Thursday, March 14, 2013

တန်ဘိုးဟူသည်.....။

        လျှော်မျှင်အညံ့စားဖြင့် ရက်လုပ်တဲ့သော အ၀တ်ပုဆိုးသည် `အသားလည်းကြမ်းတမ်း၏´
`အရောင်အသွးလည်း မလှပ´ ထို့အတူ `တန်းဘိုးလည်း မရှိပေ´
ထို အညံ့စားချည်မျှင်ဖြင့် ရက်လုပ်ထားသော လျှော်မျှင်ပုဆိုးသည်
`အသစ်ဖြစ်စေ၊ အဟောင်းဖြစ်စေ၊အနွမ်းဖြစ်စေ၊´သဘောသွားအရည်အသွေး
အားဖြင့် ခြားနားခြင်း မရှိပေ။
``အသားကြမ်းခြင်း၊အရောင်မလှပခြင်း၊အဖိုးမထိုက်တန်ခြင်းသည် အတူတူပဲဖြစ်ပေ၏´´

      ဤအတူ လောက၌ ``အကျင့် သိက္ခာ ယုတ်ညံ့၍ အသိပညာ မရှိသော သူသည်
အမူအရာ အားဖြင့်လည်း ယဉ်ကျေးသိမ်မွေ့မှုမရှိ။ရုန့်ရင်းကြမ်းတမ်း၏။
အသွင်အပြင်အားဖြင့်လည်း မတင့်တယ်။ သူတပါးတို့အားလည်း အကျိုးပြုနိုင်ခြင်း မရှိသဖြင့်
တန်ဘိုးလည်းမရှိ အသုံးလည်းမ၀င်ပေ´´
ထိုသို့သော လူမျိုးသည်` လူငယ်ဖြစ်စေ´၊` လူလတ်ပိုင်းဖြစ်စေ´
`လူကြီးပဲဖြစ်စေ´ သဘောသွားအရည်အသွေး
အားဖြင့် ခြားနားခြင်း မရှိပေ။
``အမူအရာကြမ်းတမ်း၊ကြည်ရှုလို့ မတင့်တယ်၊ သူတပါးတို့အား
အကျိုးမပြုနိုင်တာခြင်း အတူတူပင်ဖြစ်ပေသည်´´

``အကောင်းစား ပိုချည်မြှင်ဖြင့် ရက်လုပ်ထားသော အ၀တ်ပုဆိုးသည်
အသားအရည်လည်း နူးညံ့ပျော့ပျောင်း၏၊ အရောင်အသွေးလည်း လွန်စွာလှပရှုချင်ဖွယ်ရှိ၏၊
တန်ဘိုးလည်း ထိုက်တန်မွန်မြတ်၏´´
``ထိုအကောင်းစား ပိုချည်မျှင်ဖြင့် ရက်လုပ်ထားသော အ၀တ်ပုဆိုးသည်
အသစ်ဖြစ်စေ၊ တစ်ပတ်ရစ်ဖြစ်စေ၊ အဟောင်းဖြစ်စေ၊
အရည်အသွေ တန်ဘိုးသဘေားသွားခြင်း အတူတူပင်ဖြစ်၏။
အသားအရည်လည်း နူးညံ့ပျော့ပျောင်း၏၊ အရောင်အသွေးလည်း လွန်စွာလှပရှုချင်ဖွယ်ရှိ၏၊
တန်ဘိုးလည်း ထိုက်တန်မွန်မြတ်၏´´

ဤအတူပင် လောက၌ အကျင့်သိက္ခာ ရှိ၍ အသိဉာဏ်ပညာနှင့်
ပြည့်စုံသော သူသည်
` လူငယ်ဖြစ်စေ´၊` လူလတ်ပိုင်းဖြစ်စေ´
`လူကြီးပဲဖြစ်စေ´
အမူအရာအားဖြင့်လည်း ယဉ်ကျေးသိမ်မွေ့၏၊
အသွင်အပြင်အားဖြင့်လည်း တင့်တယ်ဖွယ်ရာ ရှုချင်ဖွယ်ရာဖြစ်၏။
တပါးသော သူတို့အားလည်း အကျိုးပြုနိုင်သဖြင့်
တန်းဘိုးရှိ အဖိုးတန်းသော သူလည်းဖြစ်ပေ၏။

(တိကနိပါတ၊လောဏကပလ္လ၀ဂ္ဂ၊ ပေါတ္ထကသုတ္တံ)


မိမိအကျိုး၊သူတပါး၏ အကျိုး၊ သည်းပိုးရွက်ဆောင်နိုင်သူများဖြစ်ကြပါစေ

ဓမ္မ၀ီရအရှင်တေဇနိယ
ခေတ္တ-သီရိလင်္ကာ

No comments:

Post a Comment