ဟုတ်၊မဟုတ်၊ မှန် မမှန်၊ အကျိုးရှိ မရှိ၊ကောင်း မကောင်း စသည်ကိုကောင်းစွာဝေ ဘန်သုံးသတ်တတ်သောပညာဉာဏ်သည် လောကတွင်အဖြစ်မဖြစ် တန်ဘိုးအကြီးဆုံးသော၊ အလိုအပ်ဆုံးသောအဓိကအရာပင်ဖြစ်ပါတယ်။ ပညာဆိုသည်မှာ ဘီအေ၊အမ်အေ၊ ပီအိပ်ဒီစသော`သညာ´ကို ဆိုလိုတာမဟုတ်ပဲ အကျိုးရှိ၊မရှိ၊ကောင်းမကောင်းစသည်ဖြင့် ဝေဘန်ပိုင်းခြား ခွဲခြမ်းစိတ်ဖြာနိုင်သော `အသိဉာဏ်´မျိုးကိုဆိုလိုပါတယ်။
`အသိပညာဉာဏ်မပါသော ဆုံးဖြတ်ချက်၊လုပ်ဆောင်ချက်များဟာ
ဘရိတ်မပါသော ကားများကဲ့သို့ အချိန်မရွေး လမ်းမှားကိုရောက်သွားတတ်ပါတယ်´။ဒါ့ကြောင့်
မည်သည့်အ လုပ် ကိုမဆိုလုပ်ကိုင်ဆုံးဖြတ်တော့မည်ဆိုပါက အသိပညာနှင့် ကျနသေခြာ စဉ်းစားဆုံးဖြတ်ဘို့
အလွန်အရေးကြီးပါတယ်။
ဦးဇင်းတို့မြန်မာအတော်များများဟာ
မည်သည့်အလုပ်ကိုပဲလုပ်လုပ်၊ ဘယ်လောက်အရေးကြီး သောတာဝန်ပဲထမ်းဆောင် ထမ်းဆောင် ကျကျနန
အသိတရားဖြင့် ဝေဘန်မှုမပြုပဲ စိတ်ခံစားချက် အတိုင်း ဦးစားပေးပြီးလွယ်လွယ်ပဲ ဆုံးဖြတ်လုပ်ဆောင်တတ်ကြပါတယ်။ဒါဟာ
အင်မတန်မှားယွင်းတဲ့ အမူအကျင့်ပဲဖြစ်ပါသည်။
`စဉ်းစားဆင်ခြင်မှု အသိပညာမပါတဲ့
လုပ်ဆောင်မှုများဟာ ဘယ်လောက်ပင်စေတနာပါပါ၊ ဘယ်လောက်ပင် အကျိုးလိုလားလိုလား မိမိမျှော်မှန်းထားသလို
အကျိုးဖြစ်ထွန်းမလာပဲ အကျိုးမပြီး အချီးနှီးဖြစ်ရပြီး၊ မိမိနှင့် မိမိပတ်ဝန်ကျင်ပါ
ဆင်းရဲခြင်းများနှင့် တွေ့ကြုံရတတ်ပါတယ်´။
အကျိုးလိုလားတဲ့စေတနာသာရှိပြီး စဉ်းစားမှုဆင်ခြင်တုံတရားမရှိမှုတို့ကြောင့်
မိမိမျှော်မှန်း သလို မိမိနှင့် မိမိအတွက်ပါ အကျိုးမဲ့သွားပုံ သာဓကတွေကို မိမိ၏ ဘေးပတ်ဝန်းကျင်ကို
ဉာဏ်မျက် စေ့လေး ရှင်ရှင်ထားကာ သတိထားကြည့်မည်ဆိုပါက မြောက်များစွာတွေ့မြင်ရမှာဖြစ်ပါတယ်။
ဒီနေရာမှာ ဦးဇင်းထုတ်ပြချင်တဲ့ သာဓကလေးကတော့ ဘုရားအလောင်းတော်မြတ် ဘုရားဖြစ်ရန် ပါရမီတော်ဖြည့်ကျင့်တော်နေစဉ်
တခုသောဘ၀မှာ တွေ့ကြုံခဲ့ရတဲ့ အကျိုးလိုလား၊ စေတနာထား ပေမဲ့လည်းပညာဉာဏ်ကင်းမဲ့ မစဉ်းစားမဆင်ခြင်ပဲ
ပြုလုပ်သည့်အတွက် ပြုလုပ်သူကော၊ ပတ်ဝန်ကျင်ပါ
အကျိုးမများ အကျိုးမဲ့သွားရတဲ့ အကြောင်းလေးပါ။
ဗာရာဏသီပြည်မှာ
ဗြဟ္မဒတ်မင်းကြီး ထီးနန်းစိုးစံစဉ်နေစဉ်တနေ့မှာ ဗာရာဏသီပြည်မှာ ပွဲတော်ဆင်နွှဲကျင်းပနေတဲ့အချိန်မို့
တိုင်းပြည်တပြည်လုံး သူဋ္ဌေးသူကြွယ်၊ကုန်သည်ပွဲစား၊လယ်သမား ယာသမား၊သူဆင်းရဲများပါမကျန်
တိုင်းသားပြည်သူအားလုံးဟာ ပွဲတော်ကို ပျော်ရွှင်စွာ ဆင်နွှဲ နေကြ ပါတယ်။
ဗာရာဏသီမင်းရဲ့ ဥယျဉ်မှုးသည်လည်း ပွဲတော်သဘင်မှာ ပါဝင်ဆင်နွှဲလိုတာကြောင့်
ဥယျဉ်တော်အတွင်းရှိ မျောက်မင်းထံသွားကာ `` အသင်မျောက်မင်း ဤဥယျဉ်တော်သည်
သင်နှင့် သင့်နောက်လိုက် မျောက်အပေါင်းအတွက် ကျေးဇူးများလှသည်´´။``နေစရာ ရရှိယုံမျှမကပဲ
စား စရာ အတွက်ပါ ဘေးရန်ကင်းစွာ ကြောင့်ကြမဲ့ နေထိုင်စာသောက်ရ၏´´။ထိုဥယျဉ်တော် ပြန်လည်
ကျေးဇူးပြုတဲ့အနေဖြင့် ငါမရှိခိုက် ဥယျဉ်တော်အတွင်ရှိ သီးပင်ပန်းပင်တို့အား ရေလောင်းကြပါဟု
မှားကြား၍ ပွဲတော်သို့ ထွက်သွားလေ၏။
မျောက်အပေါင်းတို့လည်း ဥယျဉ်မှုးမှာကြားချက်အတိုင်း သီးပင်စားပင်တို့အား
ရေလောင်း ကြလေသည်။ထိုအချိန်တွင် ခေါင်ဆောင်မျောက်မင်းက မျောက်အပေါင်းတို့ကိုခေါ်ပြီး၊
`အို မျောက် အပေါင်းတို့ ရေကိုချွေတာပြီးလောင်းကြရမည်၊ သစ်ပင်မှာအဓိကဟာ ရေသောက်မြစ်ပဲဖြစ်တယ်၊
ရေသောက်မြစ်တိုသည့်အပင်ကို ရေများစွာလောင်းပါက ရေတွေအလဟဿဖြစ်နိုင်တယ်၊ ရေသောက်မြစ်ရှည်တဲ့အပင်ကို
နဲနဲလောက်မိရင်လည်း အာဟာရပြည့်ပြည့်၀၀ ရရှိနိုင်မှာမဟုတ်ဘူး၊ ဒါကြောင့် ရေလည်းချွေတာရာရောက်
လိုအပ်တဲ့အပင်လည်း လိုအပ်သလောက်ရရှိအောင် သစ်ပင်တွေကို ဦးစွာနုတ်ကြည့်၍ ရေသောက်မြစ်တိုလျှင်
ရေနဲနဲလောင်းပြီး၊ ရေသောက်မြစ်ရှည်လျှင် ရေများများလောင်းကြလော့´´ဟု စေခိုင်းလေ၏။ နောက်လိုက်မျောက်အပေါင်းလည်း
ခေါင်းဆောင်မျောက်စေခိုင်းအတိုင်း သစ်ပင်တို့ကို နုတ်၍ ရေသောက်မြစ် အတို၊အရှည်ကိုကြည့်၍
ရေလောင်းကြလေတော့၏။
ထိုချိန်မှာ ပညာရှိယောက်ျားတဦးသည် ဥယျဉ်အတွင်ရောက်လာပြီးမျောက်အပေါင်း၏
လုပ်ဆောင်နေမှုကို တွေ့မြင်ရကာ အဘယ်ကြောင့် ယခုကဲ့သို့ ဆောင်ရွက်နေကြသလဲဆိုတာ စုံစမ်းသိရှိရ၍
``အသိဉာဏ်ပညာ ဆင်ခြင်တုံတရားနည်းပါးကြတဲ့သူတွေသည်
၊ အကျိုးရှိအောင် လုပ်ဆောင်ဆောင်ရွက်မှုသည်၊ အကျိုးမဲ့ ကိုသာဖြစ်စေတယ်´´ဟု မှတ်ချက်ပေးကာ
ဥယျာဉ်တော်အတွင်းမှ ထွက်ခွားသွားလေ၏။ အထက်ပါဇာတ်ကြောင်းလေးထဲက ခေါင်းဆောင်မျောက်နှင့် နောက်လိုက် မျောက်အပေါင်းဟာ ရေတွေအလဟဿ မကုန်စေလိုတဲ့စေတနာ၊ သစ်ပင်ပန်းပင်တွေလည်း
လိုအပ်သလောက် ရရှိလိုသောကောင်းမြတ်တဲ့ အကျိုးဆန္ဒကောင်းတွေ ရှိခဲ့ကြတာမှန်ပေမဲ့၊ သင့်မသင့်၊အကျိုးရှိမရှိ၊စတဲ့
ဝေဘန်ပိုင်းခြားတတ်သော အသိဉာဏ်တရား ကင်းမဲ့တာကြောင့် ရည်ရွယ်ချက်မရောက်ပဲ အကျိုးမဲ့ကိုသာတာဖြစ်ပါတယ်။
ထို့ကြောင့်
`မည်သည့်အရာကိုပဲ လုပ်ဆောင်ဆောင်ရွက်ဆောင်ရွက် အသိတရားလေးဖြင့် ကျနသေခြာစဉ်းစားဆင်ခြင်ကာပြုလုပ်သင့်လှပါတယ်။ဒါမှသာ
မိမိသူတပါး အကျိုးတရားများရ ရှိနိုင်မှာဖြစ်ပါတယ်´။
ဆင်ခြင်မှုအသိဉာဏ်မပါပဲ လုပ်ဆောင်မှုကြောင့် မိမိရည်ရွယ်သလို အကျိုးမပြီး
အကျိုးမဲ့ဖြစ်သွားတဲ့ သာဓကလေးကို စာရှုသူများ
သတိထားနိုင်စေရန်ထပ်မံဖော်ပြပေးပါဦးမည်။
ဘုရားရှင်လက်ထက်တော်အခါက ကျောင်းဒကာ အနာထပိဏ်သူဋ္ဌေးမှာ `ရောဟိဏီ´လို့အမည်ရတဲ့
ကျွန်မလေးတဦးရှိပါတယ်။တနေ့တော့ ရောဟိဏီ ကျွန်မလေးဟာ ကောက်ဆန်ဖွတ်နေတဲ့အချိန်မှာ၊ ရောဟိဏီရဲ့အမေဟာ သူမအနားမှာ
အိပ်နေပါတယ်။အိပ်နေစဉ် ယင်ကောင်များလာလာနားနေသဖြင့် ရောဟိဏီအားယင်ခြောက်ရန်ပြောရာ ရောဟိဏီသည်
နောင်ဖြစ်လာမည့်အကျိုးဆက်ကို ဝေဘန်စဉ်းစားခြင်းမပြုပဲ အမိအပေါ်တွင်နားနေသော ယဉ်ကောင်တို့ကို ကျည်ပွေ့ဖြင့် ရိုက်နှက်လေရာ အမိဖြစ်သူမှာ ထို ကျဉ်ပွေးဒဏ်ကြောင့် သေဆုံးသွားလေ၏။
ရောဟိဏီလည်း အမိသေဆုံးသွားသဖြင့်ပြင်းထန်စွာငိုကြွေးလေတော့သည်။ထိုအကြောင်းကို
အနာပိဏ်သူဋ္ဌေးသည် မြတ်စွာဘုရားအားအကြောင်းစုံလျှောက်ထားလေရာ မြတ်စွာဘုရားရှင်က `သူဋ္ဌေးကြီး… အသိဉာဏ်ပညာမရှိတဲ့ မိတ်ဆွေ နှင့်
အတူတကွပေါင်းသင်းနေထိုင်ရခြင်းထက်၊ ပညာဉာဏ်အမျှော်အမြင်နှင့် ပြည့်စုံသော ပညာရှိကို
ရန်သူဖြစ်ခြင်းကမှ ပိုမိုကောင်းမွန်၏´ဟု မိန့်တော်မူပါတယ်။
မှန်လှပါတယ် အသိပညာနည်းပါးသော မိတ်ဆွေများကြောင့် ထိုသူနှင့် ပေါင်းသင့်နေသည့်
ပတ်ဝန်းကျင်လူအများများ တနေမဟုတ်တနေ့ ဆင်းရဲမျိုးစုံနှင့်တွေ့ကြုံရတတ်ပါတယ်။ ထိုမိတ်ဆွေ၏
အဆင်မခြင်လုပ်ဆောင်မှုကြောင့် မိမိကိုယ်တိုင် ဆင်းရဲရသလို ဘေးပတ်ဝန်ကျင်၏ အထင်လွဲမှားမှု
အထင်သေးခြင်းများကိုလည်းခံစားရနိုင်ပါတယ်။ထိုကဲ့သို့သော အသိပညာနည်းပါးသော မိတ်ဆွေကြောင့်
တချို့ဆိုလျှင် လမ်းမှားလမ်းလွဲသို့ရောက်သွားပြီး ဘ၀နှင့်ရင်းပြီး ပေးဆပ်လိုက်ရသည်အထိဖြစ်တတ်ပါတယ်။
အသိပညာဉာဏ်နှင့်ပြည့်စုံသော ရန်သူကတော့ မခေါ်ချင်၊မပြောချင်တာနေမယ်
မကောင်းမှုလုပ်ရင် မကောင်းရဲ့ပြစ်ဒဏ်ကို တချိန်ချိန်မှာ ပြန်လည်ခံစားရမှာကို အသိတရားဖြင့်
ကြိုတင်မျှော်မြင်သုံးသတ်ဝေဘန်သိမြင်တဲ့အတွက် မလုပ်သင့်သော၊အကျို့မဲ့သော၊ အမှုအ လုပ်
ကိုတော့ လုပ်မှာမဟုတ်ပါဘူး။
ဒါကြောင့် အထက်ပါအဖြစ်အပျက်လေးကို ကျနသေခြာဘေ၀န်သုံးသတ်ပြီး ဒကာ၊ဒကာမ
အများတို့အနေဖြင့်လည်း ``မည်သည့်ကိစ္စကိုပဲ
ပြုလုပ်ပြုပ်လုပ်၊မပြုလုပ်ခင်မှာ အကျိုးရှိမရှိ၊ေ ကာင်း မကောင်းဆိုတာလေးကို မိမ၏အသိဉာဏ်ပညာဖြင့်
ကျနသေခြာဝေဘန်တတ်သော အကျင့်လေး ကိုမွေးမြူကြပါ။အသိပညာမပါပဲလုပ်ရင်တော့ ဘယ်လောက်ပဲ မိမိကကောင်းကျိုးလိုလားလိုလား၊
အကျိုးမဲ့ပဲဖြစ်တတ်သည်ကိုသဘောပေါက်ထားကြပါ။``အသိတရားကင်းမဲ့သော
မိတ်ဆွေမျိုးကို၊ သတိတရားကြီးကြီးထားကာ ပေါင်းသင်းဆက်ဆံနိုင်ကြပါစေ´´ဟု ဆန္ဒပြုလိုက်ရပါသည်။
(မိမိအကျိုး၊တပါးသူ၏အကျိုး၊ထိုနှစ်မျိုးကို၊သည်ပိုးနိုင်သူများဖြစ်ကြပါစေ)
ဓမ္မ၀ီရ
အရှင်တေဇနိယ
ကိုလံဘို၊သီရိလင်္ကာ၊
E-mail;ashintejaniyadhammmavira@gmail.com