Friday, July 26, 2013
“ပါရမီမြောက် နိုင်ငံရေး”
မိမိသည် လွန်ခဲ့သော ဧပြီလဆန်းက ရန်ကုန်မြို့၊ လှိုင်ကလေးအထူးတရားပွဲတစ်ခုမှာ ဘ၀လမ်းခွဲ ဦးပညာဝရ(ဓမ္မဒူတ)နဲ့ ဆုံခဲ့၏။ ထိုအရှင်သည် အမျိုးသားရေးစိတ်ဓာတ် အလွန်ပြင်းထန်၏။ ယခုလတ်တလော “အမျိုးဘာသာ သာသနာကာကွယ်ရေးတရား”ကို ဇောင်းပေးပြီး ဟောကြားလျက် ရှိ၏။
ထိုသို့တွေ့စဉ် ထိုအရှင်သည် မိမိထက် အသက် ကြီးသဖြင့် လက်အုပ်ချီအရိုအသေပြုပြီး အမျိး ဘာသာ သာသနာနဲ့ ပတ်သက်ပြီး ပြောပြလိုက်ပါသည်။
“ဘုန်းကြီး တပည့်တော်တို့နိုင်ငံရဲ့အခြေအနေက ဆူးကြားသီတဲ့ ဗူးသီးလိုပဲ ဘုရား၊ အန္တရာယ်အလွန်များနေပြီ။ ရခိုင်ပဋိပက္ခ၊ မိတ္ထိလာပဋိပက္ခတွေကို ကြည့်လိုက်မယ်ဆိုရင် ဘာသာခြား ဘင်္ဂလီကုလားများရဲ့ နယ်ချဲ့စိတ်ဓာတ်ဟာ အထင်သားကြီးပေါ်နေတာ၊ ဘင်္ဂလီကုလားများရဲ့ အန္တရာယ်ဟာ အလွန်ကြောက်စရာကောင်းနေပြီ။ ဒါကို အမျိုးသားရေးစိတ်ဓာတ်နဲ့ အာဏာပိုင်အဖွဲ့၊ ပါတီပေါင်းစုံ၊ အဖွဲ့အစည်းမျိုးစုံကနေ ၀ိုင်းဝန်းကာကွယ်ပေးဖို့လိုပါတယ်ဘုရား”ဟု ပြောလိုက်ပါသည်။
ထိုအရှင်က “ဦးဇင်းရေ တပည့်တော်က ဒါတွေမြင်လို့ အမျိုးဘာသာ ကာကွယ်ရေးတရားကို ဟောနေတာပါ။ တပည့်တော်ကတော့ ဘယ်လိုဖြစ်ဖြစ်၊ နောက်မဆုတ်ဘူး။ ကိုယ့်အမျိးဘာသာ သာသနာကို တတ်နိုင်သမျှ ကာကွယ်သွားမှာပါ။ ဟိုတနေ့ကလဲ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်နဲ့ သွားတွေ့တယ်။ အမျိုးဘာသာ သာသနာကာကွယ်ဖို့အတွက် နည်းလမ်း ဥပဒေများထုတ် ပြန်သင့်ကြောင်း အကြံပြုခဲ့ပါတယ်။ ဒါပေမဲ့ သိပ်အားမရခဲ့ဘူး။ နိုင်ငံရေးသမားအများစုဟာ “အာဏာ”တစ်ခုလောက်ပဲ အဓိကထား တယ်။ သူတို့ အာဏာကို ထိပါးလာမည်ဆိုလျှင် အမျိုးဘာသာ သာသနာကို တန်ဖိုးမထားတော့ဘူး။ အဲဒါ အခက်ဆုံးပဲ” ဟု မိမိကို ပြောပြပါသည်။
ထိုအရှင်ရဲ့ စကား မှန်လှပေ၏။ နိုင်ငံရေးသမား ၂-မျိုးရှိပါသည်။“လုပ်စားနိုင်ငံရေးသမား”နဲ့ “၀ံသာနုနိုင်ငံရေသမား”။
လုပ်စားနိုင်ငံရေးသမားများက “နေရာ”တစ်ခုခု ရချင်လို့ နိုင်ငံရေးလောကထဲသို့ ရောက်လာခြင်းဖြစ်၏။ နေရာတစ်ခုခု ရလာလျှင် ကိုယ့်ရမည့် အခွင့်အရေးမှန်သမျှကို အိတ်သွန်ဖာမှောက် ခြစ်ခြုတ်ယူမည်ဖြစ်၏။ နေရာရဖို့အတွက် အထက်ကို ဖားမည်။ အောက်ကို ဖိမည်။ “နေရာ”ရမည်ဆိုလျှင် ဘာပဲလုပ်ရလုပ်ရဆိုတဲ့ “ငါ့ဖို့သမား”။ သူသည် အမျိုးကို စိတ်မ၀င်စား။ ဘာသာ သာသနာကို ဦးခေါင်းထဲ မထည့်။ “ငါ့ဖို့”တစ်ခုတည်းကို သိသည့် အတ္တသမားစစ်စစ်။
ထိုကဲ့သို့သော လုပ်စားနိုင်ငံရေးသမားတွေ ကြောင့် တချို့ပုဂ္ဂိုလ်များက နိုင်ငံရေးလောကဆိုလျှင် “ခွက်စောင်းခုတ်သည့်နေရာ” ဟု သဘောထားပြီး “ငါတို့က နိုင်ငံရေးလဲ စိတ်မ၀င်စားဘူး၊ အာဏာလဲ မရချင်ဘူး”ဟု ဂုဏ်ယူဝင့်ကြွားစွာ ပြောတတ်ကြပါသည်။ သူတို့ပြောသည်မှာ အကြောင်းမဲ့ ပြောသည် မဟုတ်ပါ။ လူလိမ်လူညာ လုပ်စားနိုင်ငံရေးသမားတို့ကြောင့် ဖြစ်ပေသည်။
ဝံသာနုနိုင်ငံရေးသမားဆိုသည်မှာ “တိုင်းပြည်နဲ့လူမျိုးကို စောင့်ရှောက်မယ်”ဆိုတဲ့ ရည်ရွယ်ချက်နဲ့ နိုင်ငံရေး လောကထဲသို့ ၀င်ရောက်လာသူ။ အမျိုးကို ထိမည်ဆိုလျှင် အသက်ချင်းလဲမည်သူ။ “မြန်မာ”နဲ့ “ရွှေတိဂုံ”ကို အသက်ထက်မက ချစ်မြတ်နိုးသူ။
သူသည် ရှေးဦးစွာ “အာဏာ”ကို ရအောင် ယူ၏။ ထိုသို့ယူခြင်းသည် သူ့အတွက် မဟုတ်ပါ။ တိုင်းပြည်နဲ့ လူမျိုးအတွက် ဖြစ်၏။ အာဏာရှိမှ လုပ်ခွင့်ရမည်မဟုတ်ပါလား။ ဥပမာ - အသောကမင်းတရား၊ ဒုဋ္ဌဂါမဏိ၊ အနော်ရထာ၊ ကျန်စစ်သား။ ထိုကဲ့သို့ နိုင်ငံရေးသမားများ တစ်ယောက် မက၊ တစ်ရာ။ တစ်ရာမက တစ်ထောင်။ များချင်သလောက် များပါ့စေ၊ တိုင်းပြည်အတွက် လိုအပ်လျက် ရှိပါသည်။
အမျိုး ဘာသာ သာသနာအတွက် နိုင်ငံရေးလုပ်လျှင် ထိုသည့်နိုင်ငံရေးသည် “ပါရမီမြောက်နိုင်ငံရေး”ပင် ဖြစ်၏။ ထို့ကြောင့် နိုင်ငံကိုချစ်လျှင် နိုင်ငံရေးလုပ်သင့်၏။ နိုင်ငံရေးကို စိတ်ဝင်စားသင့်၏။ “ငါနှင့်မဆိုင်”ဟု သဘောမထားသင့်။ ကိုယ်ပေးလိုက်သည့် “မဲ”တစ်ပြားသည် နိုင်ငံအတွက် အသက်တမျှ အရေးကြီးသည်ကို မမေ့သင့်ပါ။
ယခုအချိန်၌ လုပ်စားနိုင်ငံရေးသမားများ ပေါများလှပေသည်။ ပြောတော့ ပြည်သူ့အတွက်၊ လုပ်တော့ “ငါ့အတွက်”။ ၀ါရင့်နိုင်ငံရေးသမားကြီးက “ယနေ့မျက်မှောက်ခေတ် နိုင်ငံရေးသမားများကို ကြည့်လျှင် အမျိုး ဘာသာ သာသနာအတွက် အလုပ်လုပ်သော နိုင်ငံရေး သမားများ အလွန်ရှားပါးတယ်” ဟု မိမိကို ပြောပြဖူး၏။ ထိုသို့သော တောကြောင် နိုင်ငံရေးသမားများကို “ဦးခေါင်”မထောင်နိုင်ဖို့အတွက် ၀ံသာနုနိုင်ငံရေးသမားများ အထူးလိုအပ်လျက် ရှိပါသည်။ ဘာ့ကြောင့်နည်း၊ ၀ံသာနုနိုင်ငံရေးသမားများ မရှိလျှင် လုပ်စားနိုင်ငံရေးသမားများက မြန်မာပြည်ကြီးကို လက်ဝါးကြီးအုပ်သွားနိုင်သဖြင့် အန္တရာယ်ချောက်ကမ်းပါးထဲ ထိုးကျသွားနိုင်သောကြောင့်တည်း။
ဦးရာရှစ်ကို ကြည့်လိုက်ပါ။ သူသည် ဘင်္ဂလီကုလားလူမျိုးဖြစ်၏။ ပါးနပ်၏။ အခွင့်အရေးယူတတ်၏။ သူသည် တော်လှန်ရေးကာလမှာ နေရာတစ်ခု ရအောင် ယူ၏။ အပေါ်ယံကြည့်ရင်တော့ မြန်မာပြည်ကြီးကိုချစ်သလိုလို။ တကယ်တော့ မြန်မာကိုချစ်လို့ မဟုတ်ပါ။ ဘင်္ဂါလီလူမျိုးအတွက် နေရာရချင်လို့ပါ။
၁၉၃၆ခုနှစ် သပိတ်တုန်းက ဦးနုက ဥက္ကဋ္ဌ။ ဒီတော့ ဦးရာရှစ်သည် ဦးနုတို့ကို အပီကပ်ထားတာ။ ဒီတော့ ဦးနုကလည်း သူ့ကို မြန်မာပြည်ကိုချစ်တဲ့ “မျိုးချစ်သူရဲကောင်းကြီး” လို့ ထင်သွားတယ်။ ထို့ကြောင့် ၁၉၃၆ သပိတ်မှာ ဒု ဥက္ကဋ္ဌအဖြစ် ဦးရာရှစ်ကို ခန့်အပ်လိုက်တယ်။
ပြီးတော့ ဖဆပလအစိုးရလက်ထက်မှာ ၀န်ကြီးရာထူးကို တောင် ပေးလိုက်ပြန်တယ်။ မြန်မာများသည် ယုံပြီဆိုလျှင် ပုံအပ်လိုက်တော့တာပဲ။ တော်သေးဗျာ။ ဦးရာရှစ်ကို “၀န်ကြီးချုပ်ရာထူး” မပေးမိလိုက်လို့။ ပေးများပေးလိုက်လို့ကတော့ “မြန်မာပြည်သည် ရိုဟင်ဂျာတိုင်းပြည်” ဟု ကမ္ဘာသိ ကြေငြာဦးမလား မသိ။
သတိထားပါ. ကိုရွှေမြန်မာတို့ရေ။ မြန်မာပြည်ကို တကယ်ချစ်တာက မြန်မာ့တိုင်းရင်းသားတွေပါ။ မြန်မာ့တိုင်းရင်းသားတွေထဲမှာ သူ့ထက်မက တော်တဲ့ ပညာတတ်တွေ ရှိပါတယ်။ ဒါကို သတိမထားမိတော့ ဘင်္ဂလီကုလားလူမျိုးကို ၀န်ကြီးခန့်သတဲ့။ ဘယ်လောက်ထိ သဘောကောင်းသလဲ။ ဒီလို သဘောကောင်းကြလို့ ရခိုင်ပြည်နယ်ကြီးဟာ ပြဿနာမျိုးစုံတက်နေတာ။
ဦးရာရှစ်သည် ဦးနုထင်သလို “ မျိုးချစ်သူရဲကောင်း”တော့ ဟုတ်တယ်။ သို့သော် မြန်မာလူမျိုးကိုချစ်တဲ့ မျိုးချစ်သူရဲကောင်းမဟုတ်။ ဘင်္ဂလီကုလားလူမျိုးများကိုချစ်တဲ့ မျိုးချစ်သူရဲကောင်းကြီး စစ်စစ် ဖြစ်ပေသည်။
ထို့ကြောင့် ဦးရာရှစ်သည် ဘင်္ဂလီလူမျိုးများကို တိုင်းရင်းသားဖြစ်ချင်သည့်အတွက် “ရိုဟင်ဂျာလူမျိုး”ဟု တရားဝင်ဖြစ်အောင် မြန်မာ့သမိုင်းကို လိမ်တော့၏။ ထို့နောက် “ရိုဟင်ဂျာသည် မြန်မာ့တိုင်းရင်းသား”ဟု ကမ္ဘာသိဖြစ်အောင် သတင်းစာတွေမှာ ရေးသားကြတော့၏။ အဲဒီလောက်ထိ ဦးရာရှစ်က မြန်မာ့သမိုင်းကို ချို (ဂျို) မွှေသွားတယ်။ (ဘုရားလောင်းကြွက်မင်းဟာ မြေခွေးကို ဆရာတင်လိုက်လို့ ကြွက်များ တစ်ကောင်ပြီး တစ်ကောင် အသတ်ခံခဲ့ရဖူးပါတယ်။)
ထို့ကြောင့် ဒီကနေ့မြန်မာပြည်ကြီး၌ ရိုဟင်ဂျာပြဿနာဖြစ်နေခြင်းပါ။ ဒီပြဿနာသည် ကမ္ဘာသိပြဿနာပင် ဖြစ်နေတော့သည်။ အမေရိကန်သမ္မတ အိုဗားမားသည်ပင် “ရိုဟင်ဂျာ”ဆိုတဲ့ စကားလုံးကို သုံးသွားသေး၏။ ထိုမျှလောက် တွင်ကျယ်သွားသည်မှာ ဦးရာရှစ်တို့ရဲ့ လက်ချက်ပင်တည်း။
ထိုကဲ့သို့ လုပ်စားနိုင်ငံရေးသမားများကို တိုက်ခိုက်ချေမှုန်းနိုင်ဖို့အတွက် “၀ံသာနုနိုင်ငံရေး သမား” များ မြောက်မြားစွာ ပေါ်ထွက်ဖို့ လိုအပ်လှပေသည်။
ဘုရင့်နောင်၊ အလောင်းဘုရားတို့ရဲ့ စိတ်ဓာတ်မျိုးနဲ့ နိုင်ငံရေးလုပ်မည်ဆိုလျှင် “ပါရမီမြောက်နိုင်ငံရေး” ဖြစ်ပါကြောင်း။
ပညာတတ်လူငယ်လေးများ “ပါရမီမြောက်နိုင်ငံရေး”လုပ်သင့်ပါကြောင်း တိုက်တွန်းလိုက်ပါသည်။
(၀ံသာနုနိုင်ငံရေးသမားကြီး သခင်ချန်ထွန်းရဲ့ အောက်ပါစကားကို ဖတ်ကြည့်ပါ။)
“ ရိုဟင်ဂျာ ဆိုတာ ဦးရာရှစ်ပေးတဲ့ နာမည်။ ၁၉၅၂ ခုနစ်က။ ရိုဟင်ဂျာဆိုတာ တိုင်းရင်းသားလိုလို နာမည်ပေးလိုက်တော့ ရိုဟင်ဂျာ ရိုဟင်ဂျာဆိုပြီး သတင်းစာကရေး ဘာရေးရေးတာ။”
“ဦးနုက ၀န်ကြီးချုပ်ဖြစ်တော့ ဦးရာရှစ်ကို ခေါ် ၀န်ကြီးပေးခဲ့တာ။ လူကတော့ သိပ်တော် တယ်၊ သိပ်လျင်တယ်။ သို့သော်လည်း အဘတို့ လည်း အဲဒီတုန်းက ပါလီမန်အမတ်ဖြစ်နေတော့ ပါလီမန်ဆွေးနွေးပွဲတွေမှာ ပြောခဲ့ပါတယ်။ ပြောတော့ ဦးရာရှစ်က အဲဒီကျမှ နိုင်ငံသား လျှောက်တာ။ နိုင်ငံသား ရကာစရှိသေးတယ်။ ဖဆပလ အမတ်ပေါင်း စုံ အစည်းအဝေးမှာ ဦးနုက ၀န်ကြီးစာရင်း တင်ပြတဲ့အခါမှာ ဒီလောက်တော့ မသင့်ပါဘူး၊ သူ့ကိုတော့ ပြန်စဉ်းစားပေးပါ။ အမတ်တွေက ပြောကြတာ။ အဘလည်း ပါတယ်။ ပြောကြတဲ့အခါမှာ မကြိုက်ရင် ထွက်သွားဆိုတဲ့ စကား ဦးနုက သုံးခဲ့တာ”။
---
_______
Ashin Dayweinda
Subscribe to:
Post Comments (Atom)
No comments:
Post a Comment