည့်သားပီသစွာဖြင့်ဘုရားရှင်ကဲ့သို့ သာသနာပြုနိုင်သည့် အရည်အချင်းနှင့်စိတ်ထားရှိကြသည့် သံဃာတော်များအားသာနေရာပေးသင့်ပါတယ်။

ထိုကျောင်တိုက်များသည်သံဃာမရှိပေမည့်လည်း လူပဂ္ဂိုလ်များကတော့ မနည်းလှပေ တချို့ဆိုလျှင်အိမ်ထောင်သားမွေးပင်ပြုလုပ်နေကြပါသည်။
ထိုကဲ့သို့အဖြစ်မျိုးမိမိတစ်ပါးတည်းတွေ့ကြုံရသည်မဟုတ်ပေမိမိသူငယ်ချင်း သံဃာတော်များလည်း ကျောင်နေရာ အခက်အ ခဲတွေ့ကြုံရကြောင်းသိရှိပါသည်။

တချို့ သံဃာတော်များဆိုလျှင် သာသနာစိတ် စာစိတ်ရှိပါလျှက် နေထိုင်စရာကျောင်းရှာမရသော ကြောင့်တောရပ်ရွာသို့ပြန်သွားရပြီး ပညာသင်ရန်အခွင့်အလမ်းများဆုံးရှုံးသွားသည့်အတွက် နိုင်ငံတော်နှင့် သာသာနာတော်အတွက် များစွာနစ်နာလှပါတယ်။
ထို့ကြောင့်ကျောင်းထိုင်၊ကျောင်ပိုင်ဆရာတော်များအနေနှင့်ဘာသာစိတ် သာသာနာစိတ် လေးထားပြီးပညာသင်ညီတော်သံဃာတော်တို့အား မိမိကျောင်းတိုက်တွင်လက်ခံပြီး ပျော်ရွှင်စည်းလုံးစွာနှင့်လက်တွဲကာ သာသနာပြုသင်လှပါသည်။


ဓမ္မ၀ီရ အရှင်တေဇနိယ

ဗုဒ္ဓဂယာ၊အိန္ဒိယ

Web Site;www.ashintejaniya.com

Wednesday, September 25, 2013

"သာသနာပြုအခွင့်အလမ်း ပွင့်လန်းစေချင်...(၁) "



သီရိလင်္ကာသံဃာတော်အရှင်သူမြတ်အများစုဟာမူလတန်း၊အလယ်တန်း အထက်တန်းနှင့် တက္ကသိုလ်များမှာ ကျောင်းဆရာများအဖြစ် အလုပ်လုပ်ပြီး သာသနာပြုနေကြပါတယ်။တနည်းဆိုရတော်ဘာသာရေးတစ်ခုတည်းသာမကပညားရေးအခန်းကဏ္ဍမှာဦးဆောင်ပြု၍သာသနာပြုနေကြခြင်းဖြစ်ပါသည်၊”လောကတ္ထစရိယညာတတ္ထစရိယ’’ဆိုသည့်အတိုင်း မိမိရဲ့လူမျိုးတိုးတက်အောင် စီးပွားရေး၊လူမှုရေးဘာသာရေး ကိုလမ်းပြပေးတာဟာလည်း ဘုရားရဲ့ အလိုတော်ကျ သာသနာပြုနေကြခြင်းပင်ဖြစ်ပါတယ်။

သိရိလင်္ကာနိုင်ငံတွင် သံဃာတော်များအတွက်သာမကပဲ လူပပုဂ္ဂိုလ်များအတွက်ပါ ` အာနန္ဒာကောလိပ်´ `ဗုဒ္ဓဘာသာအမျိုးသမီးကောလိပ်´စသည့်ဖြင့်ဖွင့်လှစ်ထားပေးသည့်အပြင် တက္ကသိုလ်တိုင်းတွင်လည်း`ဗုဒ္ဓဘာသာလေ့လာရေးဋ္ဌန´ဆိုပြီးထားရှိပေးပါတယ်။
တက္ကသိုလ်အဆင့် မရောက်ခင် မူကြို၊ မူလ၊အလယ်၊အထက်တန်းများတွင်လည်း ဗုဒ္ဓဘာသာတရားတော်များကို ပြဋ္ဌာန်းပြီး မဖြစ်မနေသင်ကြားပေးပါသည်။ထိုင်အပြင် တနင်္ဂနွေ ကျောင်းပိတ်ရက်များတွင်လည်း ဘုန်းတော်ကြီးကျောင်းများတွင် ဓမ္မစကူ(လ်)သင်တန်းဆိုပြီး အစိုးရကျောင်းတက်သူတိုင်း အတက်မနေရ တက်ကြရပါတယ်။

ထို့ကြောင့် သီရိလင်္ကာနိုင်ငံသားတို့သည် ဆင်းရဲသားကအစ ဟသမ္မတအဆုံး ပြည်သူအားလုံးတို့ဟာ ဘုန်တော်ကြီးကျောင်းထွက် ဘုန်းကြီးကျောင်းသာ ဘုန်းကြီးကျောင်းသူများဖြစ်ကြသာကြောင့် ရဟန်းသံဃာတော်များအားလေးစားသည်၊တန်ဖိုးထားသည်။သမ္မတသည် မည့်သည့်အလုပ်ပဲ လုပ်လုပ် အရေးကြီးသည့်အလုပ်များတွင် သံဃာတော်တို့၏ အကြံဥာဏ်သြ၀ါဒကိုခံယူကြရ၏ သံဃာတော်များ သဘောတူညီချက်မပါပဲ မည့်သည့်ဆုံးဖြတ်ချက် မည့်သည့်လုပ်ငန်းမှ မချမှတ် မလုပ်ဆောင်ပေ

ရဟန်းတော်တို့သည် သာသနာပြုလုပ်ငန်းများ နိုင်ငံတော်၏ ပညာရေး၊ကျမ္မာရေး စသည်တို့ကိုကောင်းစွာလမ်းညွှန်ဆုံမနိုင်ကြသောကြောင် ပြည်သူ ပြည်သားတို့သည် ရဟန်းသံဃာတော်တို့၏တန်းဘိုးကိုနာလည်းပြီးတန်ဘိုးထားလေးစားတတ် လာကြပါတယ်။ ဒကာဒကာမတို့သည်ဘာသာရေးအခြေခံရှိထားပြီးဖြစ်သည့်အတွက်မိမိဘာသာရဲ့ တန်ဘိုးကို သိရှိနားလည်သွားသည့်အတွက်ကြောင့်ဘာသာပြောင်သွားတာဆိုတာမရှိသလောက် ရှားသွားပါ တယ်။ထို့သီရိလင်္ကာနိုင်ငံကဲ့သို့မိမိတို့နိုင်ငံတွင်လည်းအတန်းကျောင်များစွာ ဗုဒ္ဓစာပေ များကို ပြဋ္ဌာန်ပေးနိုင်ရန်အစိုးရတာဝန်ရှိသူများနှင့်ဆရာတော်သံဃာတော်အရှင်မြတ်များ၊ အရေးပါသည့် သဒ္ဒါ၊ပညာရှိကြသည့်ဒကာ၊ဒကာမအများအနေ ဖြင့်ကြိုး စားဆောင်ရွက်သင့်ပါသည်။


(ဆက်လက်ဖော်ပြပါမည်...........................)

ဓမ္မ၀ီရ အရှင်တေဇနိယ

ဗုဒ္ဓဂယာ၊အိန္ဒိယ

Web site;www.ashintejaniya.com