၎င်းကို နိုင်ငံတော် သံဃမဟာနာယက
အဖွဲ့ထံသို့ တင်ပြပြီး၊ ၎င်းမှ သာသနာရေးဌာနသို့၎င်း၊ နိုင်ငံတော် သမ္မတသို့၎င်း၊ လွှတ်တော်သဘာပတိများထံသို့၎င်း၊
လွှတ်တော်ကိုယ်စားလှယ် အချို့ထံသို့၎င်း တင်ပြခဲ့သော် အဆိုတင်သည့် အဆင့်သို့ပင် မရောက်ရှိခဲ့၍
ယခုနှစ်မှာ ဒုတိယအကြိမ် ကြိုးစားကြရခြင်းဖြစ်ပါသည်။
သို့
ဥက္ကဋ္ဌ
နိုင်ငံတော်သံဃမဟာနာယက
ကမ္ဘာအေး၊ ရန်ကုန်
ရက်စွဲ၊ ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ၊
ရက်………
အကြောင်းအရာ။ ။ သာသနာတော်
အဓွန့်ရှည်တည်တံ့ရေးအတွက် ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးများ ခိုင်မာသော ဥပဒေဖြင့် ကာကွယ်ရေးကိစ္စ။
၁။ ရိုသေလေးမြတ်စွာ လျှောက်ထားအပ်ပါသည်၊
အချို့သောဘာသာဝင်များသည် သူတို့၏ ဘာသာပြန့်ပွားရေးအတွက် မြန်မာအမျိုးသမီးများ၊ တိုင်းရင်းသူများကို
နည်းအမျိုးမျိုးဖြင့် ဆွဲဆောင်စည်းရုံးလျက် လက်ထပ်ယူပါသည်။ ၄င်းတို့၏ ဘာသာထဲသို့ ၀င်ရောက်စေပါသည်။
ရိုးသားလှသော မြန်မာအမျိုးသမီးများသည် ၄င်းတို့၏ လှည့်ကွက်ကို မလွန်ဆန်နိုင်ဘဲ ဘာသာခြားတို့
လက်ထဲရောက်ကြသည်မှာ များစွာဖြစ်နေပါပြီဘုရား။ ထိုသူတို့၏ သားသမီးများသည်လည်း ဘာသာခြားများဖြစ်ကုန်ကြသဖြင့်
ဗုဒ္ဓဘာသာမှ များစွာဆုတ်ယုတ်လာပါသည်ဘုရား။
၂။ ထိုသို့သောသူများ၊ ထိုဖြစ်စဉ်များကို
ဘုရားတပည့်တော်တို့ ဘာသာရေးခေါင်းဆောင်များ၊ ပြည်သူလူထုများ၊ တရားဥပဒေများက မည်သို့မျှ
ကာကွယ်ပေးနိုင်ခြင်း မရှိခဲ့ပါ။ အင်ဒိုနီးရှား၊ မလေးရှား စသောနိုင်ငံများတွင်လည်း ဤကဲ့သို့
သွေးနှောသာသနာပြုလျက် နိုင်ငံရေးနယ်ပယ်သို့ ၀င်ရောက်နိုင်ခဲ့ကြသဖြင့် ရာစုတစ်ခုအတွင်းမှာပင်
ဗုဒ္ဓဘာသာကွယ်ခဲ့ရပါသည် ဘုရား။ တစ်ချိန်က ဗုဒ္ဓဘာသာလွန်စွာထွန်းကားခဲ့သည့် ပါကစ္စတန်၊
အာဖဂန်နစ္စတန်၊ အင်ဒိုနီးရှား၊ မလေးရှား စသည်တို့၏ သမိုင်းနှင့် ယခုလက်ရှိ မြန်မာ့အနေအထားကို
ဆက်စပ်လေ့လာပါလျှင် လွန်စွာကြောက်မက်ဖွယ် ကောင်းနေပါပြီဘုရား။ မြတ်စွာဘုရားရှင်၏ ဘာသနာတော်သည်
မြန်မာ့မြေမှ မကွယ်ပျောက်သင့်သေးပါဘုရား။
၃။ လက်တလောဖြစ်ပေါ်သွားသော
ရခိုင်အရေးအခင်းသည် ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့အတွက် အလွန်တရာထိတ်လန့်ဖွယ်ကောင်းသော
အန္တရာယ်အချက်ပေး ခေါင်းလောင်းသံကြီးပင် ဖြစ်ပါသည်။ ယခုအခါ ၄င်းဘာသာခြားတို့သည် စီးပွားရေး၊
လူမှုရေး၊ နယ်ပယ်တွင်မျှမက နိုင်ငံရေးနယ်ပယ်သို့ပါ ထိုးဖောက်ဝင်ရောက်လျက်ရှိနေပါသည်။
နိုင်ငံရေးနယ်ပယ်၌ ၄င်းတို့ အင်အားကောင်းလာပါလျှင် အနာဂတ်သာသနာ အနာဂတ် မြန်မာအတွက်
မတွေးဝံ့အောင်ပင် ဖြစ်ရပါသည်ဘုရား။
၎။ ထို့ကြောင့် ဘုရားတပည့်တော်တို့
ဘာသာဝင်များ စုပေါင်းညီညွတ်စွာဖြင့် အမျိုး၊ ဘာသာ၊ သာသနာ လုံခြုံရေးအတွက် ကာကွယ်ထိုက်သည်ကို
ကာကွယ်ရန် လိုအပ်နေပါပြီဘုရား။ တစ်ဦးချင်းစီ၏ အသိဥာဏ်ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်ရမည်
ဖြစ်သကဲ့သို့ တရားဥပဒေဖြင့်လည်း အခိုင်အမာ ကာကွယ်မှုတို့ကို ဆောင်ရွက်သင့်ပါသည်။ အကယ်၍…..
(က) မြန်မာအမျိုးသမီးများ
ဘာသာခြင်းနှင့် လက်ထပ်ရာတွင် ရှိသင့်ရှိထိုက်သော စည်းကမ်းများရှိခဲ့လျှင်
(ခ) ဘာသာကူးပြောင်းမှုတွင်
ရှိသင့်ရှိထိုက်သော စည်းကမ်းများရှိခဲ့လျှင်
(ဂ) ဘာသာမတူ မိဘနှစ်ပါးမှ
မွေးဖွားလာသော သားသမီးတို့၏ ဘာသာကိုးကွယ်မှုတွင် ရှိသင့်ရှိထိုက်သော စည်းကမ်းများ ရှိခဲ့ပါလျှင်၊
(ဃ) အာဆီယံအဖွဲ့ဝင် ဒီမိုကရေစီနိုင်ငံများဖြစ်သည့်
အင်ဒိုနီးရှား၊ မလေးရှား နိုင်ငံတို့၌ ၄င်းတို့ဘာသာ၊ သာသနာကို ကာကွယ်ရန် ပြန်ဌာန်းထားသည့်
တရားဥပဒေများနှင့် အလားတူသည့် စည်းကမ်း ဥပဒေများ ပြဌာန်းထားရှိခဲ့လျှင်၊
(၅)။ ဘာသာခြားတို့၏ သွေးနှောလျက်
သူတို့ဘာသာသို့ ဆွဲသွင်းကာ သူတို့၏ ဘာသာဝင်တိုးပွားစေခြင်း၊ ဘုရားတပည့်တော်တို့၏ ဘာသာဝင်အင်အား
ယုတ်လျော့စေခြင်းတို့ကို ကောင်းစွာကာကွယ်နိုင်မည်ဟု ယုံကြည်ယူဆပါသည်ဘုရား။
(၆)။ အထက်ပါ စည်းကမ်းချက်များပေါ်ပေါက်ရန်
တစ်နိုင်ငံလုံး သံဃာထု၏ ကိုယ်စားပြုဖြစ်သော နိုင်ငံတော် သံဃမဟာနာယက၏ စွမ်းအားဖြင့်
ဆောင်ရွက်သော် ဖြစ်နိုင်သည်ဟု ယုံကြည်ကိုးစားမိပါသည်။ ထို့ကြောင့် အထက်ပါ စည်းကမ်းချက်များ
ပေါ်ပေါက်ရန် နိုင်ငံတော် သံဃမဟာနာယက၏ စွမ်းအားဖြင့် ဆောင်ရွက်ပေးတော်မူပါရန် ရိုသေလေးမြတ်စွာ
လျှောက်ထားအပ်ပါသည် ဘုရား။
(၇)။ ဗုဒ္ဓမြတ်စွာသာသနာတော်မြတ်ကြီး၏
ရှေ့ရေးကိုမျှော်တွေး၍ ရင်လေးပူဆွေး နေရမှုများကို မေတ္တာ ဂရုဏာဓာတ် ကြီးမားတော်မူသော
ကျေးဇူးတော်ရှင် နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများ၏ ကာယဥာဏစွမ်းအားဖြင့် ဖယ်ရှားပေးတော်မူကြပါကုန်
ဘုရား။
(၈)။ လွန်စွာသိမ်မွေ့လျက်
ဖြေရှင်းရန်ခက်ခဲပြီး ရည်ရွယ်ချက်ရှိရှိဖြင့် စနစ်တကျထိုးဖောက် ၀င်ရောက်လာသော သာသနာ့
အန္တရာယ်ကို ဖယ်ရှားကာ သာသနာ့အသက်ကို ဆက်ပေးတော်မူကြပါရန်နှင့် အမျိုးဘာသာ၊ သာသနာ ကာကွယ်ရေးဥပဒေများ
ရေးဆွဲပြဌာန်းပေးနိုင်မည့် နည်းလမ်းများ ညွှန်ကြားပြီး တစ်မျိုးသားလုံး၏ အန္တရာယ်မှ ကာကွယ်စောက်ရှောက်စောက်ပေးတော်မူကြပါမည့်အကြောင်း
ရိုသေလေးမြတ်စွာ အသနားခံလျှောက်ထားအပ်ပါသည် ကျေးဇူးတော်ရှင် နိုင်ငံတော်သံဃမဟာနာယက
အရှင်သူမြတ်ကြီးတို့ ဘုရား။
လျှောက်ထားသူများ၏ (ကိုယ်စား)
အကြောင်းအရာ။ ။ နိုင်ငံတော်သံဃမဟာနာယက၏
အစည်းအဝေးဆုံးဖြတ်ချက်
**************************************************************
ရည်ညွှန်းချက်။ ။ (၆-၂၀၁၂)
ရက်စွဲပါ သံဃာ ( ) အပါးတို့မှ လက်မှတ်ထိုး၍ နိုင်ငံတော်သံဃမဟာနာယကရုံးသို့ တင်ပြလျှောက်ထားလာသည့်စာ။
၁။ ရည်ညွှန်းပါစာအရ နိုင်ငံတော်
သံဃမဟာနာယကအဖွဲ့မှ အစည်းအဝေးပြုလုပ်ပြီး အောက်ပါအတိုင်း သုံးသပ်ဆုံးဖြတ်သည်မှာ…..
(က) အချို့ဘာသာခြားတို့သည်
၎င်းတို့ဘာသာတိုးတက်ရေးအတွက် မြန်မာအမျိုးသမီးတိုင်းရင်းသူများကို နည်းမျိုးစုံသုံး၍
ဆွဲဆောင်သိမ်းသွင်းနေသည်မှာ မှန်ကန်ကြောင်း ယူဆနိုင်ပါသည်။
(ခ) ၁၉၅၄-ခုနှစ် "ဗုဒ္ဓဘာသာဝင်မိန်းမများ
အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှု အက်ဥပဒေ" ရှိခဲ့သော်လည်း ထိုဥပဒေသည် လက်ထပ်ထိမ်းမြားမှုနှင့်
ဆက်နွယ်လျက် ဖြစ်ပေါ်လာသော နောက်ဆက်တွဲ ဆိုးကျိုးတို့ကို ကောင်းစွာ ကာကွယ်နိုင်လောက်အောင်
ပြည့်စုံခြင်း မရှိသေးပါ။
(ဂ) မတရားဆွဲဆောင်သိမ်းသွင်းခံနေရသည်ဟု
သံဃာတော်များ သာသနာချစ်မြတ်နိုးသူများ စိတ်ထဲ ခံစားနေရပါသည်။ ၄င်းခံစားချက်သည် ပေါက်ကွဲစေတတ်သော
ဗုံးနှင့်တူသည်။
(ဃ) ထိုဗုံးပေါက်ကွဲသဖြင့်
မကြာခဏ အဓိကရုဏ်းများ ဖြစ်ခဲ့ရသည်။ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှု ပျက်စီးရသည်။
(င) ထိုကိစ္စကို ပေါ့ပေါ့ဆဆ
သဘောထား၍ လျစ်လျူရှုထားပါက ရာစုတစ်ခုအတွင်း သာသနာတော် ပျောက်ကွယ်သွားနိုင်သည်။
၂။ ရှိသင့်ရှိထိုက်သော ဥပဒေစည်းကမ်းချက်များကို
သက်ဆိုင်ရာများထံ အကြံပြုတင်ပြရမည်။ အကြံပြုရန် အချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။
(က) ဘာသာမတူသူနှစ်ဦးလက်ထပ်လိုလျှင်
သက်ဆိုင်ရာ ဘာသာနှစ်ဖက်နှင့် တရားရုံးသို့ ဦးတိုက်လျှောက်ထားလျက် ၄င်းတို့၏ မျောက်မှောက်၌သာ
လက်ထပ်ရမည်။ အမျိုးသားမှ အမျိုးသမီးကို၊ အမျိုးသမီးမှ အမျိုးသားကို မတရားဖိအားပေးလျက်
ဘာသာဆွဲဆောင်မှုမပြုပါဟု ၀န်ခံချက် လက်မှတ်ရေးထိုးရမည်။
(ခ) ဘာသာပြောင်းလိုသော ပုဂ္ဂိုလ်သည်
သက်ဆိုင်ရာ ဘာသာနှစ်ဖက်နှင့် တရားရုံးသို့ ဦးတိုက်လျှောက်ထားရမည်။ ထိုပုဂ္ဂိုလ်သည်
မတရားဖိအားပေးခံရ၍ ဘာသာကူးပြောင်းခြင်း ဟုတ်/မဟုတ် မူလဘာသာ၊ မိမိကူးပြောင်းမည့်ဘာသာ
နှစ်ခုလုံး၏ အကြောင်းကို ကောင်းစွာသိလျက် ပညာဥာဏ်သဒ္ဓါတရားဖြင့် ကူးပြောင်းလိုခြင်း
ဟုတ်/မဟုတ် သိရှိနိုင်ရန်၊ တရားရုံးမျက်မှောက်၌ သက်ဆိုင်ရာမူလဘာသာမှ စစ်ဆေးမေးမြန်းရမည်။
မေးမြန်းပြီး အချိန်အကန့်သက်တစ်ခုထားရှိကာ မလူဘာသာမှ ဘာသာရေးခေါင်းဆောင်များ၊ မိသားစုအသိုင်းအ၀ိုင်းများမှ
ဟောပြောဆုံးမလျက် ပြန်လည်စည်းရုံးခွင့် ရှိရမည်။ သတ်မှတ်ချိန်ပြည့်သောအခါ ပြန်လည်မေးမြန်းလျက်
ဘာသာကူးပြောင်းလိုသေးလျှင် သက်ဆိုင်ရာ ဘာသာနှစ်ခုနှင့် တရားရုံးရှေ့မှောက်၌ ဘာသာကူးပြောင်းရမည်။
(ဂ) ဘာသာမတူ မိဘနှစ်ပါးမှ
မွေးဖွားလာသူသည် ဘာသာနှစ်ဖက်လုံး၏ အဆုံးအမကို ခံယူခွင့်ရှိရမည်။ အရွယ်ရောက်၍ ဘာသာတစ်ခုတည်းသာ
ကိုးကွယ်လိုလျှင် နှစ်ဖက်ဘာသာရေးခေါင်းဆောင်များနှင့် တရားရုံးမျက်မှောက်၌ စစ်ဆေးခံလျက်
နှစ်သက်ရာဘာသာကို ကိုးကွယ်ခွင့်ရှိရမည်။
၃။ အထက်ပါစည်းကမ်းချက်များ
မလိုက်နာလျှင် တရားဥပဒေအရ အရေးယူခွင့်ရှိရမည်။
၎။ ၄င်းစည်းကမ်းချက်များသည်
မည်သူ့ကို သာစေ၊ မည်သူ့ကို နာစေ-ဟူသော ဘက်လိုက်မှု ကင်းလျက် တရားမျှတသည်။ မတရားဆွဲဆောင်သိမ်းသွင်းခံနေရသည်ဟူသော
စွပ်စွဲချက်များကို ငြိမ်းအေးစေနိုင်သည်။ ဘာသာတစ်ခုနှင့်တစ်ခု မယုံသင်္ကာစိတ်များ နည်းပါးလျက်
ပို၍ ပေါင်းစည်း ညီညွတ်စေလာနိုင်သည်။
၅။ ၄င်းစည်းကမ်းချက်များသည်
လွတ်လပ်ခွင့်ကို တားဆီးခြင်းမဟုတ်၊ လွတ်လပ်ခွင့်တစ်ခုမှ ပြဿနာများပေါ်ပေါက်လျှင် (သို့)
သူတစ်ပါးကို ထိခိုက်နစ်နာစေသော လွတ်လပ်မှုမျိုးဖြစ်လျှင် ၄င်းလွတ်လပ်ခွင့်သည် အပြစ်ကင်းသော
လွတ်လပ်ခွင့်မဟုတ်၊ အပြစ်ကင်းသော လွတ်လပ်ခွင့်ဖြစ်အောင် စည်းကမ်းချက်များ ထည့်ပေးရမည်။
ထိုစည်းကမ်းချက်များသည် လွတ်လပ်ခွင့်ကို တားဆီးခြင်းမဟုတ်၊ အပြင်ကင်းသော လွတ်လပ်ခွင့်
လူ့အခွင့်အရေးကို အပြည့်အ၀ ကာကွယ်ပေးထားသော လွတ်လပ်ခွင့်၊ လွတ်လပ်စွာ ကိုးကွယ်မှုကို
ထိုခိုက်နစ်နာစေမှု လုံးဝမရှိသော လွတ်လပ်ခွင့်ဖြစ်အောင် စည်းကမ်းရှိစေခြင်းသာ ဖြစ်သည်။
၆။ ၄င်းစည်းကမ်းချက်များသည်
မည်သည့်ဘာသာ၊ မည်သည့်လူမျိုး၊ မည်သည့်ပုဂ္ဂိုလ် တစ်စုံတစ်ဦးကိုမျှ ဖိနှိပ်ခြင်း၊ နစ်နာစေခြင်း
မရှိသဖြင့် တရားမျှတလှပါသည်။ တရားမျှတလျှင် လွတ်လပ်ခွင့်ကို တားဆီးခြင်း၊ ထိပါးချုပ်ခြယ်ခြင်းဟု
မည်သို့မျှ မဆိုနိုင်တောပါ။
၇။ အထက်ပါ စည်းကမ်းချက်များကို
အချို့က နိုင်ငံတကာစံနှုန်းနှင့် နှိုင်းယှဉ်နိုင်သည်။ အများစုဝတ်ဆင်သော အ၀တ်အစားကို
မိမိဝတ်ဆင်ရာ၌ မိမိအတွက် အဆင်မပြေလျှင် အဆင်ပြေအောင် ပြုပြင်လျက် ၀တ်ပိုင်ခွင့်ရှိသည်။
မိမိချမ်းသာအောင် အဆင်ပြေအောင် ပြုပြင်ဝတ်ဆင်ခြင်းသည် မိမိ၏ လွတ်လပ်ခွင့်ပင် ဖြစ်သည်။
မည်သူမျှလည်း အပြစ်ပြောမည်မဟုတ်၊ လက်ထပ်ခြင်း၊ ဘာသာကူးပြောင်းခြင်းတို့၌ နိုင်ငံတကာစံနှုန်းနှင့်
တိုင်းတာလျက် ရှိသင့် ရှိထိုက်သော စည်းကမ်းများမရှိဘဲ လက်ထပ်ကြ၊ ဘာသာပြောင်းကြခြင်းကြောင့်
ဘာသာ သာသနာကွယ်မည့်အန္တရာယ်နှင့် တွေ့ကြုံနေရသည်။ ထိုအန္တရာယ်ကို ကာကွယ်ရန် စည်းကမ်းချက်အချို့
ထည့်ပေးခြင်းသည် မိမိတို့၏ လွတ်လပ်ခွင့်သာ ဖြစ်သည်။ စည်းကမ်းရှိခြင်းသာ ဖြစ်သည်။ မည်သူမျှ
အပြစ်ပြောဖွယ်မရှိ။ အပြစ်ပြောသူသည် တရားမျှတမှုကို တန်ဖိုးမထားသူ၊ ရှေ့ဖြစ်လာမည့် အန္တရာယ်ကို
ကြိုတင် မမျှော်တွေးနိုင်သူသာ ဖြစ်လိမ့်မည်။
၈။ ဤသို့ စသည်ဖြင့် နိုင်ငံတော်
သံဃမဟာနာယက ဆရာတော်ကြီးများမှ သဘောတူ ဆုံးဖြတ်ကြပါသည်။ ထိုဆုံးဖြတ်ချက်ကို သက်ဆိုင်ရာ
တာဝန်ရှိသူ အသီးသီးမှ သိရှိလျက် ထိုစည်းကမ်းချက်များသည် လုပ်ထုံး လုပ်နည်းနှင့်အညီ
စည်းကမ်းဥပဒေများအဖြစ် ပေါ်ပေါက်လာနိုင်စေရန် သက်ဆိုင်ရာသို့ တင်ပြ ကြမည်ဟု စည်းဝေးဆုံးဖြတ်ကြပါသည်။
မှတ်တမ်းတင်သူ
အစည်းအဝေးတက်ရောကသည့် နိုင်ငံတော်
သံဃမဟာနာယကအဖွဲ့များ။
No comments:
Post a Comment