(၃၅)-နှစ်(B.C588)တွင် လောကသုံးပါးတွင်ဗုဒ္ဓအဖြစ်သို့ ရောက်တော်မူပြီး၊ ဘုရားဖြစ်တော် မူသည်မှသက်တော်၈၀ထိ(၄၅)နှစ်တို့တိုင်တိုင်(B.C588=543) နေရောညပါလူ.နတ်.ဗြဟ္မာ သတ္တာဝါ အားလုံးတို့အား တရားတော်များ ဟောကြားတော်မူ၍ သက်တော်(၈၀) မဟာသက္ကရာဇ်(၁၄၈) ကဆုန်လပြည့် အင်္ဂါနေ့တွင် ကုသိနာရုံပြည် အင်ကြင်း ဥယျာဉ် -(B.C-543) တွင်ပရိနိဗ္ဗန်ဝင်စံတော်မူပါသည်။ရှင်မဟာကဿပ မထေရ်မြတ်သည် နောက်ပါ ရဟန်း -၅၀၀-ခြံရံလျှက် မြတ်စွာဘုရားကိုဖူမြင်ရန်ပါဝါပြည်မှ ကုသိနာရုံ ပြည်သို့ကြွလာကြသည်။ရှင်မဟာကဿပမဟာထေရ်နှင့် နောက်ပါသံဃာတော်၅၀၀တို့သည်၊လမ်းခရီး အကြားတွင် ရာသီဥတု ပူပြင်းသောကြောင့် သစ်ပင်ရိပ်တွင် ခတ္တခဏနားခိုနေကြစဉ်၊ အာဇီဝသက္ကတွန်း တယောက်သည် ကုသိနာရုံမှ ပါဝါပြည်သို့ အသွား လမ်းခရီးတွင် ရှင်မဟာကဿပ တို့နှင့်တွေ့၍ ဘုရားရှင်အကြောင်းမေးရာ "ဘုရားရှင်တော်မြတ်သည် လွန်ခဲ့သော(၇) ရက့်ကမှ ပရိနိဗ္ဗာန်စံဝင်သွားပါကြောင်း"လျှောက်ထားလေးရာ မြတ်စွာ ဘုရား ပရိနိဗ္ဗာန်စံဝင်သွားကြောင်း
သတင်းစကားကိုကြားရသောအခါ ၊ ရာဂ.ဒေါသ.မကင်းကြသေးသော ပုထုဇဉ်၊သောတာပန် အစရှိသော ရဟန်းတို့သည် ဆောက်တည်ရာမရတော့ဘဲ ၀မ်းနည်း၊ပူဆွေး ငိုကြွေးကြကုန်၏။ထို အခါတွင် သုဘဒ္ဒမည်သော တောထွက်ရဟန်းကြီးသည် သံဃအလည်တွင် မတ်တပ်ရပ်ကာ အရှက်အကြောက်၊ အညှာအတာ ကင်းမဲ့စွာ "ငါ့ရှင်တို့..........မငိုကြကုန်လင့်၊ပူဆွေခြင်းမဖြစ်ကြကုန်လင့်၊ ယခုအခါ ငါတို့သည် ရဟန်းကြီး ဂေါတမ၏ လက်အောက်မှ ကောင်းစွာလွတ်မြောက်ကြပေပြီ၊ရဟန်းကြီးဂေါ တမသည်ငါတို့အား အရာရာမှာ ချုပ်ချယ်ခဲ့၏။ ယခုမူကား ငါတို့ ပြုလုပ်ချင်သော အရာမျန်သမျှ စိတ်ကြိုက်ပြုခွင့် ရှိသွားပေပြီ၊ဒါကြောင့် သင်တို့သည် ၀မ်းနည်းခြင်း မဖြစ်ကြကုန်လင့်" ထို တော်ထွက်ရဟန်းကြီး သုဘဒ္ဒ၏ စကားကို ကြားရသဖြင့် ရှင်မဟာကဿပ မထေရ်ကြီးမြတ်ကြီးသည်၊ ဘုရာရှင် ကိုယ်တော်မြတ် ပရိနိဗ္ဗာန် စံဝင်တော်မူသည်မှာ ၊ ခုနှစ်ရက်မျှသာ ရှိသေး၏၊ အလောင်တော် ရုပ်ကလာပ်ပင် ထင်ရှားရှိနေသေးပါလျှက် ၊ ပင်ပန်းကြီးစွာ တည်ဆောက်ခဲ့သော သာသနာတော်၏ ဆူးငြောင့်ပေါ်ပေါက်လာသည်မှာ အလွန် မတန်မှန်လှပေ၏။ ကာလ ကြာရှည်၍ သုဘဒ္ဒကဲ့သို့သော အဓမ္မ၀ါဒီတို့ စုမိပြီး အားကားလာခဲ့သော် ဗုဒ္ဓသာသနာတော်သည် ဆုတ်ယုတ်လတ္တံ့၊ဟု ဓမ္မသံဝေဂ ဖြစ်တော်မူ၏။
" အကယ်၍ ငါသည်၊တောထွက်ရဟန်းကြီး သုဘဒ္ဒကို သင်္ကန်းချွတ်၍ လူဝတ်လဲစေကာ သာသနာ့ဘောင်မှ နှင်ထုတ်လိုက်အံ့၊ မြတ်စွာဘုရား၏ အလောင်းတော်သည်ပင်၊ မီးပူဇော်မှု မပြုရသေးပါလျက် ဂေါတမ ဘုရား၏တပည့်သံဃာများသည်၊ ငြင်းခုန် ခိုက်ရန်ဖြစ်နေကြကုန်သည်ဟု လူအများ ကဲ့ရဲ့စရာ ဖြစ်ပေတော့မည်၊အခိုက်အတန့်အားဖြင့် ဆိုင်ငံ့ ထားဦးအံ့၊မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့သော တရားဒေသနာမြတ်တို့သည် မသီကုန်းရသေးသော ပန်းပုံကြီးသဖွယ် ဖြစ်နေပေ၏။ အရပ်လေးမျက်နှာမှ လေတိုက်ခတ် လာပါမူ ပန်းပွင့်များ ဖရိုဖရဲပြန့်ကြဲလွင့်ပါ ပျောက်ပျက်ကုန်ရာ၏။ ထိုနည်းအတူ အဓမ္မ၀ါဒီ တည်ဟူသော လေတိုက်ခတ်လာသောအခါ ပန်းတည်းဟူသော တရာတို့သည် ၀ိနည်းသိက္ခာ ပုဒ်များမှ သိက္ခာပုဒ် တပုဒ်ချင်း၊ နှစ်ပုဒ်ချင်း ပျောက်ကွယ် ကုန်ရာ၏။ သုတ္တန် ၊ အဘိဓမ္မာ တ၇ားတို့သည်လည်း၊တဖြည်းဖြည်း ပျောက်ပျက်ကုန်နိုင်ရာ၏။ ထိုကဲ့သို့ သာသနာတော် မကွယ်ပျောက်စေရန် ဓမ္မ ၊၀ိနယ တို့ကို သင်္ဂါယနာတင်အံ့။ ထိုသို့ သင်္ဂါယနာ တင်ပြီးသော အခါတွင် ဓမ္မ၊၀ိနယတို့သည် ခိုင်ခံ့သော ကြိုးဖြင့် သီကုန်းထားသော ပန်းကုန်းကြီးကဲ့သို့ ခိုင်မြဲလတ္တံ့၊ဗုဒ္ဓသာသနာတော် အဓွန့်ရှည်ကြာ ခိုင်ခံ့တည်မြဲစေရန်၊ သင်္ဂါယနာတင်ခြင်းအမှုကို အလွဲမသွေ ပြုသင့်ပေသည်။
ငါကဲ့သို့သော ဗုဒ္ဓ၏ တတိယသာဝက တပါး၏ ရှေ့တွင်ပင် ယုတ်မာ ရက်စက်စွာ ပြောထွက်ရဲသော သုဘဒ္ဒကဲ့သို့သော အဓမ္မ၀ါဒီတို့အား တိုးတက်များပြား ခွင့်ကို မပေးတော့အံ့။ "ဟု အကြံတော် ဖြစ်တော်မူပြီး၍။ ရှင်မဟာကဿ နှင့်အဖွဲသည်ကုသိနာရုံပြည်သို့ ရောက်သောအခါ ဘုရားရှင်၏ ရုပ်ကလာပ်တော်ကို တေဇောဓါတ် ပုဇော်ခြင်း၊ ဓါတ်တော် ဝေခြင်းကိစ္စများပြီးစီး ဆောင်ရွက်ပြီးနောက် ၊နယုန်လဆန်း(၅)ရက်နေတွေင် ဓါတ်တော်ထားရာ နေရာမဏ္ဍပ် သံဃအစည်းအဝေးကျင်းပတော်မူ၏။ ထိုသံဃ အစည်းအဝေးကြီးတွင် ရှင်မဟာကဿပ မထေရ်ကြီးသည် သဘာပတိအဖြစ် ဆောင်ရွက်တော်မူ၏၊ ဗုဒ္ဓပရိနိဗ္ဗာန်စံတော်မူပြီးနောက် အကြီးကျယ်ဆုံးသော သံဃအစည်ဝေးကြီးပင်ဖြစ်သည်။ ထိုသံဃ အစည်းဝေးကြီးတွင် ရှင်မဟာကဿပ က သုဒ္ဒဘ တောထွက်ရဟန်းကြီး ပြောဆိုခဲ့သော စကားကို ပြန်လည်ပြောကြားလျှောက်ထားတော်မူပြီး၊ "'မသူတော် တရား မထွန်းကား၊မပြန့်ပွားမီ"' ""သူတော်ကောင်းတရား မပျောက်ပျက် ။ မတားဆီးခံရမီ"' ""အလဇ္ဖီ အ၀ိနယ ဓမ္မ၊ အကျင့်ပျက်မှု၊စည်းကမ်းပျက်မှုများ မထွန်းကားမီ"' ""လဇ္ဖီတို့ ၀ိနည်းတရား မပျက်ပြားမီ၊ အကျင့်မြတ် ၀ိနည်းတရာကို မတာမြစ်၊မဖျက်ဆီမခံရမီ "" '''အဓမ္မ ၀ါဒိတို့ အင်အားမကောင်းမီ"' အကျင်ပျက် ရဟန်းဆိုးများ အားမကောင်းမီ၊ ရဟန်ကောင်းများ အင်အားမနည်းမီ၊ဘုရားရှင်ဟောကြားတော် မူခဲ့သော သုတ္တန်ဒေသနာတော်၊ ၀ိနည်းဒေသနာတော်၊ အဘိဓမ္မာ တရားတော်တို့ကို စုပေါင်း၍ ၊သံဂါယနာ တင်ကြပါကုန်အံ့"' ဟု လျှောက်ထား၏။ရှင်မဟာ ကဿပ၏ တင်ပြလျှောက်ထားချက်ကို သံဃာတော်အပေါင်းတို့က "အရှင်ဘုရား တင်ပြလျှောက်ထားသော အကြောင်မှာ အင်မတန်သင့်လျှော်လျပါသည်၊ ထိုကဲ့သို့ သံဂါယနာ တင်လိုက်သော အားဖြင့် အဓမ္မ၀ါဒိတို့သည် ခေါင်းမထောင်နိုင်တော့ဘဲ ၊ သာသာနာတော်သည်လည်း တိုးတက် စည်ပင်ပြန့်ပွားလာလတ္တံ့၊ ထိုကြောင့် သံဂါယနာ တင်ရန်အတွက် အရှင်ဘုရားဘဲ ဦးခေါင်တော်မူပါ။ သံဂါယနာ တင်ရန်အတွက် သင့်လျှော်သော သံဃာတော်များအား ရွေးချယ်တော်မူပါ"' ဟုလျှောက်ထားကြလေ၏။ ၄င်းသည်ကား ပထမ သံဂါယနာ တင်ရခြင်း၏ နိဒါန်းပင် ဖြစ်ပေတော့၏။
ဘာသာရေး သတိ၊ အမျိုးသားရေး သတိ၊ ကိုယ်စီရှိနိုင်ကြပါစေ။ ဓမ္မ၀ီရ-အရှင်တေဇနိယ(ခေတ္တ-သီရိလင်္ကာ။
No comments:
Post a Comment