Thursday, September 20, 2012

အမျိုးကိုချစ် ဘာသာမပစ်နဲ့ (အပိုင်း-၁)

ဘုရားရှင် ကိုယ်တော်မြတ် ဟောကြားတော်မူခဲ့သော သားသမီး ၀တ္တရား -၅-ပါးထဲမှာ “စောင့်လေမျိုးနွယ်” ဆိုတာ ပါ ပါတယ်။ သားသမီးတွေဟာ မိဘ.ဘိုးဘွား. တို့စောင့်ထိမ်းလာခဲ့တဲ့ မျိုးရိုးစဉ်ဆက် စောင့်ထိမ်းရမယ်၊ အမျိုးခြား ဘာသာခြားနဲ့မယူ ကြဘို့ ကိုယ့်ရဲ့အမျိုးကို စောင့်ရှောက်ကြဘို့ဟောကြားတော်မူခဲ့ခြင်း ဖြစ်ပါတယ်။တနည်းပြောရရင် မိဘတို့ရဲ့ မျှော်လင့်ချက်(၅)ပါးထဲက တတိယမြောက် မျှေလင့်ချက်အနေနဲ့ မိမိတို့ ဘိုးဘွား၊ ဆွေ စဉ်မျိုးဆက် စောင့်ထိမ်းလာတဲ့ မျိုးရိုးကို ဆက်လက် စောင့်ရှောက်ခြင်းခြင်းဟာ မိဘတိုင်းရဲ့ သားသမီးတို့ အပေါ် မျှော်လင့်တဲ့ မျှော်လင့်ချက်ဖြစ်ကြောင့် ဘုရားရှင် ကိုယ်တော်တိုင် အမျိုးစောင့်ကြဘို့၊ အမျိုးမတူတဲ့ လူမျိုးခြားတွေကို လက်မဆက်ကြဘို့ ဟောကြား သတိပေးတော်မူခဲ့ပါတယ်။ မိဘတွေဟာ ဘယ်လိုမျှော်လင့်ကြသလဲဆိုရင်၊ ငါ့တို့ရဲ့သားသမီးတွေဟာ ငါတို့မရှိတော့တဲ့ နောက်ပိုင်း၊ ငါတို့ မိဘ ဘိုးဘွားတွေ မျိုးရိုးစဉ်ဆက် မတိမ်ကော မပပျောက်အောင်
ဆက်လက်ထိန်းသိမ်းကြလိပ်မယ်လို့ မျှော်လင့်ကြပါတယ်။ ဒီမျှော်လင့်ချက်ကို သား သမီးတွေ အနေနဲ့ လေးလေးနက်နက်ထားရမှာ ဖြစ်သလို မိဘတွေအနေနဲ့လဲ အမြဲဆုံးမပေးထားရမှာဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုရင် အမျိုးရေးရော ဘာသာရေးပါ အလွန်အရေးကြီးတဲ့အချက်ဖြစ်သလို အလွန်အရေးကြီးတဲ့ ခေတ်အနေအထားကိုလဲ ရောက်ရှိနေပါတယ်။ လူမျိုးခြား တယောက်ကို ယူလိုက်တယ်ဆိုရင် မိမိရဲ့ မိဘဘိုးဘွား မျိုရိုးစဉ်ဆက်ဟာ အမျိုးပျောက်ကွယ်သွားတော့တာပါဘဲ ၊မြန်မာ စကားပုံတခုရှိပါတယ် “မြေမျိုလို့ လူမျိုးမပြုတ်၊ လူမျိုရင် လူမျိုးပြုတ်မယ်’” ဆိုတဲ့စကားပုံလေးပါဘဲ ၊မြေမျိုရုံ နဲ့တော့ မြန်မာ လူမျိုးတွေ အားလုံး မပြုတ်သွားနိုင်ပါဘူး ဒါပေမဲ့ လူလူခြင်း ၀ါးမျိုရင်တော့ မြန်မာ လူမျိုးအားလုံး ပြုတ်သွားနိုင်ပါတယ်။ ကြောက်တတ်ရန်ကောလို့ အတွေးမ၀င်ပါနဲ့ ကမ္ဘာ့စာမျက်နှာကို ကြည့်ကြပါ။ တချိန်တခါက ဗုဒ္ဓဘာသာ တိုင်ပြည်တွေဟာ ခုအချိန်မှာ ဘာဖြစ်နေပြီးလဲ မူဆလင်တို့ရဲ့ ၀ါးမျိုမှုကို ခံနေကြရပါပြီး ရှေ့မှာ ခံကြရတဲ့ လူလူချင်းဝါးမျိုးလို့ အမျိုးပျောက်ကြရတဲ့ သာဓတွေ အများကြီးရှိတာကိုတောင် သင်္ခန်းစာရအောင် မယူကြဘူး ဆိုရင်တော့ မကြာခင် နှစ်များအတွင်မှာ မူဆလင်တို့ရဲ့ ၀ါးမျိုခြင်းကို မလွဲမသွေ ခံကြရမှာဘဲ ဖြစ်ပါတယ်။ ရခိုင်းပြည်နယ်ကိုကြည်ပါ ဘူးသီးတောင်၊မောင်းတောနယ်တ၀ိုက်မှာ မြန်မာတွေ မူဆလင်တို့ရဲ့ဝါးမျိုမှုကို မျက်ဝါးထင်ထင်လေ့လာကြည့်ကြပါ။ မူဆလင်အင်အားများတဲ့ရခိုင်ပြည်နယ်မှာ၊ရခိုင်၊မူဆလင်အဓိဂရိုဏ်းတုန်းကရခိုင်တွေကို မဲမဲမြင်ရာ မူဆလင်တို့က သတ်ပစ်တာဟာ ပုံပြင်မဟုတ်တဲ့၊ တကယ့်အဖြစ်အပျက်ပါ ၊ ခုလဲ ခွဲထွက်ဘို့ သူတို့ကြံစည်နေကြပါပြီး၊ မြန်မာတွေ ညံ့နေကြမယ်ဆိုရင်တော့ ၊အိန္ဒိယ ပြည်ကနေ ပါစ္စတန်ကို ခွဲပေးလိုက်ရသလို ပေးလိုက်ရရုံမက နောက်ဆုံးအိန္ဒိယ တပြည်လုံးကိုပါ မူဆလင်တို့ရဲ့ ၀ါးမျိုမှုကို ခံလိုက်သလို မြည်မာမလေးတွေ အမျိုမစောင့်ကြဘူးဆိုရင်တော့ ဦးဇင်တို့နိုင်ငံလဲ မူဆလင်တို့ရဲ့ ၀ါးမျိုမှုကို မလွဲမသွေ ခံကြရမှာဖြစ်ပါတယ်။ ဒါကြောင့် “မြေမျိုလို့ လူမျိုးမပြုတ်၊ လူမျိုမှ လူမျိုးပြုတ်မယ်’’ဆိုတဲ့ အသိပေး စာတမ်လေးကို မြန်မာပြည်ရဲ့ မြို့တော်တော် များများ လူမြင်ကွင်းလမ်းဆုံလိုနေရာမျိုးမှာ ဆိုင်းဘုတ် ချိတ်ဆွဲထားတာ ဖြစ်ပါတယ်။ ဘာလို့ ချိတ်ဆွဲထားရသလဲဆိုရင် ဒီဆိုင်းဘုတ်ကို မြင်တိုင်း အမျိုးကို ချစ်တဲ့စိတ်တွေ တဖွားဖွားပေါ်ပေါက်နေအောင်လို့ပါဘဲ၊ သတိမထား အမှားတွေ့တတ်တဲ့ သူတွေအတွက် ဒီဆိုင်းဘုတ်လေးကို မြင်လိုက်တာနဲ့ အမှားကို အမှားမှန်းသိပြီး မိမိရဲ့ အမျိုးကို စောင့်ထိမ်းကာကွယ် နိုင်အောင်လို့ပါဘဲ။ သတင်းစာ မျက်နှာဖုံတွေပေါ်မှာလည်း လူမှုရေး ဦးတည်ချက်(၄)ချက်ပြီး ထည့်ပေးနေတာဟာလည်း၊ အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားလာအောင်လို့ ထည့်ပေးနေတာပါ။ယဉ်ကျေးမှု အမွေ အနှစ်များ၊ အမျိုးသားရေး လက္ခဏာမျာား မပျောက်ပျက်အောင် အလွန်အရေးကြီးလို့ မျက်နှာဖုံမှာ နေ့စဉ် ထည့်ပေးနေတာဖြစ်ပါတယ်။နေ့စဉ်မြင်တွေ့နေရပေမဲ့ တန်းဘိုးရှိမှန်းမသိ ဖြစ်နေကြပါတယ်။ တန်းဘိုးရှိမှန်းမသိတော့ တန်ဘိုးမထား တန်ဘိုးမဲ့တဲ့သူတွေဖြစ်သွားကြပါတယ်။ ဥာဏ်နဲ့ ယှဉ်ပြီးတော့ လေးလေးနက်နက် စဉ်စားကြည့်ကြပါ၊ ကိုယ့်လူမျိုး ကိုယ့်ဘာသာ ကိုယ်သာသနာကို တန်ဘိုးမသိလို့ တန်ဘိုးမဲ့ဖြစ်နေကြတဲ့သူတွေ အတော်များများရှိနေကြပါတယ်။ ဘာလို့တန်ဘိုးမဲ့တဲ့သူတွေ ဖြစ်သွားကြတာလဲ ဆိုရင် အမျိုးသားရေး စိတ်ဓါတ်၊ ဘာသာရေး စိတ်ဓါတ် ကို သေသေခြာခြာ မရှိတဲ့ အတွက် ၊ မသိကြတဲ့အတွက်ကြောင့်ဘဲ ဖြစ်ပါတယ်။အမျိုးသားရေး ဘာသာရေးကို ပျောက်ကွယ်သွားအောင်၊ သိသိသာသာ တိုက်ခိုက်လာတဲ့ အန္တရာယ်နဲ့ မသိမသာ တိုက်ခိုက် လာတဲ့ အန္တရာယ် ဆိုပြီး အန္တရာယ် နှစ်မျိုးရှိပါတယ်။ အဲဒီ အန္တရာယ် နှစ်မျိုးထဲက သိသိသာသာတိုက်ခိုက် လာတဲ့ အန္တရာယ်က အရမ်းကြီးကြောက်ဘို့ မကောင်းပါဘူး။ ဘာလို့လဲဆိုတော့ တိုက်ခိုက်လာတာကို သိတဲ့အတွက် ရှိတဲ့အင်အားလေးနဲ့ ပြန်လည် ကာကွယ် ရပါသေးတယ်။ဒါပေမဲ့ မသိမသာ တိုက်ခိုက်လာတဲ့ အန္တရာယ်ကတော့ တကယ်ကြောက်ဖို့ကောင်းလှပါတယ်။ ဘာလို့လဲ ဆိုတော့ တိုက်ခိုက်နေတာကို တိုက်ခိုက်နေတာမှန်း မသိတဲ့ အတွက်ကြောင့် ကျောချမှ ဓားပြမှန်း သိရတော့မှ နှောင်းမှ တတဲ့ နောင်တရ ယူကျုံးမရ တသသ ဖြစ်ရပါတယ်။ “’မူဆလင်တွေဟာ သူတို့ရဲ့ အစ္စလာမ် ဘာသာရေး အရ ဘာသာရေးနဲ့ စည်းရုံးလို့မရတဲ့ အတွက်ကြောင့် ရှေ့နှစ်ပေါင်းများစွာက စစ်တိုက်ပြီး ဘာသာရေး လူမျိုးရေး သိမ်းပိုက်ကြပါတယ့်၊ နောက်ပိုင်း ဒီမိုကရေစီ ခေတ် ယဉ်ကျေးတဲ့ ခေတ်ရောက်တော့။ စစ်တိုက်ပြီး သာသနာပြုဘို့ လူမျိုး ၀ါးမျိုးဘို့ မရတော့တာကြောင့် အနုနည်းနဲ့ လူအခွင့်အရေး ဘာသာရေးလွတ်လပ်ခွင့်ကို အသုံချပြီး လူလူချင်း ၀ါးမျိုးပြီး သိမ်းပိုက်လာပါတယ်။ ဘုရား ပွင့်ရာ အိန္ဒိယ နိုင်ငံ ဟာမူဆလင်တို့ရဲ့ လူမျိုးဝါးမျိုမှုကြောင့် မူဆလင်တွေကို အိန္ဒိယ ပိုင် မြေနေရာကို ပါစ္စတန်ဆိုပြီး ပေးလိုက်ရပါတယ်။ ခုအချိန်မှာတော့ တနိုင်ငံလုံး ၀ါးမျို ခံနေရပါတယ်။မလေးရှား၊ အင်ဒိုနီးရှာ နိုင်ငံတွေဟာလဲ ဗုဒ္ဓဘာသာ နိုင်ငံကနေ မူဆလင်တို့ရဲ့ လူမျိုးဝါးမျိုးခြင်းကို ခံကြရပြီး ယခုအခါမှာ မူဆလင် နိုင်ငံတွေ ဖြစ်နေကြပါပြီ။ ဒါဟာမသိမသာ တိုက်ခိုက် ၀ါးမျိုတဲ့ အလွန်ကြောက်စရာ ကောင်းတဲ့ နည်းပါ’’’ မြွေဆိုတဲ့ သတ္တ၀ါက ဖားသူငယ်ကို ဘယ်တော့မှ တခါတည်း မျိုးမချပါဘူး။ အမျိုခံရတဲ့ ဖားသူငယ်ဟာ ဒါလောက်လေး မျိုနေရုံနဲ့တော့ ငါ့ခန္ဒာကိုယ်တခုလုံး မြွေပါးစပ်ထဲ ရောက်မသွားလောက်ပါဘူး၊ အသက်လဲ သေမသွားနိုင်ပါဘူးဆိုပြီး မှိန်းခံနေလို့ မဖြစ်ပါဘူး။ရှိတဲ့ အင်အားလေးနဲ့ ရုန်းထွက်နိုင် ဘို့ အရေးကြီးပါတယ်။ အသက်လဲပျောက်၊ မြွေပါးးစပ်ထဲ ရောက်မှ ငါ့အသက်နဲ့ ငါ့ခန္ဒာကို ပြန်ပေးပါဆိုပြီး အသနားခံလို့ မရနိုင်တော့ပါဘူး။မြန်မာတစ်မျိုးသားလုံးဟာ မြွေပါးစပ်ထဲ ရောက်နေတဲ့ ဖားသူငယ်လိုဖြစ်နေပါတယ်။ ဒါ့ကြောင့် အမျိုးကို ချစ်တဲ့ သူတိုင်း မြွေပါးစပ်ထဲရောက်နေတဲ့ရောက်နေတဲ့ မြန်မာအမျိုးသမီးလေးတွေကို ရုန်ထွက်နိုင်အောင် ကူညီဘို့ အလွန်အရေးကြီးပါတယ်။ လူတိုင်းလူတိုင်းဟာ ကိုယ့်လူမျိုးကို ချစ်ရပါမယ်။ကိုယ့်ဘာသာကို တန်ဘိုးထားရပါမယ်။ အချင်းချင်း ရိုင်းပင်းကူညီတတ်တဲ့ စိတ်ဓါတ်လေး ခိုင်ခိုင်မာမာ ထားရှိရမှာဖြစ်ပါတယ်။ ဒါဆို ကိုယ့်ဘာသာ ကိုယ့် တိုင်းပြည် ၊ကိုယ့် လူမျိုး ဟာ ဘယ်တော့မှ တိမ်ကောသွားမှာ မဟုတ်ပါဘူး။ အခုပြောခဲ့တဲ့ စကားတွေဟာ နိုင်ငံရေးလဲ မဟုတ်ပါဘူး။လူမျိုးခွဲခြားတာ၊ ဘာသာရေး ခွဲခြားတာ လဲမဟုတ်ပါဘူး။ မြန်မာတိုင်း မြန်မာစစ်စ် ဖြစ်ဘို့ အမှန်တိုင်းတာ တင်ပြထားချင်ပါ။မိဘတွေဟာ ငါတို့မွေးထားတဲ့ သားသမီးတွေဟာ ငါတို့ရဲ့မျိုးရိုးကို မတိမ်ကော မပပျောက်အောင် ထိန်သိမ်းစောင့် စောင့်ရှောက်ကြလိပ်မယ်လလို့ မျှေလင့်ကြပါတယ်။ မြန်မာ လူမျိုးတယောက်ဟာ မြန်မာနဲ့ အိမ်ထောင်ကျတာ အကောင်းဆုံးပါဘဲ၊ ကုလားအစရှိတဲ့ လူမျိုးခြားနဲ့ အိမ်ထောင်ကျရင် ဘယ်လိုမှ မြန်မာစစ်စစ် မဖြစ်နိုင်တော့လို့၊ မိဘတွေရဲ့ မျှော်လင့်ချက် ပျက်သွားတော့တာပါဘဲ။ ဒါကြောင့်မို့ မိဘတွေ စောင့်ရှောက်ခဲ့တဲ့ အမျိုးအနွယ်ကို သားသမီးတွေကို ဆက်လက် စောင့်ရှောက်ကြဘို့ လိုအပ်ပါတယ်။ဒါမှလည်း မြန်မာ့ မြေပုံဟာ ကမ္ဘာ့မြေပုံမှ မပျောက်မှာဖြစ်ပါတယ်။ အဲဒီလို မဟုတ်ဘဲ ငွေတခုတည်း၊ ကာမရာဂ တခု တည်းကြည့်ပြီး မူဆလင် တို့နဲ့ အိမ်ထောင်ပြုမယ်ဆိုရင် မိဘ ၊ဘိုးဘွား တွေ အစဉ်အဆက် စောင့်ရှောက်ခဲ့တဲ့အမျိုးအနွယ် ကိုဖျက်ဆီး ပစ်တာနဲ့ အတူတူပါဘဲ။ “ပုဂံခေတ်က ကျန်စစ်သား မင်းကြီးဆိုရင် မသိသူမရှိလောက်အောင် သမိုင်းမှာ ထင်ရှားတဲ့ မင်းကောင်းမင်းမြတ်တပါးဖြစ်ပါတယ်။ သူ့မှာ ရွှေအိမ်စည်ဆိုတဲ့ သမီးတော်လေး တစ်ပါးရှိပါတယ်။ကျန်စစ်မင်းကြီးဟာ သမီးတော်လေးကို ချစ်လွန်းလို့ ဘုန်ခုနှစ်ဆင့်ရှိတဲ့ နန်းပြဿနဲ့ ထားပါတယ်၊ ဒီလို ထားတာတောင် ကုလားပြည်က လာတဲ့ ပဋိက္ကရားဆိုတဲ့ ဘာသာခြား လူမျိုးခြား ကကုလားနဲ့ မေတ္တာမျှ သွားပါတော့တယ်။ ဒီအကြောင့်ကို ကျန်စစ်မင်းကြီသိတော့ လုံးဝသဘောမတူပါဘူး။ ဘာလို့သဘောမတူတာလဲ ဆိုရင် ဘာသာခြား၊ လူမျိုးခြား ကုလားဖြစ်နေလို့ပါဘဲ၊ ဒါကြောင့်မို့ အမျိုးဘာသာ တူတဲ့ စောလူမင်းရဲ့သားတော် စောယွမ်းမင်းသားနဲ့ သမီးတော် ရွှေအိမ်စည်ကို ထိမ်းမြားလက်ဆက် ပေးစားလိုက်ပါတယ်။ ပဋိက္ကရား ကုလားဟာ သာမာန်ပုဂ္ဂိုလ်တောင်မဟုတ်ပါဘူး၊ပြဒါးရှင် ရှိတဲ့အတွက်ကြောင့် မြေလျှိုး မိုးပျံနိုင်တဲ့သူဘဲဖြစ်ပါတယ်။ သူ့ဘာသာသူ ပြဒါးရှင် ရှိလို့ မြေလျှိုးမိုးပျံနိုင်ယုံမက ကမ္ဘာကြီးကို ပြောင်းပြန်ဘဲ လုပ်နုင်ပါစေအထင်ကြီးနေစရာ မလိုပါဘူး။ကျန်စစ်မင်းကြီးဟာ ပဋိက္ကရား ကုလားကို အထင်ကြီးလို့ သမီးတော်ကို ပေးစားလိုက်ရင် မြန်မာသမိုင်းမှာ အမဲစက်ကြီးစွန်းထင်းပြီး၊ အမျိုးဖျက်ဖြစ်သွားမှာဖြစ်ပါတယ်။ဒါပေမဲ့ ကျန်စစ်မင်းကြီးဟာ အမျိုးကိုချစ်ကြောင်း သက်သေပြခဲ့ပါတယ်။ အမျိုးဂုဏ် ၊ဇာတိဂုဏ်ကို စောင့်ထိန်းကြောင့်၊နောင်လာနောင်သား မြန်မာ ပြည်သူ/သား အားလုံးတို့ကို အတုယူကြဘို့ ရှေ့ကနေ လမ်းပြပေးသွားတာပါဘဲ။ ဒါကြောင့်မို့ ကိုယ့်အမျိုး ကိုယ့်ဘာသာ ကိုယ့်သာသနာတော်ကို ချစ်တတ်ကြဘို့ အထူးလိုအပ်လှပါတယ်။ အမျိုးမချစ်ဘဲ လူမျိုးခြား ဘာသာခြားနဲ့ အိမ်ထောင်ပြုမယ်ဆိုရင် အမျိုးမစစ်တော့ပါဘူး၊ အမျိုးမစစ်တော့ မိဘတွေ ကိုးကွယ်ခဲ့တဲ့ ဘာသာကိုလဲ မချစ်မြတ်နိုးတော့ပါဘူး။ ဘာသာကို မချစ်တော့ဘူးဆိုရင် ၊ မိဘ ဘိုးဘွား၊ ဆွေစဉ်မျိုးဆက် စောင့်ရှောက်ခဲ့တဲ့ အမွေ အနှစ်တွေလဲ ပျက်စီးဘို့ဘဲ ရှိတော့ပါတယ်။ “ မနေကဘဲ ၀မ်းနည်းစရာ သတင်းကို ထိုင်း နုင်ငံ နယ်စပ်မှ ဒကာမလေးတယောက် ပြောပြလို့ ၀မ်းနည်းစရာ ကြားသိရပါတယ်။ ထိုင်းနယ်စပ်မှာ ရှိတဲ့ မြန်မာ တိုင်းရင်းသူလေးတယောက်ကို မူဆလင်ကုလားက ထိုင်းဘတ်ငွေ (ကိုးသိန်း) နဲ့ တင်းတောင်းပြီး မြန်မာတိုင်းရင်းသူလေးကိုလဲ သူတို့ရဲ့ အစ္စလာမ်ဘာသာ ၀င်ခိုင်းလိုက်ပါတယ်တဲ့။ ဒါကို တခြားမြန်မာ တိုင်းရင်းသူတွေ ကြားသိတော့ နာရကောင်းမသိဘဲ ငါ့တို့ဆိုရင်လဲ ဘတ်ငွေ ကိုးသိန်းနဲ့ တင်းတောင်မယ် ဆိုရင်တော့ ဘယ်ဘာသာထဲဘဲ ၀င်ရ၀င်ရ ၀င်မှာဘဲလို့ပြောပါတယ်တဲ့’’ ကဲ ဘယ်လောက်များ ရင်နာစရာကောင်လှပါသလဲ၊ အလွန်မတန် တန်ဘိုးရှိတဲ့ ဘာသာတရားနဲ့ ၊ ဘိုးဘွား၊ ဘီဘင် အဆက်ဆက် ထိန်းသိမ်း စောင့်ရှောက်လာတဲ့ မျိုးရိုးကို တခဏ တဘ၀ သာခံတဲ့ ငွေနဲ့ လဲစားနေတာဟာ ရင်နာစရာကောင်းလှပါတယ်။ ပိုက်ဆံဆိုတာ ကိုယ့်တသက် တခဏသာ သုံးလို့ရတာပါ၊ မိမိသေဆုံးသွားရင် ဒီပိုက်ဆံ ပစ္စည်းတွေဟာ မိမိနဲ့ အတူ ယူသွားလို့မရပါဘူး၊ အသက်ရှင်နေစဉ် ခဏလေးမှာတောင် ပိုက်ဆံနဲ့ အရာရာကို ဖန်တီးယူလို့ မရပါဘူး။ ကင်ဆာရောဂါလို ရောဂါအကြီးကြီးတွေ ဖြစ်နေရင် ပိုက်ဆံ ဘယ်လောက်ပဲ ပေးပေး ဘယ်လိုမှ မရနိုင်ပါဘူး။ ဒါကြောင့် တခဏ တဘ၀သာ သုံးလို့ရတဲ့ ပိုက်ဆံ အတွက်နဲ့ မိမိရဲ့ လူမျိုး ဘာသာ သာသနာတော်ကို အရှည်တွေးပြီး ရောင်မစားမိကြပါစေနဲ လို့ လေးလေးနဲ့နဲ့ တိုက်တွန်းလိုက်ပါတယ်။ (ဆက်လက်ဖော်ပြပါမည်။) ဆရာတော် အရှင်ပညောဘာသ ဖိုးပညော (သပိတ်ကျင်း)၏ အမျိုးကိုချစ် ဘာသာ မပစ်နဲ့ စာအုပ်မှ။ ဘာသာရေး အသိ၊ အမျိုးသာရေး သတိ၊ ကိုယ်စီရှိနိုင်ကြပါစေ။ ဓမ္မ၀ီရ-အရှင်တေဇနိယ(ခေတ္တ)သီရိလင်္ကာနိုင်ငံ။

No comments:

Post a Comment