Sunday, March 10, 2013
ထေရ၀ါဒပိဋကတ်တော်များ
`ထေရ၀ါဒ´ဆိုသည်မှာမြတ်စွာဗုဒ္ဓလက်ထက်တော်အခါကဘုရားရှင်ကိုယ်တော်တိုင်ဟောကြ
ားတော်မူခဲ့သည့် တရားတော်များအား `ဖြည့်စွတ်ခြင်း´ `ပယ်နှုတ်ခြင်း´ `ပြင်ဆင်ခြင်း´ လုံးဝမရှိပဲ
မြတ်စွာဗုဒ္ဓဟောကြားခဲ့သည့် အတိုင်းတရားတော်များကို မူရင်ကျကျ ကျင့်ကြံအားထုတ်
စောင့်ထိန်းသည့် အရှင်မဟာကဿပစသော သီလ၊သမာဓိ၊ပညာ၊(သို့) ပရိယတ္တိ၊ ပဋိပတ္တိ၊ ပဋိဝေဓ
၊အစရှိသောဂုဏ်အင်္ဂါ အရည်အချင်းများနှင့်ပြည့်စုံသော မထေရ်မြတ်တို့၏ အယူဝါဒကို
ထေရ၀ါဒဟုခေါ်ဆိုခြင်းဖြစ်ပါသည်။
သံဃာတော်အရှင်သူမြတ်တို့သည် မြတ်စွာဗုဒ္ဓ၏ မူရင်းပါဠိတော်တရားမြတ်တို့ကို
နှုတ်ဆင့်ကမ်း၍လည်းကောင်း၊ စာမှတ်တမ်းများဖြင့်လည်းကောင်း၊ ခေတ်အဆက်ဆက်မှာ
မည်သည့်အခြေအနေမျိုးနှင့်ပင်တွေ့ကြုံပါစေဗုဒ္ဓ၏ဒေသနာတော်မြတ်တို့အားစောင့်ရှောက်ထိန်းသိမ်းေ
တ်ာမူခဲ့ကြပါသည်။
သီဟိုဠ်ကျွန်း(ယခုသီရိင်္လာနိုင်ငံ)သာသာနာတော်သမိုင်းတွင်အစားရေစာငန်မွတ်ခေါင်းပါးသ
ည့် ဘေးကြီးနှင့်တွေ့ကြုံသောအခါတွင် သံဃာတော်အရှင်သူမြတ်တို့သည် ဗုဒ္ဓမြတ်စွာ၏
ပိဋကတ်ဒေသနာတော်များအား မကွယ်ပျောက်စေရန်အတွက် ၀မ်းဗိုက်ပေါ်တွင် သဲများတင်ကာ
အစာဆင်းရဲဒဏ်ကိုကြံကြံခံ၍တရားတော်များကိုလက်ဆင့်ကမ်းထိန်းသိမ်းစောင့်ရှောက်တော်မူခဲ့ကြပါ
သည်။ သံဃာတော်အရှင်သူမြတ်တို့၏ ကျေးဇူးတော်ကား ကြီးမားလေစွာတကား။ ယခု
သူတော်ကောင်းများ မြတ်ဗုဒ္ဓ၏ ပိဋကတ်တော်ဒေသနာများအား ဘုရားရှင်ဟောကြားတော်မူခဲ့သည့်
မူရင်အတိုင်း ယခုအချိန်ထိ နာကြားသင်ကြားခွင့်ရသည်မှာ သံဃာတော်အရှင်မြတ်တို့၏
ကျေးဇူးတော်မြတ်ကြောင့်ပင်ဖြစ်ပေသည်။
`ပိဋက´ဟူသောအနက်အဓိပ္ပါယ်မှာ`ခြင်းတောင်း´ဟုအဓိပ္ပါယ်ရရှိပါတယ်။သယ်ဆောင်စရာပ
စ္စည်းများအား ခြင်းတောင်းဖြင့် လူတို့သည် သယ်ဆောင်ယူသကဲ့သို့ မြတ်စွာဗုဒ္ဓ၏ တရားတော်မူရင်း
ပိဋကတ်တော်များအားသံဃာတော်အရှင်မြတ်များမှခေတ်အဆက်ဆက်လက်ဆင့်ကမ်းသယ်ယူခဲ့ကြ
သဖြင့် ခြင်းတောင်းဖြင့် တင်စားကာ `ပိဋက´ဟုခေါ်ဆိုခြင်းဖြစ်ပါသည်။
မြတ်စွာဗုဒ္ဓဟောကြားတော်မူခဲ့သည့် ထေရ၀ါဒ ပိဋကတရားဒေသနာတော်များမှာ-
(၁) ၀ိနယ ပိဋက
(၂) သုတ္တန္တ ပိဋက
(၃) အဘိဓမ္မ ပိဋက
ဟူ၍ အမျိုးအစားအားဖြင့် သုံးမျိုးရှိပါသည်။
ထို ၀ိနည်း၊သုတ္တန်၊ အဘိဓမ္မာ တရားတော်သုံးမျိုးကိုပင် ပိဋက သုံးပုံဟု ခေါ်ဆိုပါသည်။
(၁) ၀ိနယ ပိဋကတော်
သံဃာတော်အရှင်သူမြတ်များနှင့် ဘိက္ခူနီ (ရဟန်းမ)များတွက် ပညတ်ထားသော
ကျင့်ဝတ်စည်းကမ်း ဥပဒေများကို `၀ိနယ´ဟုခေါ်ဆိုခြင်းဖြစ်ပါသည်။ ထို ၀ိနယပိဋကသည်လည်း
(၅)မျိုးအားဖြင့် ထပ်မံခွဲခြားထားပါသည်။ထို(၅)မျိုးမှာ-
(က) ပါရာဇိကဏ် ပါဠိတော် = ရဟန်းတော်များအတွက်
ပညတ်ထားသောကျင့်ဝတ်စည်းကမ်းဥပဒေ သိက္ခာပုဒ်တော်ပေါင်း-၄၉-ပါး
(ခ) ပါစိတ်ပါဠိတော် = ရဟန်းတော်များအတွက် ပညတ်ထားသော
ကျင့်ဝတ်စည်းကမ်း ဥပဒေ သိက္ခာပုဒ်တော်ပေါင်း-၁၇၈-ပါးနှင့် ဘိက္ခူနီများအတွက် ပညတ်ထားသော
ကျင့်ဝတ်စည်းကမ်းဥပဒေသိက္ခာပုဒ်တော်ပေါင်း-၃၁၁-ပါး
(ဂ) မဟာဝဂ္ဂ ပါဠိတော် = ရဟန်းတော်များ လိုက်နာကျင့်သုံးရမည့်
ကျင့်ဝတ်စည်းကမ်း ဥပဒေများ၊ လုပ်နည်းလုပ်ဟန်နည်းနာနိဿယျ များကို အခန်း(၁၀)ခန်းဖြင့်
ဖော်ပြဟောကြားထားသည်။
(ဃ) စူဠ၀ဂ္ဂ ပါဠိတော် =ရဟန်းတော်များနှင့်ပတ်သက်သောစည်းမျဉ်းဥပဒေတို့ကို
အခန်းပေါင်း(၁၂)ခန်းဖြင့် ဖော်ပြထားသည်။
(င) ပရိဝါ ပါဠိတော် = ၀ိနည်းသိက္ခာပုဒ်တော်တို့ကို
ကျက်မှတ်လိုသူများအတွက် အကျဉ်းချုပ် ပြုစုဖော်ပြထားသော ကျမ်းဖြစ်သည်။
(၂) သုတ္တန္တ ပိဋကတော်
မြတ်စွာဗုဒ္ဓရှင်တော်မြတ်သည်သဗ္ဗညုတဘုရားစင်စစ်ဖြစ်တော်မူသည်မှစ၍ပထမဆုံးဟောကြ
ားတော်မူသော`ဓမ္မစကြာတရားတော်´မှပရိနိဗ္ဗာန်စံဝင်တော်မူခါနီးနောက်ဆုံးဟောကြားတော်မူခဲ့သ
ည့်`သြ၀ါဒဒေသနာတော်´အထိ(၄၅)၀ါကာလတိုင်တိုင်ဟောကြားတော်မူခဲ့သည့်``ဒေသနာတော်´´
အမျိုးအစား တရားတော်ဖြစ်ပါသည်။
ထို `သုတ္တန္တပိဋက´ကသည်လည်း နိကာယ်အားဖြင့် (၅)မျိုး ခွဲခြားထားပါသည်။
ထိုနိကာယ်ကျမ်း (၅)မျိုးမှာ-
(က) ဒီဃ နိကာယ်
(ခ)မဇ္ဈိမနိကယ်
(ဂ) သံယုတ္တ နိကာယ်
(ဃ) အင်္ဂုတ္တရ နိကာယ်
(င) ခုဒ္ဒက နိကကာယ် တို့ဖြစ်ကြပါသည်။
(က) ဒီဃနိကာယ် = အလွန်ရှည်လျားသော သုတ်တော်ဒေသနာတို့ကို
စုပေါင်းထားသောကြောင့်`ဒီဃနိကာယ်´ဟုခေါ်ပါသည်။
ယင်း ဒီဃနိကယ်တွင်-
(၁) သီလက္ခန္ဓ ၀ဂ္ဂ-၁၃-သုတ်
(၂) မဟာဝဂ္ဂ ၁၀-သုတ်
(၃) ပါထိက ၀ဂ္ဂ ၁၁-သုတ် တို့ပါဝင်ပါသည်။
(ခ)မဇ္ဈိမ နိကာယ် = မရှည်လွန်း ၊မတိုလွန်း အလယ်အလတ်ဖြစ်သော သုတ်တော်ဒေသနာတို့ကို
စုပေါင်းထားသောကြောင့် `မဇ္ဈိမ နိကယ်´ဟုခေါ်ပါသည်။
ယင်းမဇ္ဈိမ နိကာယ်တွင်-
(၁) မူလပဏ္ဏာသ ဒေသနာတော် ၅၀-သုတ်
(၂) မဇ္ဈိမ ပဏ္ဏာသ ဒေသနာတော် ၅၀-သုတ်
(၃) ဥပရိပဏ္ဏာသ ဒေသနာတော် ၅၂-သုတ် တို့ပါဝင်ပါသည်။
(ဂ) သံယုတ္တ နိကာယ် = တူညီသော အချက်တစ်ခုကို မူထား၍ စုပေါင်းထားသော
ဒေသနာသုတ်တော်များကို `သံယုတ္တ နိကာယ်´ဟု ခေါ်ဆိုခြင်းဖြစ်ပါသည်။
ယင်း သံယုတ္တနိကာယ်သည်-
(၁) သဂါထာဝဂ္ဂ သံသုတ်တော်ပေါင်း ၁၁-သုတ်
(၂) နိဒါန ၀ဂ္ဂ သံယုတ်တော်ပေါင်း ၁၀-သုတ်
(၃) ခန္ဓ ၀ဂ္ဂ သံယုတ်တော်ပေါင်း ၁၃-သုတ်
(၄) သဠာယတန ၀ဂ္ဂ သံယုတ်တော်ပေါင်း ၁၂-သုတ်
(၅) မဟာဝဂ္ဂ သံယုတ်တော်ပေါင်း ၁၂-သုတ် တို့ပါဝင်ပါသည်။
(ဃ)အင်္ဂုတ္တရနိကာယ် = ဧကနိပါတ်မှ ဧကာဒသ နိပါတ်တိုင်အောင်-
နိပါတ်တော် ၁၁-သုတ်
သုတ်တော်ဒေသနာပေါင်း ၉၅၅၇-သုတ် တို့ပါဝင်ပါသည်။
(င)ခုဒ္ဒကနိကာယ် =ရှေ့နိကာယ်(၄)ရပ်တို့မှ နောက်ထပ်ဖြစ်သော `ခုဒ္ဒကပါဌ´စသည့်
ကျမ်းအစုကို `ခုဒ္ဒကနိကာယ်´ဟုခေါ်ဆိုပါသည်။
ယင်း`ခုဒ္ဒက နိကာယ်´တွင် အောက်ဖော်ပြပါကျမ်းများပါဝင်ပါသည်။
(၁) ခုဒ္ဒကပါဌ =တိုတောင်းသည့် သုတ်တော် (၉) မျိုးပါဝင်သည်
(၂) ဓမ္မပ = ၀ဂ်ပေါင်း(၂၆)၀ဂ်၊ ဂါထာတော်ပေါင်း (၄၂၃)ဂါထာတော်ပါဝင်သည်
(၃) ဥဒါန =ဗုဒ္ဓမြတ်စွာ ကျူးရင့်တော်မူသော ဒေသနာတော်များဖြစ်သည်။
ဝဂ်ပေါင်း (ဂ)၀ဂ်နှင့် ဥဒါန်းတော်ပေါင်း (၈၂)ပါး ပါဝင်ပါသည်။
(၄)ဣတိဝုတ္တက =နိပါတ်တော် (၄)ခု ၊သုတ်တော်ပေါင်း (၁၂၀)ပါဝင်ပါသည်။
(၅) သုတ္တနိပါတ =သုတ်ငယ်ပေါင်းများစွာအားစုပေါင်းထားခြင်းဖြစ်၏။
ဝဂ်(၅)၀ဂ်သုတ်တော်(၅၄)သုတ်နှင့် ပုစ္ဆာ(၆၁) ခု ပါဝင်ပါသည်။
(၆)၀ိမာန ၀တ္ထု =ဘုံနန်း ဗိမာန်ဆိုင်ရာ အဖြစ်အပျက်တို့ကို ဖော်ပြထားခြင်းဖြစ်၏။
ဝဂ်(၇)၀ဂ်နှင့်၊ ဇာတ်တော်(၈၃)ပုဒ်ပါသည်။
(၇)ပေတ၀တ္ထု = ငရဲ၊စသောလောက၏ ဆင်းရဲဒုက္ခကိုဖော်ပြထားခြင်းဖြစ်၏။
ဝဂ်ပေါင်း(၄)၀ဂ်၊၀တ္ထုတော်ပေါင်း (၅၀)ပါဝင်သည်။
(၈) ထေရဂါထာ =မထေရ်မြတ်ကြီး(၁၀၇)ပါး၏ အဆိုအမိန့်သြ၀ါဒများကို
နိပါတ်(၂၁)ခုဖြင့် ခွဲခြားဖော်ပြထားသည်။
(၉)ထေရီဂါထာ =ထေရီမယ် (၇၃)ပါးတို့၏ အဆိုအမိန့်သြ၀ါဒများကို
နိပါတ်(၁၆)ခုဖြင့်ဖော်ပြထားသည်။
(၁၀) ဇာတက =မြတ်စွာဗုဒ္ဓ၏ ရှေ့ဘ၀ဖြစ်စဉ်များကို ဖော်ပြထားသည်။
နိပါတအပိုင်းငယ် (၂၂)ပါး၊ ဇာတ်တော်ဝတ္ထုပေါင်း(၅၄၇)ပါဝင်သည်။
(၁၁) မဟာနိဒ္ဒေသ =သုတ္တနိပါတ်ကျမ်းလာ `အဋ္ဌက၀ဂ်´ဝေါဟာရ အဓိပ္ပါယ်တို့ကို
ထပ်မံဖွင့်ဆိုခြင်းဖြစ်၏။
(၁၂) စူဠနိဒ္ဒေသ =သုတ္တနိပါတ်ကျမ်းလာ နောက်ထပ်ဝဂ် (၃)ခုကို
ထပ်မံဖွင့်ဆိုထားခြင်းဖြစ်၏။
(၁၃) ပဋိသမ္ဘိဒါမဂ္ဂ =ဓမ္မ၏ အခြေခံအချက်တို့ကို သရုပ်ခွဲ၍ ဝေဘန်ပြထားခြင်းဖြစ်၏။
ကဏ္ဍကြီး(၃)ခုနှင့် အခန်းငယ်ပေါင်းများစွာပါဝင်သည်။
(၁၄)မွန်မြတ်သောအကျင့်မြတ်တို့ကိုကျင့်ကြံခဲ့သောသူတော်ကောင်းများ၏အကြောင်း
ကိုဖော်ပြထားခြင်းဖြစ်၏။ ကဏ္ဍ(၅၅)ခုဖြင့် မထေရ်မြတ်(၅၅၀)တို့၏ ဘ၀ထေရုပ္ပါဒ်ကို
ဖော်ပြထားခြင်းဖြစ်၏။ ထို့အပြင်ကဏ္ဍ(၄)ခုဖြင့်ထေရီ(၄၀)တို့၏ ဘ၀များကိုလည်းကောင်း၊
နောက်ဆက်တွဲအဖြစ် ဗုဒ္ဓပဒါန နှင့် ပစ္စေကဗုဒ္ဓါတို့၏ ပဒါနတို့ကိုလည်း ဖော်ပြထားသည်။
(၁၅)ဗုဒ္ဓ၀ံသ =ဘုရားရှင်တို့၏ ဘုရားဖြစ်စဉ် မဟာဗုဒ္ဓ၀င်တော်ကို အစီအစဉ်တကျ
ဖော်ပြထာသည်။ထို့အပြင်ဗုဒ္ဓပကိဏ္ဏကကဏ္ဍနှင့်ဓာတုဘောဇနိယကထာတို့ကိုလည်းဖော်ပြထာ
းပါသည်။
(၁၆) စရိယာပိဋက =ဘုရားအလောင်းတော် ပါရမီတော်ဖြည့်ကျင့်ခဲ့သည့် ဘ၀တို့ကို
ဖော်ပြထားသည်။
(၃) အဘိဓမ္မ ပိဋကတော်
သုတ္တန်၊၀ိနည်းတို့ထက် ကဲလွန်သောသဘောတရားများ၊နက်နဲသော သဘာဝဓမ္မများကို
စုစည်းဖော်ပြထားသောကြောင့် ``အဘိဓမ္မပိဋက´´ဟုခေါ်ဆိုပါသည်။ထိုအဘိဓမ္မာပိဋက သည်လည်း
ကျမ်းအားဖြင့် (၇)ကျမ်းရှိပါသည်။
(က) ဓမ္မသင်္ဂဏီ =သက်ရှိသက်မဲ့ အရာအားလုံးတို့၏ ရုပ်နာမ်သဘာဝကို
အပိုင်းကြီးလေးပိုင်းခွဲလျှက် ရေတွက်ပြခြင်း။
(ခ) ၀ိဘင်္ဂ = ဓမ္မသဘာဝကို အဓိပ္ပါယ်ခွဲခြမ်းစိတ်ဖြာထားသော ၀ိဘင်္ဂခေါ်
အဖွင့်ပေါင်း(၁၈)ခု ပါဝင်သည်။
(ဂ) ဓာတုကထာ =ကဏ္ဍ(၁၄)ခုခွဲကာ ပရမတ္ထတရားတော်တို့ကို နည်း(၄)ပါးတို့ဖြင့်
အကျယ်တ၀င့် ရှင်းလင်းဖော်ပြထားသည်။
(ဃ) ပုဂ္ဂလပညတ္တိ =ကဏ္ဍကြီး (၁၀)ခုတို့၌ (၁)မှ (၁၀)အထိ ပုဂ္ဂိုလ်အမျိုးအစားတို့ကို
နိဒ္ဒေသအလိုက် ဖော်ပြထားသည်။
(င) ကထာဝတ္ထု = ဗုဒ္ဓ၀ါဒ ဂိုဏ်းကွဲများ၏ အယူဝါဒများကို
စုပေါင်းဖော်ပြထားသည်။ဝဂ်ပေါင်း (၂၃)၀ဂ်ဖြင့် ထေရ၀ါဒမှ သုတ်တော်ပေါင်း
(၅၀၀)နှင့်`ပရ၀ါဒ´မှသုတ်တော်ပေါင်း (၅၀၀)တို့ကို နှိုင်းယှဉ်ထားသည်။
(စ) ယမက = အဘိဓမ္မသဘောတရားများ၏ ဖြစ်တည်နေပုံကို
မူလ၊ခန္ဓ၊အာယတန၊ ဓာတု၊ သစ္စ၊ သင်္ခါရ ၊ အနုသယ၊စိတ္တ ၊ ဓမ္မ၊ ဣန္ဒြိယ ဟူသောယမက
(၁၀)ပါးတို့ဖြင့် ဖော်ပြထားသည်။
(ဆ) ပဋ္ဌာန = ဓမ္မာအနုလောမ စသည်တို့၌ တိကပဋ္ဌာနစသော
ပဋ္ဌာန်း(၆)ပါးတို့ဖြင့် ပွားသော် (၂၄)ပါးသော ပဋ္ဌာန်းတို့ကို ရရှိသည်။ ပဋ္ဌာန်းတစ်ပါးစီတွင်
`ပဋိစ္စ၀ါရ´စသော ၀ါဒ(၇)ပါးတို့ဖြင့်တန်ဆာဆင်ဖော်ပြထားသည်။
အထက်ပါဒေသနာတော်ကျမ်းမြတ်တို့သည်ကားဗုဒ္ဓမြတ်စွာကိုယ်တော်တိုင်ဟောကြားတော်မူ
ခဲ့သည့်ပိဋကတော်များဖြစ်ပါသည်။သို့ရာတွင်ထိုပိဋကတော်၏နောက်ဆက်တွဲ၊ အဋ္ဌာကထာကျမ်းတို့၏
ရှေ့ပြေး ပါဠိတော်များလည်းရှိပါသေးသည်။ ယင်းကျမ်းတို့မှာ အောက်ပါအတိုင်းဖြစ်ကြပါသည်။
(၁) နေတ္တိပကရဏ =ဓမ္မရေးရာနှင့်ပတ်သက်သော ဝေါဟာရနှင့် အဓပ္ပါယ်တို့ကို
ရှင်းလင်းဖော်ပြထားသည်။
(၂) ပေဋကောပဒေသ = ပိဋကသုံးပုံမှ ကောင်းနိုးရာရာဒေသနာတော်တို့ကို
ဖော်ပြထားသည်။
(၃) မိလိန္ဒပဥှာ = ပိဋကတော်တွင် အကျယ်တ၀င့်ပါရှိသည့်
သတိ၊သမာဓိ၊ပညာ၊စသောအကျင့်တရားများ ၊ဖဿ၊ဝေဒနာ၊စသောအဖြစ်တရားများကို စေ့စပ်စွာ
ဆွေးနွေးဖော်ပြထားသည်။
ထိုထေရ၀ါဒဗုဒ္ဓဒေသနာတော်ပိဋကတော်များကိုပထမ၊ဒုတိယ၊တတိယသင်္ဂါယနာတော်(၃)ကြိ
မ်လုံးကို သံဃာတော်အရှင်သူမြတ်တို့သည် နှုတ်ထက်ဆောင်ကာ သင်္ဂါယနာတင်တော်မူခဲ့ကြပါသည်။
စတုတ္ထသင်္ဂါယနာတွင်ပေထက်အက္ခရာတင်တော်မူခဲ့ပြီး၊ပဉ္စမသင်္ဂါယနာတင်ပွဲတွင်ကျောက်ထ
က်အက္ခရာတင်၍ သင်္ဂါယနာတင်တော်မူခဲ့ကြပါသည်။ ဆဋ္ဌမသင်္ဂါနာတွင်မူ ပိဋကတော်တို့ကို စက္ကူဖြင့်
စာအုပ်ပြုလုပ်သင်္ဂါယနာတင်တော်မူခဲ့ကြပါသည်။
ဆဋ္ဌသင်္ဂါယနာတင် ကျမ်းစာတို့သည် အောက်ပါအတိုင်း ပုံနှိပ်မှတ်တမ်းတင်ထားပါသည်။
ကျမ်းအမည် ကျမ်းရေ စာအုပ်ရေ
ဝိနယ ၅ ၅
ဒီဃနိကာယ ၃ ၃
မဇ္ဈိမနိကာယ ၃ ၃
သံယုတ္တနိကာယ ၅ ၃
အင်္ဂုတ္တရနိကာယ ၁၁ ၃
ခုဒ္ဒကနိကာယ ၁၉ ၁၁
အဘိဓမ္မ ၇ ၁၂
စုစုပေါင်း ၅၃ ၄၀
စတုတ္ထ၊ပဉ္စမ၊ဆဋ္ဌမသင်္ဂါယနာတင်ပွဲများတွင်ပေထက်အက္ခရာ၊ကျောက်ထက္ခရာ၊ပုံနှိပ်အက္ခရာ(
စာအအုပ်)ဖြင့် မှတ်တမ်းတင်တော်မူခဲ့ရာတွင် အရေအတွက်အားဖြင့် အောက်ပါအတိုင်းဖြစ်ပါသည်။
ပေရွက်ရေ ၆၃၄၅ -ရွက်
ကျောက်ချပ်ရေ ၇၂၉ -ချပ်
စာအုပ်ရေ ၄၀ -အုပ်
စာရွက်ရေ ၆၅၄၇ -ရွက်
စာမျက်နှာ ၁၃၀၉၄ -မျက်နှာ
စာကြောင်းရေ ၄၀၄၀၇၀ -ကြောင်း
အက္ခရာစာလုံးအရေအတွက် ၁၁၀၂၁၇၅၀ (တစ်ကုဋေ တစ်သန်း နှစ်သောင်း
တစ်ထောင် ခုနှစ်ရာ့ငါးဆယ်) ရှိပါသည်။
(မှတ်ချက်) အထက်ပါပိဋကတော်တို့သည် `ပါဠိတော်´ အရေအတွက်မျှသာဖြစ်ပါသည်။
နိဿယျများ ၊အဋ္ဌာကထာများ၊ဋီကာများ ရေတွက်မထားပါ။
(မိမိအကျိုး၊ တပါးသူ၏ အကျိုး၊ ထိုနှစ်မျိုး သည်ပိုးဆောင်ရွက်နိုင်သူများဖြစ်ကြပါစေ)
ဓမ္မ၀ီရ အရှင်တေဇနိယ(ခေတ္တ-သီရိလင်္ကာနိုင်ငံ)
http://www.ashintejaniya.com/
Subscribe to:
Post Comments (Atom)
No comments:
Post a Comment