“ဘုရားရှင်နှင့် သံဃာတော်တွေကိုဆွမ်းကပ်ဖို့ ဆွမ်းတော်ချက်နေရင် တပည့်တော်ဘယ်တော့မှ အပေါ့အငန်မမြည်းရဲဘူး၊ဗိမ္မိသာရမင်းကြီးရဲ့ဆွေမျိုးပြိတ္တာတွေလိုဖြစ်မှာစိုးလို့ဘုရား၊ တပည့်တော်တို့ ဆွမ်းတော်ချက်နေတုန်း အပေါ့အငန်မြည
်းကောင်းပါသလားဘုရား” လွန်ခဲ့သောတပါတ်ခန့်က ဒကာ မကြီးတဦးမှ မိမိအားလျှောက်ထားမေးမြန်းထားတာလေးပါ။
ထိုဒကာမကြီးသည် သူကိုယ်တိုင်ဗုဒ္ဓတ ရားတော်များအား မိရိုးဖလာဗုဒ္ဓဘာသာထက်ကျော်လွန်ကာ ပညာပါသည့် အယူစင်ကြယ်သည့်ထေရ၀ါဒီ ဗုဒ္ဓဘာသာဝင်အ ဖြစ်ကျကျနနလေ့လာလိုက်စားနေရုံမကပဲ လက်လှမ်းမီရာသူငယ်ချင်း၊မိတ်ဆွေတို့အား
တစ်ပိုင်တစ်နို င်ဗုဒ္ဓတရားတော်မြတ်တို့၏ အနှစ်သာရတို့အား
ဟောပြလမ်းညွှန်ပေးနေသော သာသနာပြု ဒကာမတ ဦးဖြစ်ပါတယ်။ထိုဒကာမကြီး၏
အမေးပုစ္ဆာဟာ ဗုဒ္ဓဘာာသာဝင်များအတွက်၊အထူးသဖြင့် ဆွမ်းဆက် ကပ်လှုဒါန်ကြသည့် ဒကာမများ၊ ၀ါတွင်း၊၀ါပသံဃဒါနဆွမ်းလောင်းအသင်းများမှ ဝေယျဝစ္စဒကာ၊ ဒကာမများ၊ စသည့်ဗုဒ္ဓဝေယျဝစ္စ၊သံဃဝေယျဝစ္စပြုလုပ်ကုသိုလ်တော်ယူကြသည့် ဒကာ၊ဒကာမအများ အတွက် သိသင့်၊သိထိုက်၊အကျိုးရှိသော
အမေးပုစ္ဆာဖြစ်ခြင်းကြောင့် ထိုအကြောင်းကို အများသူငှာ သိထားနိုင်ရန်အတွက်
ဆောင်းပါးတစ်ပုဒ်ရေးသားက ကောင်းပေမည်ဟု စဉ်းစားမိလို့ ဒီဆောင်းပါး လေးကို
ရေးသားလိုက်ခြင်းဖြစ်ပါတယ်။
ဖော်ပြပါအမေး၏အဖြေကိုကိုရှင်းလင်းနားလည်သဘောပေါက်ဖို့အတွက် ဦးစွာ ဗိမ္မိသာရ ဘုရင်၏ ဆွေးမျိုးတော်စပ်ခဲ့ဖူးသည့် ပြိတ္တာများရဲ့ ပြိတ္တာဖြစ်ရခြင်းအကြောင်းရင်းကို သိထားဖို့ လိုပါတယ်။လွန်ခဲ့သော (၉၂)ကမ္ဘာထက် “ဖုသ”ဘုရားရှင်၏လက်ထက်တော်ကာလမှာ “ကာသိတိုင်း ပြည်ရှင်ဘုရင်ဇယသေနမင်းကြီးနှင့် သီရိမာမိဖုရား”တို့ဟာ “ဖုသဗုဒ္ဓဘုရားရှင်တော်မြတ်အား
အလွန် ကြည်ညိုလှတာကြောင့်” ဘုရားရှင်နှင့် နောက်ပါ
သံဃာတော်အရှင်သူမြတ်များ နန်းတော်သို့ဆွမ်း ဘုဉ်းပေးကြွတော်မူသည့်
အခါတိုင်း တခြားသော မင်းညီမင်းသား၊ မှုးကြီးမတ်ရာ သေနာပတိတို့အား
လုပ်ကျွေးကုသိုလ်ပြုခွင့်မပေးပဲ မိမိတို့ကိုယ်တိုင်သာ လုပ်ကကျွေးကုသိုလ်တော်ပြုလေ့ရှိ၏။
ဒါကြောင့် ဘုရင်ဇယသေနရဲ့ သားတော် သုံးယောက်တို့ဟာ မိမိတို့လည်း
ဗုဒ္ဓမြတ်စွာနှင့် သံဃာတော်အရှင်သူ မြတ်တို့အား ဆွမ်းဆက်ကပ်ခွင့်ရရှိအောင်
တိုင်ပင်ပြီး “တိုင်ပြည်၏ နယ်စွန်နယ်ဖျားတွင် သူပုန်သူကန်
များထကြွသောင်းကျန်နေသယောင် ဇာတ်တိုက်လုပ်ဆောင်ကြပြီး မင်းကြီးအား ထိုသူပုန် သူကန်တို့ ကို မိမိတို့ ညီနောင်သုံးယောက်သွားရောက်တိုက်ထုတ်နှိမ်နှင်းခွင့်ပေးရန် သံတော်ဦးတင်ကြပါသည်။
မင်းကြီးက ခွင့်ပြုလေသော် မင်းသားသုံးဦးတို့သည် ကြိုတင်ဇာတ်တိုက်စီစဉ်ထားကြသည့် အတိုင်း သူပုန်သူကန်တို့အား နှိမ်နှင်အောင်မြင်၍ နေပြည်တော်သို့ပြန်လာလေသော် မင်းကြီးသည် သားတော်တို့အား ၀မ်းမြောက်လှသဖြင့် ကြိုက်ရာဆုကိုတောင်းခိုင်း၏၊
ထိုအခါ မင်းသားတို့သည် ဗုဒ္ဓမြတ်စွာနှင့် သံဃာတော်တို့အား ဆွမ်းဆက်ကပ်
လှုဒါန်းလုပ်ကျွေးခွင့်ကို တောင်ဆိုပါတော့တယ်။ မင်းကြီးလည်း သားတော်တို့အား
၃-လတိတိ ဗုဒ္ဓမြတ်စွာနှင့် သံဃာတော်တို့အား ဆွမ်းဆက် ကပ်လှု ဒါန်းခွင့်အား
ခွင့်ပြုလိုက်လေ၏။
မင်းသားသုံးဦးတို့လည်း ဘုရင်မင်းမြတ်၏
ခွင့်ပြုမိန့်ကို ရရှိသောအခါ မိမိတို့ အပိုင်စားရထား သည့် မြို့နယ်တွင်
ဘုရားနှင် သံဃာတော်တို့အား ၀ါတွင်း သုံးလတိုင်တိုင် ဆွမ်းစသည်တို့ဖြင့်
လှုဒါန်း လုပ်ကျွေးရန်အတွက် ကြိုတင်စီမံထားရန် မင်းချင်းအမတ်တဦးအားစေလွှတ်လိုက်လေ၏။
မင်းချင်း အမတ်လည်း ၀မ်းမြောက်စွာဖြင့် မြို့နယ်သို့သွားရောက်ကာ
မိမိ၏ဆွေမျိုးပေါင်း တစ်သောင်းတစ်ေ ထာင်တို့ကို ဗုဒ္ဓဝေယျာဝစ္စ၊သံဃာ့ဝေယျဝစ္စအတွက် လုပ်ကိုင်စေ၍ မိမိကိုယ်တိုင်တက်ကြွစွာ ပါဝင်ကု သိုလ်ပြုလုပ်ပါတယ်။
(ထိုမင်းချင်းသည် ထိုသို့သဒ္ဒါတရားထက်သန်စွာ ဘုရားရှင်နှင့် သံဃာတော်
တို့အား ဝေယျာဝစ္စကု သိုလ်ပြုလုပ်ခဲ့သော ကုသိုလ်ကြောင့် “ဂေါတမဘုရား
ရှင်”၏လက်ထက် တော်တွင် သောတာပန် သာသနာပြုမင်းတပါးဖြစ်သည့်”ဗိမ္ဗိသာရ”မင်းကြီးဖြစ်လာ၏)
မင်းသားသုံးဦးတို့သည် မင်းချင်းအမတ်၏ စီစဉ်မှုကြောင့် ဘုရားရှင်နှင့် သံဃာတော်တို့ အတွ က် အစစအရာရာ အဆင်ပြေအသင့်ဖြစ်သည့်အခါတွင်
မိမိတို့အပိုင်စားရသည့် မြို့နယ်သို့ ဘုရားရှင် နှင့်
နောက်ပါသံဃာတော်တို့အား ပင့်တော်မူကြပြီး မိမိတို့ကိုယ်တိုင်
ထိုဝါတွင်းသုံးလ လုံးလုံး ဗုဒ္ဓဝေ ယျာဝစ္စ၊သံဃာ့ဝေယျာဝစ္စပြုလုပ်ပြီး ဖန်ရည်ဆိုးအ၀တ်(ယောဂီရောင်)များဝတ်ဆင်၍ သတင်းသီလ စောင့်ထိန်းခြင်း တရားနာ၊တရားကျင့်၍ ကုသိုလ်ဖြင့်သာ နေထိုင်ကြပါတယ်။
( မင်းသားသုံးဦးနှင့် နောက်ပါ အခြံအရံတယောက်တို့သည်
ထိုကောင်းမှုများကြောင့် နတ်ပြည်၊လူပြည်တွင် အဖန်ဖန် ကျင်လည်၍
ဂေါတမဘုရားလက်ထက်တော်တွင် “ကဿပ ရသေ့ညီနောင်သုံဦး”နှင့်
ရသေ့တထောင်တို့ဖြစ်၍ နောင်ဘုရားရှင်နှင့်တွေ့ကာ ရဟန်ပြုပြီး အသဝေါကင်းကွာ
ရဟန္တာများဖြစ်လာ၏)
မင်းသားသုံးဦး၏ ၀ါတွင်းသုံးလကြာ
အလှုပွဲတော်တွင် ဆန်ရွေး၊ဆွမ်းချက်၊ စသည့် အောက် ခြေသိမ်းအလုပ်ကို လုပ်ကြသော
ဇနပုဒ်သားတို့သည် ဘုရားရှင်နှင့် သံဃာတော်တို့အတွက် ချက်ထား သည့်
ဆွမ်းနှင့် ဆွမ်းဟင်းတို့အား “ဆွမ်းကပ်ပြီးမှဆိုလျှင် ကောင်မွန်သည့်
ဟင်းအမယ်တို့မှာ ကျန်ရှိ တော့မည်မဟုတ်ဟု ”ဆိုကာ
ဆွမ်း၊ဘောဇဉ်၊ချိုချဉ်စသည်တို့အား
ဘုရားရှင်နှင့် သံဃာတော်တို့အား မဆက်ကပ်ရသေခင် စားသောက်ကြပြီး မိမိတို့၏
ဇနီးမယား၊ သ္မီးသားတို့အားလည်း စားဦးစားဖျား တို့ကို ယူငင်ကျွေးကြ၏။
ထိုသို့မပြုလုပ်ရန် ဦးဆောင်သူ လူကြီးမိဘများမှ တားဆီးသည်ကို
လက်မခံသည့်အပြင် ဆွမ်းချက်ဆောင်ကိုပင် မသိမသာမီးတိုက်ပစ်ကြ၏။
ထိုသို့ ဘုရားနှင့် သံဃာတော်တို့မဘုဉ်းပေးရသေးမီ
စားဦးစားဖျားစားသောက်ပြီး ဆွမ်းချက် ဆောင်အား မီးတိုက်ကြသော
ဇနပုဒ်သားတို့သည်။ အလွန်ကြီးမားလှသော ထိုမကောင်းမှု အကုသိုလ် ၏
အကျိုးအပြစ်ဒဏ်အနေဖြင့် ထိုဘ၀မှစုတေကွယ်လွန်ကြသော် မဟာအ၀စိငရဲတွင် ကာလအလွန်
ရှည်ကြာစွာ ဆင်းရဲဒုက္ခကိုကြီးစွာခံစားကျရောက်ကြရပြီး၊
ငရဲမှ လွတ်မြောက်သောအတွင်လည်း ထိုအကုသိုလ်၏ ကံကြွင်းအပြစ်အဖြစ်
စားရမဲ့သောက်ရမဲ့ ဆင်းရဲကြီးသော ပြိတ္တာများဖြစ်ကြရကုန်၏။
ထိုပြတ္တာတို့သည် ဆင်းရဲဒုက္ခကိုပြိတ္တာဘ၀ဖြင့်လည်း
ကာလရှည်လျားစွာခံကြရပြီး ဤဘဒ္ဒ ကမ္ဘာတွင် ပွင့်ထွန်းတော်မူသည့်
“ကဿပ”ဘုရားရှင်၏ လက်တော်တော်ကာလတွင် မိမိတို့၏ ကာလ ရှည်ကြာခံစားနေရသည့်
ပြိတ္တာဆင်းရဲဘ၀မှ လွတ်မြောက်စေရန် အမျှပေးဝေမည့်သူလည်းမရှိသဖြင့် ယခုထက်တိုင် စားဦးစားဖျားစားသုံးခဲ့သည့် အကုသိုလ်အပြစ်မလွတ်မြောက်သေူကြောင်း ထိုအကု သိုလ်ဆင်းရဲမှ လွတ်မြောက်စေရန် လျှောက်ထားတောင်ပန်ကြလေ၏။
ထိုအခါကဿပဘုရားရှင်က “သင်တို့သည် ငါဘုရား၏လက်ထက်တော်ကာလတွင် အကု သိုလ်၏အပြစ်ကြီးမားမှုကြောင့် မကျွတ်မလွတ်မြောက်နိုင်သေးချေ၊ သို့ရာတွင် နောက်ပွင့်တော်မူလာ မည့်”ဂေါတမမြတ်စွာဘုရား”လက်ထက်တော်တွင် ဖုသ ဘုရားရှင်လက်ထက်တော်ကာလက သင်တို့ နှင့် ဆွေမျိုးတော်စပ်ခဲ့သော မင်းသားသုံးဦး၏ အလှုတွင်ဦးဆောင်စီစဉ်ကုသိုလ်ယူဆောင်ရွက်ခဲ့သည့်
အမတ်သည် “ဗိမ္မိသာရအမည်ဖြင့် ရာဇဂြိုဟ်ပြည်”တွင် ဘုရင်ဖြစ်လိပ်မည်၊
ထိုမင်သည် သင်တို့အား ရည်စူးပြီး ဘုရားရှင်နှင့် သံဃာတော်တို့အား
အလှုအတန်းပေး၍ အမျှပေးဝေလိပ်မည် ထိုအခါသင်တို့ သည် ပြိတ္တာဆင်းရဲမှ
ကျွတ်လွှတ်၍ ချမ်းသားသောဘ၀ကို ရရှိလတ္တံ့”ဟုမိန့်တော်မူပါတယ်။
ပြိတ္တာတို့ လည်း မိမိတို့ခံစားနေရသည့် ငရဲဆင်းရဲ၊ပြိတ္တာဆင်းရဲမှာ လွန်စွာကြာမြင့်နေပြီဖြစ်သဖြင့်၊
“ကဿပ ဘုရားရှင်”၏ မိန့်တော်မူသည့် စကားတော်ကိုကြားရသောအခါ
မနက်ဖြန်၊သဘက်ခါတွင် ပြိတ္တာ ဆင်းရဲမှ လွတ်မြောက်ကြတော့မည့်နှယ်
များစွာဝမ်းမြောက်ကြလေ၏။
ဤသို့ဖြင့် “ဂေါတမမြတ်စွာဘုရား၏လက်ထက်တော်ကာလသို့ရောက်ရှိသောအခါတွင်”
ဖုဿဘုရားရှင်လက်ထက်အခါက အမတ်မင်းချင်းသည် ရာဇဂြိုလ်ပြည့်ရှင်
ဘုရင်ဗိမ္မိသာရဖြစ်လာ၏။ ထိုအခါ ပြိတ္တာတို့သည် မင်းကြီးသည်ငါတို့အား
ရည်စူ၍ကုသိုလ်ပြုအမျှပေးဝေလိပ်မည်ဟု မျော်လင့်၍ နန်းတော်နှင့်အနီးအနားတွင် တွယ်ကပ်၍ အခွင့်အရေးကိုစောင့်မျှော်နေကြ၏။
မင်းကြီးသည် အလှုများစွာကို ပေးလှုပါသော်လည်း ပေးလှုပြီးသည့်အခါတိုင်း
အမျှပေးဝေခြင်းကိုမူ မပြုလုပ်ခဲ့ပေ။ ထိုအခါပြိတ္တာတို့သည်
မိမိတို့၏ဆင်းရဲဒုက္ခကိုမင်းကြီးကြားသိစေရန် ဟော်ဟစ်ငိုယိုတောင်းဆိုကြ၏။ ထိုပြိတ္တာတို့၏ ငိုယ်ုအကူညီတောင်းဆိုသံကို ကြားသောအခါမင်းကြီးသည် ထိုအသံ၏အကြောင်းကို ဂေါတမဘုရားရှင်အားလျှောက်ထားလေ၏။
ထိုအခါဘုရားရှင်၏ ပြိတ္တာတို့၏ ငိုယိုအော်ဟစ်အကူအညီတောင်းသည့်အသံဖြစ်ကြောင်းနှင့် ပြိတ္တာတို့၏ ရှေ့ဘ၀အတိတ်အကြောင်းကို မင်းကြီးအားဟောကြားတော်မူ၏။
ပြိတ္တာတို့၏ အကုသို လ်အကျိုးအပြစ်ကို အလုံးစုံသိရသောအခါ မင်းကြီးသည်
ဘုရားရှင်အား “ထိုပြိတ္တာများအား ရည်စူရည် မှန်း၍ အလှုလုပ်ပြီး
အမျှအတန်းပေးဝေလျှင် ကျွန်ချိန်တန်ပါပြီလား၊ ကျွန်နိုင်ပါပြီးလားဟုေ
လျှာက်ထား ၏” ဘုရားရှင်က ကျွတ်လွတ်နိုင်ပြီဖြစ်သည့်အကြောင်း
ဖြေကြားတော်မူသောအခါ မင်းကြီးသည် ထိုပြိ တ္တာတို့အတွက် ရည်မှန်း၍
ဘုရားရှင်နှင့် သံဃာတော်တို့အား ကြီးစွာသော ဆွမ်းအစရှိသော လှုဒါန်း
ဖွယ်ရာတို့အား ဆက်ကပ်လှုဒါန်ပြီး “ကုသိုလ်အဖို့အား
ငါ၏ဆွေမျိုးတော်စပ်ခဲ့ဘူးကြသည့် ပြိတ္တာများ အမျှရကြပါစေသတည်း”ဟုအမျှပေးဝေလေ၏။
မင်းကြီးအမျှပေးဝေသောခဏချင်းမှာပင် ပြိတ္တာတို့သည် နတ်ဝတ်နတ်စားနှင့် နတ်ဗိမာန် တို့ကိုရရှိသွားကြလေ၏။ ထိုအခါဘုရားရှင်သည် မင်းကြီးနှင့်တရားနားပရိဿတ်တို့အား ပြိတ္တာ တို့အမျှရကြ၍ ဘ၀ပြောင်းကာ ချမ်းသာသုခရရှိသွားကြပုံအား တန်ခိုးတော်ဖြင့် ပြတော်မူပြီး ကုသိုလ်ပြုလုပ်တဲ့အခါတိုင်း အမျှအတန်းပေးဝေကြရန် တရားတော်အား ဟောကြားတော်မူပါသည်။
ဗိမ္မိသာရမင်းကြီး၏ ဆွေမျိုးပြိတ္တာတို့သည် လူဘ၀တုန်းက ဘုရားရှင်နှင့် သံဃာ
တို့မဘုဉ်းပေး ရသေခင် စားဦးစားဖျားတို့အား “တခဏတနပ်စာ ဗိုက်ဝဖို့အတွက်
ဆိုးယုတ်သောဆန္ဒကို မတားဆီးပဲ စိတ်အလိုကိုလိုပ်မိပြီး
စားသောက်ခဲ့ကြသည့်အတွက် အလွန်ရှည်ကြာသော ကာလများတိုင်အောင်
ငရဲဆင်းရဲ၊ပြိတ္တာဆင်းရဲကို ကျရောက်ခံစားကြရခြင်းပင်ဖြစ်ပါတယ်
” ယခုခေတ်သံဃ ဒါနဆွမ်းလောင်းအသင်းများနှင့် အလှုအတန်းများတွင်
ဆွမ်းချက်ကြသည့် ဒကာ၊ဒကာမတို့အတွက် ထိုပြိတ္တာတို့၏ အဖြစ်အပျက်မှာ
သတိထားစရာပင်ဖြစ်ပါတယ်။
ဗိမ္မိသာရမင်းကြီး၏ အတိတ်ဘ၀ကဆွေမျိုးများငရဲကျ၊ပြိတ္တာဖြစ်ရခြင်းမှာ ဆွမ်းဟင်းချက်နေ စဉ် “အပေါ့၊အငန်”မြည်းသောကြောင့် လုံးဝမဟုတ်ပဲ ဘုရားရှင်နှင့် သံဃာတော်တို့မဘုဉ်းပေးရေ သးခင် စိတ်စေတနာဆိုးဖြင့် စားသောက်ကြသောကြောင့်သာဖြစ်ပါတယ်။
ထို့ကြောင့် ဆွမ်းဟင်းချက်စ ဉ် သံဃာတော်တို့ အရသာရှိစွာ
ဘုဉ်းပေးနိုင်ကြရန် “အစပ်အဟတ်တည့်မတည့်၊ အပေါ့အငန်” မြည်းခြင်းမှာ
မည်သည့်အကုသိုလ်မှ မဖြစ်ပါပေ။ အကုသိုလ်အဖြစ်သည့်အပြင် သံဃာတော်အ
ရှင်မြတ်များ အရသာရှိရှိဘုဉ်းပေးရစေဖို့ဆိုသော ကောင်မြတ်မွန်မြတ်သော စေတနာဇောအဟုန်ကြောင့် ကုသိုလ်တရားပင်ဖြစ်ထွန်းစေပါသည်။
(မိမိအကျိုး၊ သူတပါး၏အကျိုး၊ သည်ပိုးနိုင်ကြသူများဖြစ်ကြပါစေ)
ဓမ္မ၀ီရ အရှင်တေဇနိယ
ဗုဒ္ဓဂယာ၊ အိန္ဒိယ
Website;www.ashintejaniya.com
No comments:
Post a Comment