Friday, July 26, 2013
“ပါရမီမြောက် နိုင်ငံရေး”
မိမိသည် လွန်ခဲ့သော ဧပြီလဆန်းက ရန်ကုန်မြို့၊ လှိုင်ကလေးအထူးတရားပွဲတစ်ခုမှာ ဘ၀လမ်းခွဲ ဦးပညာဝရ(ဓမ္မဒူတ)နဲ့ ဆုံခဲ့၏။ ထိုအရှင်သည် အမျိုးသားရေးစိတ်ဓာတ် အလွန်ပြင်းထန်၏။ ယခုလတ်တလော “အမျိုးဘာသာ သာသနာကာကွယ်ရေးတရား”ကို ဇောင်းပေးပြီး ဟောကြားလျက် ရှိ၏။
ထိုသို့တွေ့စဉ် ထိုအရှင်သည် မိမိထက် အသက် ကြီးသဖြင့် လက်အုပ်ချီအရိုအသေပြုပြီး အမျိး ဘာသာ သာသနာနဲ့ ပတ်သက်ပြီး ပြောပြလိုက်ပါသည်။
“ဘုန်းကြီး တပည့်တော်တို့နိုင်ငံရဲ့အခြေအနေက ဆူးကြားသီတဲ့ ဗူးသီးလိုပဲ ဘုရား၊ အန္တရာယ်အလွန်များနေပြီ။ ရခိုင်ပဋိပက္ခ၊ မိတ္ထိလာပဋိပက္ခတွေကို ကြည့်လိုက်မယ်ဆိုရင် ဘာသာခြား ဘင်္ဂလီကုလားများရဲ့ နယ်ချဲ့စိတ်ဓာတ်ဟာ အထင်သားကြီးပေါ်နေတာ၊ ဘင်္ဂလီကုလားများရဲ့ အန္တရာယ်ဟာ အလွန်ကြောက်စရာကောင်းနေပြီ။ ဒါကို အမျိုးသားရေးစိတ်ဓာတ်နဲ့ အာဏာပိုင်အဖွဲ့၊ ပါတီပေါင်းစုံ၊ အဖွဲ့အစည်းမျိုးစုံကနေ ၀ိုင်းဝန်းကာကွယ်ပေးဖို့လိုပါတယ်ဘုရား”ဟု ပြောလိုက်ပါသည်။
ထိုအရှင်က “ဦးဇင်းရေ တပည့်တော်က ဒါတွေမြင်လို့ အမျိုးဘာသာ ကာကွယ်ရေးတရားကို ဟောနေတာပါ။ တပည့်တော်ကတော့ ဘယ်လိုဖြစ်ဖြစ်၊ နောက်မဆုတ်ဘူး။ ကိုယ့်အမျိးဘာသာ သာသနာကို တတ်နိုင်သမျှ ကာကွယ်သွားမှာပါ။ ဟိုတနေ့ကလဲ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်နဲ့ သွားတွေ့တယ်။ အမျိုးဘာသာ သာသနာကာကွယ်ဖို့အတွက် နည်းလမ်း ဥပဒေများထုတ် ပြန်သင့်ကြောင်း အကြံပြုခဲ့ပါတယ်။ ဒါပေမဲ့ သိပ်အားမရခဲ့ဘူး။ နိုင်ငံရေးသမားအများစုဟာ “အာဏာ”တစ်ခုလောက်ပဲ အဓိကထား တယ်။ သူတို့ အာဏာကို ထိပါးလာမည်ဆိုလျှင် အမျိုးဘာသာ သာသနာကို တန်ဖိုးမထားတော့ဘူး။ အဲဒါ အခက်ဆုံးပဲ” ဟု မိမိကို ပြောပြပါသည်။
ထိုအရှင်ရဲ့ စကား မှန်လှပေ၏။ နိုင်ငံရေးသမား ၂-မျိုးရှိပါသည်။“လုပ်စားနိုင်ငံရေးသမား”နဲ့ “၀ံသာနုနိုင်ငံရေသမား”။
လုပ်စားနိုင်ငံရေးသမားများက “နေရာ”တစ်ခုခု ရချင်လို့ နိုင်ငံရေးလောကထဲသို့ ရောက်လာခြင်းဖြစ်၏။ နေရာတစ်ခုခု ရလာလျှင် ကိုယ့်ရမည့် အခွင့်အရေးမှန်သမျှကို အိတ်သွန်ဖာမှောက် ခြစ်ခြုတ်ယူမည်ဖြစ်၏။ နေရာရဖို့အတွက် အထက်ကို ဖားမည်။ အောက်ကို ဖိမည်။ “နေရာ”ရမည်ဆိုလျှင် ဘာပဲလုပ်ရလုပ်ရဆိုတဲ့ “ငါ့ဖို့သမား”။ သူသည် အမျိုးကို စိတ်မ၀င်စား။ ဘာသာ သာသနာကို ဦးခေါင်းထဲ မထည့်။ “ငါ့ဖို့”တစ်ခုတည်းကို သိသည့် အတ္တသမားစစ်စစ်။
ထိုကဲ့သို့သော လုပ်စားနိုင်ငံရေးသမားတွေ ကြောင့် တချို့ပုဂ္ဂိုလ်များက နိုင်ငံရေးလောကဆိုလျှင် “ခွက်စောင်းခုတ်သည့်နေရာ” ဟု သဘောထားပြီး “ငါတို့က နိုင်ငံရေးလဲ စိတ်မ၀င်စားဘူး၊ အာဏာလဲ မရချင်ဘူး”ဟု ဂုဏ်ယူဝင့်ကြွားစွာ ပြောတတ်ကြပါသည်။ သူတို့ပြောသည်မှာ အကြောင်းမဲ့ ပြောသည် မဟုတ်ပါ။ လူလိမ်လူညာ လုပ်စားနိုင်ငံရေးသမားတို့ကြောင့် ဖြစ်ပေသည်။
ဝံသာနုနိုင်ငံရေးသမားဆိုသည်မှာ “တိုင်းပြည်နဲ့လူမျိုးကို စောင့်ရှောက်မယ်”ဆိုတဲ့ ရည်ရွယ်ချက်နဲ့ နိုင်ငံရေး လောကထဲသို့ ၀င်ရောက်လာသူ။ အမျိုးကို ထိမည်ဆိုလျှင် အသက်ချင်းလဲမည်သူ။ “မြန်မာ”နဲ့ “ရွှေတိဂုံ”ကို အသက်ထက်မက ချစ်မြတ်နိုးသူ။
သူသည် ရှေးဦးစွာ “အာဏာ”ကို ရအောင် ယူ၏။ ထိုသို့ယူခြင်းသည် သူ့အတွက် မဟုတ်ပါ။ တိုင်းပြည်နဲ့ လူမျိုးအတွက် ဖြစ်၏။ အာဏာရှိမှ လုပ်ခွင့်ရမည်မဟုတ်ပါလား။ ဥပမာ - အသောကမင်းတရား၊ ဒုဋ္ဌဂါမဏိ၊ အနော်ရထာ၊ ကျန်စစ်သား။ ထိုကဲ့သို့ နိုင်ငံရေးသမားများ တစ်ယောက် မက၊ တစ်ရာ။ တစ်ရာမက တစ်ထောင်။ များချင်သလောက် များပါ့စေ၊ တိုင်းပြည်အတွက် လိုအပ်လျက် ရှိပါသည်။
အမျိုး ဘာသာ သာသနာအတွက် နိုင်ငံရေးလုပ်လျှင် ထိုသည့်နိုင်ငံရေးသည် “ပါရမီမြောက်နိုင်ငံရေး”ပင် ဖြစ်၏။ ထို့ကြောင့် နိုင်ငံကိုချစ်လျှင် နိုင်ငံရေးလုပ်သင့်၏။ နိုင်ငံရေးကို စိတ်ဝင်စားသင့်၏။ “ငါနှင့်မဆိုင်”ဟု သဘောမထားသင့်။ ကိုယ်ပေးလိုက်သည့် “မဲ”တစ်ပြားသည် နိုင်ငံအတွက် အသက်တမျှ အရေးကြီးသည်ကို မမေ့သင့်ပါ။
ယခုအချိန်၌ လုပ်စားနိုင်ငံရေးသမားများ ပေါများလှပေသည်။ ပြောတော့ ပြည်သူ့အတွက်၊ လုပ်တော့ “ငါ့အတွက်”။ ၀ါရင့်နိုင်ငံရေးသမားကြီးက “ယနေ့မျက်မှောက်ခေတ် နိုင်ငံရေးသမားများကို ကြည့်လျှင် အမျိုး ဘာသာ သာသနာအတွက် အလုပ်လုပ်သော နိုင်ငံရေး သမားများ အလွန်ရှားပါးတယ်” ဟု မိမိကို ပြောပြဖူး၏။ ထိုသို့သော တောကြောင် နိုင်ငံရေးသမားများကို “ဦးခေါင်”မထောင်နိုင်ဖို့အတွက် ၀ံသာနုနိုင်ငံရေးသမားများ အထူးလိုအပ်လျက် ရှိပါသည်။ ဘာ့ကြောင့်နည်း၊ ၀ံသာနုနိုင်ငံရေးသမားများ မရှိလျှင် လုပ်စားနိုင်ငံရေးသမားများက မြန်မာပြည်ကြီးကို လက်ဝါးကြီးအုပ်သွားနိုင်သဖြင့် အန္တရာယ်ချောက်ကမ်းပါးထဲ ထိုးကျသွားနိုင်သောကြောင့်တည်း။
ဦးရာရှစ်ကို ကြည့်လိုက်ပါ။ သူသည် ဘင်္ဂလီကုလားလူမျိုးဖြစ်၏။ ပါးနပ်၏။ အခွင့်အရေးယူတတ်၏။ သူသည် တော်လှန်ရေးကာလမှာ နေရာတစ်ခု ရအောင် ယူ၏။ အပေါ်ယံကြည့်ရင်တော့ မြန်မာပြည်ကြီးကိုချစ်သလိုလို။ တကယ်တော့ မြန်မာကိုချစ်လို့ မဟုတ်ပါ။ ဘင်္ဂါလီလူမျိုးအတွက် နေရာရချင်လို့ပါ။
၁၉၃၆ခုနှစ် သပိတ်တုန်းက ဦးနုက ဥက္ကဋ္ဌ။ ဒီတော့ ဦးရာရှစ်သည် ဦးနုတို့ကို အပီကပ်ထားတာ။ ဒီတော့ ဦးနုကလည်း သူ့ကို မြန်မာပြည်ကိုချစ်တဲ့ “မျိုးချစ်သူရဲကောင်းကြီး” လို့ ထင်သွားတယ်။ ထို့ကြောင့် ၁၉၃၆ သပိတ်မှာ ဒု ဥက္ကဋ္ဌအဖြစ် ဦးရာရှစ်ကို ခန့်အပ်လိုက်တယ်။
ပြီးတော့ ဖဆပလအစိုးရလက်ထက်မှာ ၀န်ကြီးရာထူးကို တောင် ပေးလိုက်ပြန်တယ်။ မြန်မာများသည် ယုံပြီဆိုလျှင် ပုံအပ်လိုက်တော့တာပဲ။ တော်သေးဗျာ။ ဦးရာရှစ်ကို “၀န်ကြီးချုပ်ရာထူး” မပေးမိလိုက်လို့။ ပေးများပေးလိုက်လို့ကတော့ “မြန်မာပြည်သည် ရိုဟင်ဂျာတိုင်းပြည်” ဟု ကမ္ဘာသိ ကြေငြာဦးမလား မသိ။
သတိထားပါ. ကိုရွှေမြန်မာတို့ရေ။ မြန်မာပြည်ကို တကယ်ချစ်တာက မြန်မာ့တိုင်းရင်းသားတွေပါ။ မြန်မာ့တိုင်းရင်းသားတွေထဲမှာ သူ့ထက်မက တော်တဲ့ ပညာတတ်တွေ ရှိပါတယ်။ ဒါကို သတိမထားမိတော့ ဘင်္ဂလီကုလားလူမျိုးကို ၀န်ကြီးခန့်သတဲ့။ ဘယ်လောက်ထိ သဘောကောင်းသလဲ။ ဒီလို သဘောကောင်းကြလို့ ရခိုင်ပြည်နယ်ကြီးဟာ ပြဿနာမျိုးစုံတက်နေတာ။
ဦးရာရှစ်သည် ဦးနုထင်သလို “ မျိုးချစ်သူရဲကောင်း”တော့ ဟုတ်တယ်။ သို့သော် မြန်မာလူမျိုးကိုချစ်တဲ့ မျိုးချစ်သူရဲကောင်းမဟုတ်။ ဘင်္ဂလီကုလားလူမျိုးများကိုချစ်တဲ့ မျိုးချစ်သူရဲကောင်းကြီး စစ်စစ် ဖြစ်ပေသည်။
ထို့ကြောင့် ဦးရာရှစ်သည် ဘင်္ဂလီလူမျိုးများကို တိုင်းရင်းသားဖြစ်ချင်သည့်အတွက် “ရိုဟင်ဂျာလူမျိုး”ဟု တရားဝင်ဖြစ်အောင် မြန်မာ့သမိုင်းကို လိမ်တော့၏။ ထို့နောက် “ရိုဟင်ဂျာသည် မြန်မာ့တိုင်းရင်းသား”ဟု ကမ္ဘာသိဖြစ်အောင် သတင်းစာတွေမှာ ရေးသားကြတော့၏။ အဲဒီလောက်ထိ ဦးရာရှစ်က မြန်မာ့သမိုင်းကို ချို (ဂျို) မွှေသွားတယ်။ (ဘုရားလောင်းကြွက်မင်းဟာ မြေခွေးကို ဆရာတင်လိုက်လို့ ကြွက်များ တစ်ကောင်ပြီး တစ်ကောင် အသတ်ခံခဲ့ရဖူးပါတယ်။)
ထို့ကြောင့် ဒီကနေ့မြန်မာပြည်ကြီး၌ ရိုဟင်ဂျာပြဿနာဖြစ်နေခြင်းပါ။ ဒီပြဿနာသည် ကမ္ဘာသိပြဿနာပင် ဖြစ်နေတော့သည်။ အမေရိကန်သမ္မတ အိုဗားမားသည်ပင် “ရိုဟင်ဂျာ”ဆိုတဲ့ စကားလုံးကို သုံးသွားသေး၏။ ထိုမျှလောက် တွင်ကျယ်သွားသည်မှာ ဦးရာရှစ်တို့ရဲ့ လက်ချက်ပင်တည်း။
ထိုကဲ့သို့ လုပ်စားနိုင်ငံရေးသမားများကို တိုက်ခိုက်ချေမှုန်းနိုင်ဖို့အတွက် “၀ံသာနုနိုင်ငံရေး သမား” များ မြောက်မြားစွာ ပေါ်ထွက်ဖို့ လိုအပ်လှပေသည်။
ဘုရင့်နောင်၊ အလောင်းဘုရားတို့ရဲ့ စိတ်ဓာတ်မျိုးနဲ့ နိုင်ငံရေးလုပ်မည်ဆိုလျှင် “ပါရမီမြောက်နိုင်ငံရေး” ဖြစ်ပါကြောင်း။
ပညာတတ်လူငယ်လေးများ “ပါရမီမြောက်နိုင်ငံရေး”လုပ်သင့်ပါကြောင်း တိုက်တွန်းလိုက်ပါသည်။
(၀ံသာနုနိုင်ငံရေးသမားကြီး သခင်ချန်ထွန်းရဲ့ အောက်ပါစကားကို ဖတ်ကြည့်ပါ။)
“ ရိုဟင်ဂျာ ဆိုတာ ဦးရာရှစ်ပေးတဲ့ နာမည်။ ၁၉၅၂ ခုနစ်က။ ရိုဟင်ဂျာဆိုတာ တိုင်းရင်းသားလိုလို နာမည်ပေးလိုက်တော့ ရိုဟင်ဂျာ ရိုဟင်ဂျာဆိုပြီး သတင်းစာကရေး ဘာရေးရေးတာ။”
“ဦးနုက ၀န်ကြီးချုပ်ဖြစ်တော့ ဦးရာရှစ်ကို ခေါ် ၀န်ကြီးပေးခဲ့တာ။ လူကတော့ သိပ်တော် တယ်၊ သိပ်လျင်တယ်။ သို့သော်လည်း အဘတို့ လည်း အဲဒီတုန်းက ပါလီမန်အမတ်ဖြစ်နေတော့ ပါလီမန်ဆွေးနွေးပွဲတွေမှာ ပြောခဲ့ပါတယ်။ ပြောတော့ ဦးရာရှစ်က အဲဒီကျမှ နိုင်ငံသား လျှောက်တာ။ နိုင်ငံသား ရကာစရှိသေးတယ်။ ဖဆပလ အမတ်ပေါင်း စုံ အစည်းအဝေးမှာ ဦးနုက ၀န်ကြီးစာရင်း တင်ပြတဲ့အခါမှာ ဒီလောက်တော့ မသင့်ပါဘူး၊ သူ့ကိုတော့ ပြန်စဉ်းစားပေးပါ။ အမတ်တွေက ပြောကြတာ။ အဘလည်း ပါတယ်။ ပြောကြတဲ့အခါမှာ မကြိုက်ရင် ထွက်သွားဆိုတဲ့ စကား ဦးနုက သုံးခဲ့တာ”။
---
_______
Ashin Dayweinda
အမျိုးစောင့်ဥပဒေ ရမည်းသင်းဒေသ၌ စတင်လိုက်နာကျင့်သုံး
မောင်အောင် ကိုဆန်း (ခ)ခါလစ် (မွတ်ဆလင်/အစ္စလာမ်) သည် မခင်ပြည့်ဝင်း(ဗမာ/ဗုဒ္ဓ) အား မေတ္တာသက်ဝင် ချစ်ခင်၍ အကြင် လင် မယား အဖြစ်ပေါင်းသင်းလိုကြောင်း လက်ထပ်ထိမ်းမြားခြင်းမပြုခင် အစ္စလာမ်ဘာသာဝင် အဖြစ်မှ ဗုဒ္ဓဘာသာဝင်အအဖြစ်သို့ တရားဝင် ကူးပြောင်းမည် ဖြစ်ကြောင်း ကမ်းလှမ်းလာသည့် အ ပေါ် တာဝန် ရှိသူများမှ လက်ခံပြီး ဝန်ခံကတိ စာချုပ်၌ လည်း လက်မှတ်ရေးထိုးကာ အမျိုးစောင့် ဥပ ဒေပါ အချက်အလက်များနှင့် အားလုံးမပြည့်စုံသော်လည်း အထိုက်အ လျောက်လိုက်နာကျင့်သုံးခဲ့ပါသည်။
ကတိဝန်ခံချက် (၈ ၇ ၂၀၁၃) ရမည်းသင်းမြို့ အောင် မင်္ဂလာအုပ်စု ဝါတိုး အ နောက် ရပ်ကွက်နေ အဘ ဦးမောင် လှ အမိဒေါ်ဖြူဖြူဝင်းတို့၏ သားဖြစ်သူ ကျွန်တော်အောင် ကိုဆန်း (ခ) ခါလစ် မှတ်ပုံတင် အမှတ် ၉/ရမသ (နိုင်)၁၀၄၁၄၀ သည် အစ္စလာမ်ဘာသာဝင် မှ ဗုဒ္ဓဘာသာဝင် အဖြစ်သို့ မည်သူတစ်ဦးတစ်ယောက်၏ ဖျားယောင်းသွေးဆောင် ချိန်းခြောက်မှုမပါ မိမိသ ဘောဆန္ဒဖြင့် ဘာသာကူးပြောင်းခဲ့ပါသည် နောင် တစ်ချိန် ဗုဒ္ဓဘာသာဝင်အဖြစ်မှ အခြားဘာသာသို့ကူးပြောင်းခဲ့သော် သာသနာညှိုးနွမ်းစေမှု ၂၉၅ (က) ဖြင့် အ ရေးယူ ခံပါမည် ဟု ပါရှိပါသည်။
ထို ကတိဝန်ခံ ချက်သည် ခရိုင် သာသနာရေး မှူးရုံး ၌ သာသနာရေးမှူး ဦးမျိုးဝင်းအောင် နှင့် ဝါတိုးရပ်ကွက်ကြီး အုပ်ချုပ်ရေးမှူး တို့ရှေ့မှောက်၌ မောင်အောင်ဆန်းကို (ခ)မောင် ခါလစ် ကိုင်လက်မှတ်ရေးပါသည် ရမည်းသင်း ၌ ဗုဒ္ဓဘာသာဝင်နှင့် အစ္စလာမ်ဘာသာဝင် တို့ သည် ရှေးယခင် ထဲက ဘာသာဝင် အချင်းချင်း လေးစားနားလည်ခဲ့ ခဲ့ကြရာ အခု လည်းအမျိုးစောင့် ဥပ ဒေ ကို လေးစား လိုက်ကြောင်း ပြသသည့် သာဓက ပင် ဖြစ်ပါသည်။
မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးများ လက်ထပ်ထိမ်းများခြင်းဆိုင်ရာ ဥပ ဒေ (မူကြမ်း ၌ မည်သူမဆို မြန်မာဗုဒ္ဓဘာသာ အမျိုးသမီးကို လက်ထပ်မည့်သူသည် တရားဝင် ဗုဒ္ဓဘာသာဝင်ဖြစ် ရမည် ဘာသာခြားဖြစ်ခဲ့သူက မြန်မာဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးကို လက်ထပ်ပေါင်းသင်းမည်ဆိုပါက် ဗုဒ္ဓဘာသာဝင်ဖြစ်ကြောင်း တရားဝင် လက်မှတ်ရှိထားသူဖြစ် ရမည် ထို့အပြင် လက်ထပ်မည့် ဗုဒ္ဓဘာသာဝင် အမျိုးသမီး၏ မိဘ (သို့)အုပ်ထိန်းသူ ၏ စာဖြင့် တရားဝင် ခွင့်ပြုချက်ကို လက်ခံရယူရမည် အထက်ပါသတ်မှတ်ချက်များနှင့်ညီညွတ်ပါက လက်ထပ်ထိမ်းမြားခြင်းကို သက်ဆိုင်ရာကျေးရွာ (သို့) ရပ်ကွက်အုပ်ချုပ်ရေးမှူးရှေ့တွင် လက်မှတ်ရေးထိုးလက်ထပ် ရမည်။
အထက်ပါ ပြဌာန်းချက်အတိုင်း မလိုက်နာပဲ မြန်မာ ဗုဒ္ဓဘာသာအမျိုးသမီးကို လက်ထပ်ခြင်း ပေါင်းသင်းခြင်း ပြုလုပ်ပါက ထိုသူကို ထောင်ဒဏ်(၁၀)နှစ် ကျခံစေရန် ပြစ်ဒဏ်ချမှတ် ရမည့်အပြင် ထိုသူပိုင် ပစ္စည်းအားလုံးကိုလည်း သိမ်းယူ၍ ထိုဗုဒ္ဓဘာသာဝင် အမျိုးသမီးအား ပေး ရမည် ဟုပါရှိပါသည်။
မင်းကျောင်း စန္ဒော
ဦ၀ီရသူ၏ ပရိယတ္တိသာသနာပြုလုပ်ငန်း
ဆရာတော်ဦးဝီရသူ စိုးရိမ်တိုက်သစ် ပထမ (၄) လပတ် အစမ်းစာမေးပွဲ ဖြေဆိုတော်မူသည့်
သံဃာ (၂၅၀၀) ကျော် တို့အား ကြီးကြပ်တော်မူစဉ်
==========================
စာစုတန်း၊ မူလတန်း၊ အငယ်တန်း၊ အလတ်တန်း၊ အကြီးတန်း၊ စာသင်တန်း၊ စာချတန်း၊ အတန်းစုံ ဝင်ရောက်ဖြေဆိုကြသည်။
Wednesday, July 24, 2013
Monday, July 22, 2013
အမျိုးစောင့်ဥပဒေကို ၂၀၁၂ခုနှစ်တည်းက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ထောက်ခံခဲ့
၎င်းကို နိုင်ငံတော် သံဃမဟာနာယက
အဖွဲ့ထံသို့ တင်ပြပြီး၊ ၎င်းမှ သာသနာရေးဌာနသို့၎င်း၊ နိုင်ငံတော် သမ္မတသို့၎င်း၊ လွှတ်တော်သဘာပတိများထံသို့၎င်း၊
လွှတ်တော်ကိုယ်စားလှယ် အချို့ထံသို့၎င်း တင်ပြခဲ့သော် အဆိုတင်သည့် အဆင့်သို့ပင် မရောက်ရှိခဲ့၍
ယခုနှစ်မှာ ဒုတိယအကြိမ် ကြိုးစားကြရခြင်းဖြစ်ပါသည်။
သို့
ဥက္ကဋ္ဌ
နိုင်ငံတော်သံဃမဟာနာယက
ကမ္ဘာအေး၊ ရန်ကုန်
ရက်စွဲ၊ ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ၊
ရက်………
အကြောင်းအရာ။ ။ သာသနာတော်
အဓွန့်ရှည်တည်တံ့ရေးအတွက် ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးများ ခိုင်မာသော ဥပဒေဖြင့် ကာကွယ်ရေးကိစ္စ။
၁။ ရိုသေလေးမြတ်စွာ လျှောက်ထားအပ်ပါသည်၊
အချို့သောဘာသာဝင်များသည် သူတို့၏ ဘာသာပြန့်ပွားရေးအတွက် မြန်မာအမျိုးသမီးများ၊ တိုင်းရင်းသူများကို
နည်းအမျိုးမျိုးဖြင့် ဆွဲဆောင်စည်းရုံးလျက် လက်ထပ်ယူပါသည်။ ၄င်းတို့၏ ဘာသာထဲသို့ ၀င်ရောက်စေပါသည်။
ရိုးသားလှသော မြန်မာအမျိုးသမီးများသည် ၄င်းတို့၏ လှည့်ကွက်ကို မလွန်ဆန်နိုင်ဘဲ ဘာသာခြားတို့
လက်ထဲရောက်ကြသည်မှာ များစွာဖြစ်နေပါပြီဘုရား။ ထိုသူတို့၏ သားသမီးများသည်လည်း ဘာသာခြားများဖြစ်ကုန်ကြသဖြင့်
ဗုဒ္ဓဘာသာမှ များစွာဆုတ်ယုတ်လာပါသည်ဘုရား။
၂။ ထိုသို့သောသူများ၊ ထိုဖြစ်စဉ်များကို
ဘုရားတပည့်တော်တို့ ဘာသာရေးခေါင်းဆောင်များ၊ ပြည်သူလူထုများ၊ တရားဥပဒေများက မည်သို့မျှ
ကာကွယ်ပေးနိုင်ခြင်း မရှိခဲ့ပါ။ အင်ဒိုနီးရှား၊ မလေးရှား စသောနိုင်ငံများတွင်လည်း ဤကဲ့သို့
သွေးနှောသာသနာပြုလျက် နိုင်ငံရေးနယ်ပယ်သို့ ၀င်ရောက်နိုင်ခဲ့ကြသဖြင့် ရာစုတစ်ခုအတွင်းမှာပင်
ဗုဒ္ဓဘာသာကွယ်ခဲ့ရပါသည် ဘုရား။ တစ်ချိန်က ဗုဒ္ဓဘာသာလွန်စွာထွန်းကားခဲ့သည့် ပါကစ္စတန်၊
အာဖဂန်နစ္စတန်၊ အင်ဒိုနီးရှား၊ မလေးရှား စသည်တို့၏ သမိုင်းနှင့် ယခုလက်ရှိ မြန်မာ့အနေအထားကို
ဆက်စပ်လေ့လာပါလျှင် လွန်စွာကြောက်မက်ဖွယ် ကောင်းနေပါပြီဘုရား။ မြတ်စွာဘုရားရှင်၏ ဘာသနာတော်သည်
မြန်မာ့မြေမှ မကွယ်ပျောက်သင့်သေးပါဘုရား။
၃။ လက်တလောဖြစ်ပေါ်သွားသော
ရခိုင်အရေးအခင်းသည် ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့အတွက် အလွန်တရာထိတ်လန့်ဖွယ်ကောင်းသော
အန္တရာယ်အချက်ပေး ခေါင်းလောင်းသံကြီးပင် ဖြစ်ပါသည်။ ယခုအခါ ၄င်းဘာသာခြားတို့သည် စီးပွားရေး၊
လူမှုရေး၊ နယ်ပယ်တွင်မျှမက နိုင်ငံရေးနယ်ပယ်သို့ပါ ထိုးဖောက်ဝင်ရောက်လျက်ရှိနေပါသည်။
နိုင်ငံရေးနယ်ပယ်၌ ၄င်းတို့ အင်အားကောင်းလာပါလျှင် အနာဂတ်သာသနာ အနာဂတ် မြန်မာအတွက်
မတွေးဝံ့အောင်ပင် ဖြစ်ရပါသည်ဘုရား။
၎။ ထို့ကြောင့် ဘုရားတပည့်တော်တို့
ဘာသာဝင်များ စုပေါင်းညီညွတ်စွာဖြင့် အမျိုး၊ ဘာသာ၊ သာသနာ လုံခြုံရေးအတွက် ကာကွယ်ထိုက်သည်ကို
ကာကွယ်ရန် လိုအပ်နေပါပြီဘုရား။ တစ်ဦးချင်းစီ၏ အသိဥာဏ်ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်ရမည်
ဖြစ်သကဲ့သို့ တရားဥပဒေဖြင့်လည်း အခိုင်အမာ ကာကွယ်မှုတို့ကို ဆောင်ရွက်သင့်ပါသည်။ အကယ်၍…..
(က) မြန်မာအမျိုးသမီးများ
ဘာသာခြင်းနှင့် လက်ထပ်ရာတွင် ရှိသင့်ရှိထိုက်သော စည်းကမ်းများရှိခဲ့လျှင်
(ခ) ဘာသာကူးပြောင်းမှုတွင်
ရှိသင့်ရှိထိုက်သော စည်းကမ်းများရှိခဲ့လျှင်
(ဂ) ဘာသာမတူ မိဘနှစ်ပါးမှ
မွေးဖွားလာသော သားသမီးတို့၏ ဘာသာကိုးကွယ်မှုတွင် ရှိသင့်ရှိထိုက်သော စည်းကမ်းများ ရှိခဲ့ပါလျှင်၊
(ဃ) အာဆီယံအဖွဲ့ဝင် ဒီမိုကရေစီနိုင်ငံများဖြစ်သည့်
အင်ဒိုနီးရှား၊ မလေးရှား နိုင်ငံတို့၌ ၄င်းတို့ဘာသာ၊ သာသနာကို ကာကွယ်ရန် ပြန်ဌာန်းထားသည့်
တရားဥပဒေများနှင့် အလားတူသည့် စည်းကမ်း ဥပဒေများ ပြဌာန်းထားရှိခဲ့လျှင်၊
(၅)။ ဘာသာခြားတို့၏ သွေးနှောလျက်
သူတို့ဘာသာသို့ ဆွဲသွင်းကာ သူတို့၏ ဘာသာဝင်တိုးပွားစေခြင်း၊ ဘုရားတပည့်တော်တို့၏ ဘာသာဝင်အင်အား
ယုတ်လျော့စေခြင်းတို့ကို ကောင်းစွာကာကွယ်နိုင်မည်ဟု ယုံကြည်ယူဆပါသည်ဘုရား။
(၆)။ အထက်ပါ စည်းကမ်းချက်များပေါ်ပေါက်ရန်
တစ်နိုင်ငံလုံး သံဃာထု၏ ကိုယ်စားပြုဖြစ်သော နိုင်ငံတော် သံဃမဟာနာယက၏ စွမ်းအားဖြင့်
ဆောင်ရွက်သော် ဖြစ်နိုင်သည်ဟု ယုံကြည်ကိုးစားမိပါသည်။ ထို့ကြောင့် အထက်ပါ စည်းကမ်းချက်များ
ပေါ်ပေါက်ရန် နိုင်ငံတော် သံဃမဟာနာယက၏ စွမ်းအားဖြင့် ဆောင်ရွက်ပေးတော်မူပါရန် ရိုသေလေးမြတ်စွာ
လျှောက်ထားအပ်ပါသည် ဘုရား။
(၇)။ ဗုဒ္ဓမြတ်စွာသာသနာတော်မြတ်ကြီး၏
ရှေ့ရေးကိုမျှော်တွေး၍ ရင်လေးပူဆွေး နေရမှုများကို မေတ္တာ ဂရုဏာဓာတ် ကြီးမားတော်မူသော
ကျေးဇူးတော်ရှင် နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများ၏ ကာယဥာဏစွမ်းအားဖြင့် ဖယ်ရှားပေးတော်မူကြပါကုန်
ဘုရား။
(၈)။ လွန်စွာသိမ်မွေ့လျက်
ဖြေရှင်းရန်ခက်ခဲပြီး ရည်ရွယ်ချက်ရှိရှိဖြင့် စနစ်တကျထိုးဖောက် ၀င်ရောက်လာသော သာသနာ့
အန္တရာယ်ကို ဖယ်ရှားကာ သာသနာ့အသက်ကို ဆက်ပေးတော်မူကြပါရန်နှင့် အမျိုးဘာသာ၊ သာသနာ ကာကွယ်ရေးဥပဒေများ
ရေးဆွဲပြဌာန်းပေးနိုင်မည့် နည်းလမ်းများ ညွှန်ကြားပြီး တစ်မျိုးသားလုံး၏ အန္တရာယ်မှ ကာကွယ်စောက်ရှောက်စောက်ပေးတော်မူကြပါမည့်အကြောင်း
ရိုသေလေးမြတ်စွာ အသနားခံလျှောက်ထားအပ်ပါသည် ကျေးဇူးတော်ရှင် နိုင်ငံတော်သံဃမဟာနာယက
အရှင်သူမြတ်ကြီးတို့ ဘုရား။
လျှောက်ထားသူများ၏ (ကိုယ်စား)
အကြောင်းအရာ။ ။ နိုင်ငံတော်သံဃမဟာနာယက၏
အစည်းအဝေးဆုံးဖြတ်ချက်
**************************************************************
ရည်ညွှန်းချက်။ ။ (၆-၂၀၁၂)
ရက်စွဲပါ သံဃာ ( ) အပါးတို့မှ လက်မှတ်ထိုး၍ နိုင်ငံတော်သံဃမဟာနာယကရုံးသို့ တင်ပြလျှောက်ထားလာသည့်စာ။
၁။ ရည်ညွှန်းပါစာအရ နိုင်ငံတော်
သံဃမဟာနာယကအဖွဲ့မှ အစည်းအဝေးပြုလုပ်ပြီး အောက်ပါအတိုင်း သုံးသပ်ဆုံးဖြတ်သည်မှာ…..
(က) အချို့ဘာသာခြားတို့သည်
၎င်းတို့ဘာသာတိုးတက်ရေးအတွက် မြန်မာအမျိုးသမီးတိုင်းရင်းသူများကို နည်းမျိုးစုံသုံး၍
ဆွဲဆောင်သိမ်းသွင်းနေသည်မှာ မှန်ကန်ကြောင်း ယူဆနိုင်ပါသည်။
(ခ) ၁၉၅၄-ခုနှစ် "ဗုဒ္ဓဘာသာဝင်မိန်းမများ
အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှု အက်ဥပဒေ" ရှိခဲ့သော်လည်း ထိုဥပဒေသည် လက်ထပ်ထိမ်းမြားမှုနှင့်
ဆက်နွယ်လျက် ဖြစ်ပေါ်လာသော နောက်ဆက်တွဲ ဆိုးကျိုးတို့ကို ကောင်းစွာ ကာကွယ်နိုင်လောက်အောင်
ပြည့်စုံခြင်း မရှိသေးပါ။
(ဂ) မတရားဆွဲဆောင်သိမ်းသွင်းခံနေရသည်ဟု
သံဃာတော်များ သာသနာချစ်မြတ်နိုးသူများ စိတ်ထဲ ခံစားနေရပါသည်။ ၄င်းခံစားချက်သည် ပေါက်ကွဲစေတတ်သော
ဗုံးနှင့်တူသည်။
(ဃ) ထိုဗုံးပေါက်ကွဲသဖြင့်
မကြာခဏ အဓိကရုဏ်းများ ဖြစ်ခဲ့ရသည်။ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှု ပျက်စီးရသည်။
(င) ထိုကိစ္စကို ပေါ့ပေါ့ဆဆ
သဘောထား၍ လျစ်လျူရှုထားပါက ရာစုတစ်ခုအတွင်း သာသနာတော် ပျောက်ကွယ်သွားနိုင်သည်။
၂။ ရှိသင့်ရှိထိုက်သော ဥပဒေစည်းကမ်းချက်များကို
သက်ဆိုင်ရာများထံ အကြံပြုတင်ပြရမည်။ အကြံပြုရန် အချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။
(က) ဘာသာမတူသူနှစ်ဦးလက်ထပ်လိုလျှင်
သက်ဆိုင်ရာ ဘာသာနှစ်ဖက်နှင့် တရားရုံးသို့ ဦးတိုက်လျှောက်ထားလျက် ၄င်းတို့၏ မျောက်မှောက်၌သာ
လက်ထပ်ရမည်။ အမျိုးသားမှ အမျိုးသမီးကို၊ အမျိုးသမီးမှ အမျိုးသားကို မတရားဖိအားပေးလျက်
ဘာသာဆွဲဆောင်မှုမပြုပါဟု ၀န်ခံချက် လက်မှတ်ရေးထိုးရမည်။
(ခ) ဘာသာပြောင်းလိုသော ပုဂ္ဂိုလ်သည်
သက်ဆိုင်ရာ ဘာသာနှစ်ဖက်နှင့် တရားရုံးသို့ ဦးတိုက်လျှောက်ထားရမည်။ ထိုပုဂ္ဂိုလ်သည်
မတရားဖိအားပေးခံရ၍ ဘာသာကူးပြောင်းခြင်း ဟုတ်/မဟုတ် မူလဘာသာ၊ မိမိကူးပြောင်းမည့်ဘာသာ
နှစ်ခုလုံး၏ အကြောင်းကို ကောင်းစွာသိလျက် ပညာဥာဏ်သဒ္ဓါတရားဖြင့် ကူးပြောင်းလိုခြင်း
ဟုတ်/မဟုတ် သိရှိနိုင်ရန်၊ တရားရုံးမျက်မှောက်၌ သက်ဆိုင်ရာမူလဘာသာမှ စစ်ဆေးမေးမြန်းရမည်။
မေးမြန်းပြီး အချိန်အကန့်သက်တစ်ခုထားရှိကာ မလူဘာသာမှ ဘာသာရေးခေါင်းဆောင်များ၊ မိသားစုအသိုင်းအ၀ိုင်းများမှ
ဟောပြောဆုံးမလျက် ပြန်လည်စည်းရုံးခွင့် ရှိရမည်။ သတ်မှတ်ချိန်ပြည့်သောအခါ ပြန်လည်မေးမြန်းလျက်
ဘာသာကူးပြောင်းလိုသေးလျှင် သက်ဆိုင်ရာ ဘာသာနှစ်ခုနှင့် တရားရုံးရှေ့မှောက်၌ ဘာသာကူးပြောင်းရမည်။
(ဂ) ဘာသာမတူ မိဘနှစ်ပါးမှ
မွေးဖွားလာသူသည် ဘာသာနှစ်ဖက်လုံး၏ အဆုံးအမကို ခံယူခွင့်ရှိရမည်။ အရွယ်ရောက်၍ ဘာသာတစ်ခုတည်းသာ
ကိုးကွယ်လိုလျှင် နှစ်ဖက်ဘာသာရေးခေါင်းဆောင်များနှင့် တရားရုံးမျက်မှောက်၌ စစ်ဆေးခံလျက်
နှစ်သက်ရာဘာသာကို ကိုးကွယ်ခွင့်ရှိရမည်။
၃။ အထက်ပါစည်းကမ်းချက်များ
မလိုက်နာလျှင် တရားဥပဒေအရ အရေးယူခွင့်ရှိရမည်။
၎။ ၄င်းစည်းကမ်းချက်များသည်
မည်သူ့ကို သာစေ၊ မည်သူ့ကို နာစေ-ဟူသော ဘက်လိုက်မှု ကင်းလျက် တရားမျှတသည်။ မတရားဆွဲဆောင်သိမ်းသွင်းခံနေရသည်ဟူသော
စွပ်စွဲချက်များကို ငြိမ်းအေးစေနိုင်သည်။ ဘာသာတစ်ခုနှင့်တစ်ခု မယုံသင်္ကာစိတ်များ နည်းပါးလျက်
ပို၍ ပေါင်းစည်း ညီညွတ်စေလာနိုင်သည်။
၅။ ၄င်းစည်းကမ်းချက်များသည်
လွတ်လပ်ခွင့်ကို တားဆီးခြင်းမဟုတ်၊ လွတ်လပ်ခွင့်တစ်ခုမှ ပြဿနာများပေါ်ပေါက်လျှင် (သို့)
သူတစ်ပါးကို ထိခိုက်နစ်နာစေသော လွတ်လပ်မှုမျိုးဖြစ်လျှင် ၄င်းလွတ်လပ်ခွင့်သည် အပြစ်ကင်းသော
လွတ်လပ်ခွင့်မဟုတ်၊ အပြစ်ကင်းသော လွတ်လပ်ခွင့်ဖြစ်အောင် စည်းကမ်းချက်များ ထည့်ပေးရမည်။
ထိုစည်းကမ်းချက်များသည် လွတ်လပ်ခွင့်ကို တားဆီးခြင်းမဟုတ်၊ အပြင်ကင်းသော လွတ်လပ်ခွင့်
လူ့အခွင့်အရေးကို အပြည့်အ၀ ကာကွယ်ပေးထားသော လွတ်လပ်ခွင့်၊ လွတ်လပ်စွာ ကိုးကွယ်မှုကို
ထိုခိုက်နစ်နာစေမှု လုံးဝမရှိသော လွတ်လပ်ခွင့်ဖြစ်အောင် စည်းကမ်းရှိစေခြင်းသာ ဖြစ်သည်။
၆။ ၄င်းစည်းကမ်းချက်များသည်
မည်သည့်ဘာသာ၊ မည်သည့်လူမျိုး၊ မည်သည့်ပုဂ္ဂိုလ် တစ်စုံတစ်ဦးကိုမျှ ဖိနှိပ်ခြင်း၊ နစ်နာစေခြင်း
မရှိသဖြင့် တရားမျှတလှပါသည်။ တရားမျှတလျှင် လွတ်လပ်ခွင့်ကို တားဆီးခြင်း၊ ထိပါးချုပ်ခြယ်ခြင်းဟု
မည်သို့မျှ မဆိုနိုင်တောပါ။
၇။ အထက်ပါ စည်းကမ်းချက်များကို
အချို့က နိုင်ငံတကာစံနှုန်းနှင့် နှိုင်းယှဉ်နိုင်သည်။ အများစုဝတ်ဆင်သော အ၀တ်အစားကို
မိမိဝတ်ဆင်ရာ၌ မိမိအတွက် အဆင်မပြေလျှင် အဆင်ပြေအောင် ပြုပြင်လျက် ၀တ်ပိုင်ခွင့်ရှိသည်။
မိမိချမ်းသာအောင် အဆင်ပြေအောင် ပြုပြင်ဝတ်ဆင်ခြင်းသည် မိမိ၏ လွတ်လပ်ခွင့်ပင် ဖြစ်သည်။
မည်သူမျှလည်း အပြစ်ပြောမည်မဟုတ်၊ လက်ထပ်ခြင်း၊ ဘာသာကူးပြောင်းခြင်းတို့၌ နိုင်ငံတကာစံနှုန်းနှင့်
တိုင်းတာလျက် ရှိသင့် ရှိထိုက်သော စည်းကမ်းများမရှိဘဲ လက်ထပ်ကြ၊ ဘာသာပြောင်းကြခြင်းကြောင့်
ဘာသာ သာသနာကွယ်မည့်အန္တရာယ်နှင့် တွေ့ကြုံနေရသည်။ ထိုအန္တရာယ်ကို ကာကွယ်ရန် စည်းကမ်းချက်အချို့
ထည့်ပေးခြင်းသည် မိမိတို့၏ လွတ်လပ်ခွင့်သာ ဖြစ်သည်။ စည်းကမ်းရှိခြင်းသာ ဖြစ်သည်။ မည်သူမျှ
အပြစ်ပြောဖွယ်မရှိ။ အပြစ်ပြောသူသည် တရားမျှတမှုကို တန်ဖိုးမထားသူ၊ ရှေ့ဖြစ်လာမည့် အန္တရာယ်ကို
ကြိုတင် မမျှော်တွေးနိုင်သူသာ ဖြစ်လိမ့်မည်။
၈။ ဤသို့ စသည်ဖြင့် နိုင်ငံတော်
သံဃမဟာနာယက ဆရာတော်ကြီးများမှ သဘောတူ ဆုံးဖြတ်ကြပါသည်။ ထိုဆုံးဖြတ်ချက်ကို သက်ဆိုင်ရာ
တာဝန်ရှိသူ အသီးသီးမှ သိရှိလျက် ထိုစည်းကမ်းချက်များသည် လုပ်ထုံး လုပ်နည်းနှင့်အညီ
စည်းကမ်းဥပဒေများအဖြစ် ပေါ်ပေါက်လာနိုင်စေရန် သက်ဆိုင်ရာသို့ တင်ပြ ကြမည်ဟု စည်းဝေးဆုံးဖြတ်ကြပါသည်။
မှတ်တမ်းတင်သူ
အစည်းအဝေးတက်ရောကသည့် နိုင်ငံတော်
သံဃမဟာနာယကအဖွဲ့များ။
Sunday, July 21, 2013
ဆရာတော် ဦးဝီရသူ တရားပွဲ ဗုံးကွဲမှုအခြေအနေသတင်းမှန်
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၃၆လမ်း၊ ၈၄×၈၅ လမ်းကြား၊
တရားပွဲကို ယနေ့ 21.7.2013 ရက်နေ့ ည 8:35 နာရီတွင် စတင်ဟောကြားသည်။
မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်း နာယက အမျိုးသားရေးဝါဒီဆရာတော်
ဦးဝီရသူက "ဆွေမျိုးဆိုတာ များလေကောင်းလေ" တရားဟောကြားနေစဉ် ၉း၀၀ နာရီခန့်တွင်
တရားမဏ္ဍပ်နောက်ကျောမှ ရုတ်တရပ်ပေါက်ကွဲမှုကြီး တစ်ရပ် ဖြစ်ပေါ်ခဲ့ရာ ဦးဝီရသူက တရားဆက်မဟောဘဲ
ရပ်ထားလိုက်သည်။
ဟိုဟိုဒီဒီလှည့်ပတ်ကြည့်နေစဉ် တရားနာပရိသတ်များမှ ဆရာတော်ကို
ပစ်တာ "အောက်ကိုဆင်းပါဘုရား အောက်ဆင်းပါဘုရား" ဟု အော်ဟစ်လျှောက်ထားကြ၍ ပလ္လပေါ်မှဆင်း၍
စင်ပေါ်တွင် ခဏထိုင်နေခဲ့သည်။
သံဃာတော်တ်ာများ အမျိုးသားများ စင်ပေါ်တက်လာပြီး ဦးဝီရသူကို
ဝန်းရံကာကွယ်ထားကြသည်။
နိဗ္ဗာန်ဆော်မှ ကားဘီးပေါက်သည်ဟု ကြေညာသည်။ ဦးဝီရသူ တရားပြန်ဟောသည်။
တရားနာပရိတ်သတ်များ သုံးပုံတစ်ပုံသာ ကျန်တော့သည်။ ပလ္လင်နောက်ကျောမှာ
ရုတ်ရုတ်သဲသဲဖြစ်နေဆဲ။
ရေစက်ချ အမျှဝေအပြီး တရားနာပရိသတ်များက ၀န်းရံကာ အနီးရှိ
သစ္စပါရမီ တိုက်အိမ်ထဲ ပင့်ဆောင်ခဲ့ကြသည်။
ပရိသတ်ရှေ့ဆုံးမှ နာယူနေသော မပန်းနုအောင် အသက် (၂၁) နှစ်
ညာဘက်ခြေထောက်ထိမှန်သွား၍ ပတ်တီးစည်းထားသည်ကို တွေ့ရသည်။
ထိမှန်စဉ် မနာကျင်၊ နောက်မှ ပူလောင်နာကျင်လာ၍ ဆေးခန်းသွားပြခဲ့ကြောင်း
လျှောက်ထားသည်။
အဖွားကြီးတစ်ယောက် ပေါင်ရင်း ဗုံးစထိမှန်သွားသည်။
မြတောင်တိုက် ခေမာဝန်းကျောင်း မှ ကိုရင်ပညာသာမိ ပေါင်နှင့်
ဒူးခေါင်ဒဏ်ရာရသွားသည်။
ပြည်ကြီးတံခွန်မြို့နယ်၊ ဃသ(၁၃)ရပ်ကွက်၊ အိမ်အမှတ် က(၃၀)နေ
(အသံချဲ့စက် ဆရာ) ဦးကျော်ဝင်း (၃၆)နှစ် ခါးမှာ ဒဏ်ရာရသွားသည်။
ခဲယမ်းအစအနလေးများ အသားထဲစူးဝင်နေ၍ ၀ိုင်းဝန်းဖယ်ရှားပေးရသည်။
တရားပလ္လင်နောက်ကျောတွင် ချိတ်ဆွဲထားသော ဗီနိုင်းစ အစအန
ထိမှန်ပေါက်ပြဲသွားသည်။ SE ကားဖြူ နောက်ဘီး နှစ်ဘီးနှင့် ရှေ့ဘီး ညာဘက်ဘီး ထိမှန်ပေါက်ကွဲသွားသည်။
ကားအောက် ဆီတိုင်ကီ ယိုစိမ့်ထွက်ကျလာသည်။
ကားမှန်ပေါက်ပြဲ၊ ကားနောက်ခန်းဘေး အစအန ထိမှန်ပေါက်ပြဲသွားသည်။
ပေါက်ကွဲရာနေရာလမ်းမပေါ်တွင် ချိုင့်ငယ်တွင်းငယ်တစ်ခုလို
ချိုင့်ဝင်သွားသည်။
၅င/၈၆၆၅ နောက်ပိုင်း ကိုယ်ထည် ယမ်းအစအနများ စင်၍ ပေါက်ပြဲသွားသည်။
ဦးဝီရသူ အပြန်အတွက် ကားတစ်စင်း သီးသန့်စီစဉ်ရင်း ဦးဝီရသူ၏
တပည့် လူငယ်နှစ်ယောက်နှင့် တရားပွဲပင့်သူ လူငယ်အချို့ စကားများကြ၍ ပရိသက် ရုတ်ရုတ်သဲသဲ
ထပ်ဖြစ်သည်။
လုံခြုံရေး အရ ကားကိုစစ်ဆေးရာမှ စကားများရင်း လက်ပါသွား၍
ဦးဝီရသူ၏ တပည့် မောင်ဆံရှည် လက်သီးနှင့်အထိုးခံရသည်။
ကိုပြာလောင် ခြေနှင့် အကန်ခံရသည်။
နောက်ဆုံး ဦးဝီရသူ၏ ဒကာရင်းကားဖြင့် လာကြို၍ ကျောင်းသို့
ချောမောစွာ ပြန်ရောက်သည်။
၁၀း၃၀ နာရီ တရားပွဲပြီး၍ ၁၁း၀၀ နာရီမှ ကျောင်းရောက်သည်။
ယခု ည ၁၁း၃၀ နာရီအထိ ပေါက်ကွဲနေရာတွင် လုံခြုံရေးတင်းကျပ်ထားပြီး
ကြိုးဝိုင်းထားကာ သေချာစစ်ဆေးနေပြီး၊ မပန်းနုအောင် ခြေထောက်ထဲ ယမ်းစနှုတ်မရ၍ ဆေးရုံကြီး
OPT သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။
နောက်ဆုံးသတင်းအရ ယ္ခုည ၁၂း၀၅ နာရီတွင် အောင်မြေသာဇံမှ ဒေါ်အေးခင်၊
အမည်မသိ အမေကြီးတစ်ဦး၊ ကိုရင်ပညာသာမိ၊ ဦးကျော်ဝင်း (အသံချဲ့စက်ဆရာ)၊ မပန်းနုအောင်
တို့ ဆေးရုံတက်နေကြောင်း၊ သိရသည်။
"ဗုံးပေါက်ကွဲမှု နောက်ဆက်တွဲသတင်း"
****************************
ယခုည ၁၂း၄၅တွင် ခယကအဖွဲ့ရောက်လာပြီး ပျက်ဆီးစီးသွားသည့်
ကားဘီးသုံးလုံးကို အသစ်လဲကာ ကားကိုယူဆောင်သွားကြောင်း သိရသည်။ ၄င်းရပ်ကွက်မှ ပြည်သူများက
သက်သေခံပစ္စည်းအထောက်အထားများ ဖျောက်ဖျက်ပစ်မှာကို စိုးရိမ်နေကြောင်း သိရသည်။
×××××××××××××××××
By Wira Thu
Wednesday, July 17, 2013
"ခေတ်သစ်မျက်မမြင်ပုဏ္ဏားများ"
တစ်ခါတုန်းက ဗုဒ္ဓမြတ်စွာသည်
သာဝတ္ထိပြည်၊ဇေတ၀န်ကျောင်းတော်မှာ သီတင်းသုံးနေတော်မူစဉ်က ရဟန်းသံဃာတော်တို့အား ဘုရားရှင်သည်
သူကန်းဥပမာရှိတဲ့တရားတော်အားဟောကြားတော်မူပါတယ်။
ရဟန်းတို့ ရှေးအခါကသာဝတ္ထိမင်းဟာ
မွေးစဉ်ကတည်းကမျက်စေ့မမြင်သော ဆင်ကိုမမြင်ဖူးသည့် မျက်မမြင်ပုဏ္ဏား ၉-ဦးတို့ကိုနန်းတော်သို့ခေါ်ယူစေပြီး
မင်း၏စီးတော်ဆင်အား မျက်မမြင်ပုဏ္ဏားတစ်ယောက်ချင်းစီကို
၁။ ဆင်၏ဦးခေါင်း
၂။ ဆင်၏နားရွက်
၃။ ဆင်၏အစွယ်
၅။ ဆင်၏ခန္ဓာကိုယ်
၆။ ဆင်၏ခြေထောက်
၇။ ဆင်၏ပေါင်
၈။ မြီးတံ
၉။ ဆင်၏မြီးဆံ
တို့ကို စမ်းတတ်ကိုင်တွယ်စေ၍
တစ်ယောက်ချင်းစီအား " ပုဏ္ဏားတို့ယခုသင်တို့ကိုင်တွယ်ခဲ့သည်မှာ ငါ၏စီးတော်ဆင်ဖြစ်ပေတယ်။
ဆင်ဆိုတာဘာလိုပုံသဏ္ဍာန်းရှိလဲဆိုတာ မိမိတို့ထင်မြင်သည့်အတိုင်း ဖြေကြားကြ"ဟု ဆိုလိုက်ပါတယ်..။
ဒီအခါမှာဆင်၏ဦးခေါင်းကိုကိုင်စမ်းမိသော
မျက်မမြင်ပုဏ္ဏားတစ်ယောက်က "အရှင်မင်းကြီး ဆင်ဆိုတာကရေအိုးနှင့် တူပါတယ်"
ဟုဖြေကြား၏။
ထို့အတူ ဆင်၏နားရွက်ကို ကိုင်မိသော
ပုဏ္ဏားကလည်း "ဆင်ဆိုတာဟာ ဆန်ကော(ဗန်း)နှင့်သာ တူကြောင်း"ဆိုပြီး။
ဆင်၏အစွယ်ကိုကိုင်မိသော မျက်မမြင်ပုဏ္ဏားကလည်း
"အရှင်မင်ကြီး ဆင်ဆိုတာ သူတို့ပြောသလို ရေအိုးနဲ့လည်းမတူပါ၊ ဆန်ကောဗန်းနှင့်လည်း
မတူပါ။ တကယ်တော့ဆင်ဆိုတာ ထွန်သွားနဲ့သာ တူညီပါကြောင်း" အားကျမခံဖြေကြားပါတယ်။
၎-ယောက်မြောက်မျက်မမြင်ပုဏ္ဏားကလည်း
သူကိုင်မိသည့် ဆင်၏နှာမောင်ကိုပဲ သိမြင်ပြီး" ဆင်ဆိုတာ ထွန်းတံနှင့်သာတူကြောင်း"
နှင့် ဆင်၏ကိုယ်ခန္ဓာကိုယ်ကိုင်မိသော မျက်မမြင်ပုဏ္ဏားသည်လည်း "ဆင်ဟာတကယ်တော့ အိမ်၏နံရံ
နှင့်အတူတူပါပဲ" ဟုဆို၍ ဆင်၏ခြေထောက်ကို ကိုင်မိသောပုဏ္ဏားကလည်း"ဆင်သည် အိမ်တိုင်နှင့်သာ
တူပါကြောင်း သူ၏အထင်ကို မင်းကြီအားလျှောက်ထားပါတော့တယ်။
နောက်ထပ်မမြင်ပုဏ္ဏားကလည်း
"ဆင်ဆိုတာ ဆန်၊ပဲအစရှိသည်တွေကို ဖွတ်သည့်ထောင်းသည့် လက်ထောင်းဆုံး နှင့်သာတူပါတယ်လို့
သူကိုင်မိတဲ့ ဆင်၏ပေါင်ကို အထင်နှင့်ပြေပါတော့တယ်" ဆင်၏မြီးတံကိုကိုင်မိတဲ့ မျက်မမြင်ပုဏ္ဏားကလည်း"ဆင်ဆိုတာ
ကျည်ပွေ့ နှင့်သာတူပါကြောင်း" ပြောကြားလေသော်။
နောက်ဆုံးကျန်ရှိနေတဲ့ မြင်မမြင်ပုဏ္ဏားကလည်း
ဆင်၏မြင်ဆံအမွေးကို ကိုင်ကြည့်ပြီး" ရှေးကပုဏ္ဏားတွေပြောပြသွားကြသလို တခုမှမဟုတ်ပဲ
ဆင်ဆိုတာက အမှန်တော့ တံမြက်စည်းနှင့်ပဲ တူပါတယ်ဟု ဖြေကြားပါတော့တယ်။
ဒီအခါမှာတော့ အခြားမျက်မမြင်ပုဏ္ဏားတွေဟာ
ကိုယ်ထင်ရာအတိုင်း ဆင်ဆိုတာ ရေအိုးနဲ့တူတာပါ။ဗန်းဆန်ကောနဲ့တူတယ်။ မင်းတို့ပြောမှားတယ်
အိမ်နဲ့ပဲတူတာ စသည်ဖြင့် ဆင်၏ပုံသဏ္ဍန်အား ကျနသေခြာလေ့လာခြင်း သုံးသတ်ဖြင်း ဝေဖန်းခြင်းမပြုပဲနဲ့
မိမိတို့ထင်မြင်ရာလေးတခုကိုပဲ အတ္တကြီးစွာအစွဲပြုပြီး ညင်းခုန်ရခြင်း ဆဲရေးမြည်တမ်းကြမ်းတမ်းစွာပြောဆိုယုံမကတော့ပဲ
နောက်ဆုံးမှာ ထိုးကြိတ် ပုတ်ခတ်ခြင်းကိုပြုကြပါတော့တယ်။
ထိုသို့မြင်မမြင်ပုဏ္ဏားတို့အတိုင်းပင်
အမိမြန်မာပြည်ဝယ်ယခုအခါ ခေတ်သစ်မျက်မမြင်ပုဏ္ဏားများ အလျှိုအလျှို ဝေလေလေနှင့်ထွက်ပေါ်လာနေပါတယ်။
မြန်မာနိုင်ငံတော်၏ ပရိယတ္တိ၊ပရိပတ္တိဝန်ဆောင် သံဃရာဇာဆရာတော်သံဃာတော်အရှင်မြတ်တို့သည်သက်တော်၊၀ါတော်ကြီးရင့်တော်မူကြပါတော့လည်း
မေတ္တာ၊ဂရုဏာ၊အမြော်မမြင်ကြီးများကြသူများပီပီ
မိမိတို့အကျိုးမဖက် အများပြည်သူကောင်းစားရေးသက်သက်မျှဖြင့်
ကိုယ်အဆင်းရဲ၊စိတ်အဆင်းရဲခံကာဖြင့် မြန်မာပြည်၏ အမျိုး၊ဘာသာ၊သာသနာတော်အကျိုးအား အရှည်မျှော်ကိုးကာ
အမျိုးစောင့်ဥပဒေအားအများနိုင်ငံများနည်းတူ ပြဋ္ဌာန်းရန်သြ၀ါဒပေး တော်မူခြင်းကို အချို့သောလူနည်းစု
လူ့အန္ဓတို့သည် မိမိထင်မြင်ရာတစ်ခုပဲအမှန်လုပ်အဟုတ်ထင်ကာ ပုဏ္ဏားမျက်မမြင်များနည်းတူ
ထင်ရာကိုပြောဆိုနေသည်ကိုတွေ့နေမြင်နေရပါသည်။
သာသနာ့ဥသျှောင်သက်တော်၊၀ါတော်ကြီး
စိတ်ကောင်း၊စာတတ်၊အကျင့်မြတ်တော်မူသည့် ထေရ်အရှင်မြတ်တို့သည် ဘက်ပေါင်းစုံကိုမစဉ်းစားပဲ
အရှည်မတွေးပဲ အမျှော်အမြင်သုံးသတ်မှုမရှိပါပဲလျှက် ယခုကဲ့သို့လုပ်ဆောင်ကြပါမည်လော???
သေခြာစဉ်းစားဆင်ခြင်ကြပါကုန်လော။
ထိုအမျိုးစောင့်ဥပဒေသည် ယခုအခါ ဥပဒေပညာရှင်များနှင့် တိုင်ပင်ဆွေးနွေးဆဲအချိန်ပင်ရှိပါသေးတယ်။
အချောတတ်မထွက်ရှိရသေးပဲ ၊ မလေ့လာရသေးပဲ ထင်ရာပြောနေကြရင်ဖြင့် မြင်စေ့မြင်ပါလျှက် မျက်မမြင်ပုဏ္ဏားတို့ထက်
မိုက်မဲရာရောက်မနေပေဘူးလား???
စဉ်းစားကြပါလေ
အမျိုးစောင့်ဥပဒေရှိခြင်း၊မရှိခြင်းသည်
စင်စစ်အားဖြင့် သံဃာတော်များအားတိုက်ရိုက်မသက်ရောက်ပါ
အမှန်တကယ်သက်ရောက်ရမည်မှာ
ပြည်သူ၊ပြည်သားအများဒကာ၊မများပင်မဟုတ်ပါလား။အမျိုးစောင်ဥပဒေဆိုတာ
ဘာသာခြားကိုလက်မထပ်ရဟု တားမြစ်ထားသောဥပဒေလုံးဝမဟုတ်ပဲ၊
ဘာသာခြားယေင်္ကျား၏တဖက်သတ်အနိုင်ကျမှုကို
ကာကွယ်ပေးထားသည့်ဥပဒေသာဖြစ်သည့်အတွက် အမျိုးသမီးထုအားလုံးအနေဖြင့်
ဝမ်းသားအာရပင်ဖြစ်ရပါမည်။
ဒီအချက်ကို မီဒီယာ၏ကျော့ကွင်းဝင် မိုက်ခဲကြီးများ အသိတရားကင်းဆိတ်သော
ခေတ်သစ် မျက်မမြင်ပုဏ္ဏားများသိရှိကြပါ၊သဘောပေါက်ကြပါ။
မြန်မာအမျိုးကောင်းသမီးတို့သည်
ဘာသာခြားအားယူလိုက်သဖြင့် ဘာသာခြား၏ အမျိုးမျိုးနှိပ်စက်မှုကြောင့် အတိဒုက္ခရောက်ကြသည့်အခါတိုင်း
အစိုးရနှင့် ပါတီကြီးတို့အား အားကိုးလို့မရလို့ ဆရာတော်သံဃာတော်များမှ ကယ်ထားရသည့်
မြန်မာအမျိုးသမီးများမှာ မရေမတွက်နိုင်အောင်ပင်ရှိပါတယ်။ထိုသို့ ဘာသာခြားမှ မိမိတို့မြန်မာအမျိုးသမီးတို့အား
စော်ကားတိုင်း အနိုင်ကျင့်တိုင်း ခေတ်သစ်မျက်မမြင်ပုဏ္ဏားများဘယ်အရပ်ဆီဝယ် ဘာတွေများလုပ်နေကြသနည်း။
အို ရွှေမြန်မာတို့ ဉာဏ်မျက်စေ့ဖွင့်ကြပါ၊
လေ့လာကြပါ၊ ပုဏ္ဏားမျက်မမြင်များကဲ့သို့ သေခြာမလေ့လာပါပဲ ထင်ရာပြောကာ မပြစ်မှားကြပါကုန်နှင့်..။ ပုဏ္ဏားမမြင်တို့၏ အတွေးမှား အထင်မှားခြင်းသည် မည်သူတစ်ဦးစ်ေယောက်ကိုမှ
သက်ရောက်မှုဆိုးကျိုးမဖြစ်၊ ဒုက္ခလည်းမပေး၊ မည်သည့်ကိုမှလည်း ဘယ်အချိန်အခါမှ ထိခိုက်စေမည်မဟုတ်ပါ
။
သို့သော် သင်ခေတ်သစ်ပုဏ္ဏားတို့၏
မသိတွဝေ မှုကြောင့် မြန်မာသမီးပျိုများသာမက၊ နောင်းတချိန်မှာ ၊အမိနိုင်ငံတော်၊ကြီးနှင့်
ဘာသာသနာအပေါ်တွင် မထိခိုက်ပါစေနှင့်၊ ဆိုးကျိုးမကျပါစေလင့်၊ဒုက္ခမရောက်ပါစေလင့်။ပညာဉာဏ်မျက်စေ့ဖြင့်
လေ့လာဆန်းစစ်၍သတိချပ်ကြပါဟုသာ ..။
ဓမ္မ၀ီရ
အရှင်တေဇနိယ
ကိုလံဘို၊သီရိလင်္ကာ။
http://www.ashintejaniya.com/
Monday, July 15, 2013
Tuesday, July 9, 2013
Sunday, July 7, 2013
Saturday, July 6, 2013
Friday, July 5, 2013
Subscribe to:
Posts (Atom)