ကမ္ဘာ့ဂစ်နစ်စံချန်ဆု ရွေးချယ်ရေး မှ
တာဝန်ရှိသူဒကာ/မအပေါင်းတို့၊
ဒကာကြီးတို့ (Guiness World Records) အဖွဲ့ဟာ ကမ္ဘာပေါ်ရှိ
အထူးခြားဆုံး၊အံ့သြစရာအကောင်းဆုံး
အရာများကို ရွေးချယ်ကာ ဆုပေးလေ့ရှိကြောင်းသိရှိရပါသည်။ဒကာကြီးတို့အဖွဲ့မှ
ပေးအပ်သောဆုကို
ဦးဇင်းတို့မြန်မာနိုင်ငံမှ မင်းကွန်းဆရာတော်ဘုရားကြီးဟာ
ပိဋကတ်သုံးပုံ၊ပါဠိတော်၊အဋ္ဌာကထာဋီကာ
စသောမြောက်များစွာသော ကျမ်းစာတို့ကို အလွတ်အာဂုံပြန်ဆိုနိုင်သဖြင့်
ကမ္ဘာ့ဂင်းနစ်စံချိန်
ဆုတံဆိပ်ကြီးကို အလှုခံရရှိဖူးပါသည်။
ယခုအချိန်မှာ
ဦးဇင်းတို့၏ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးတွင်
ကမ္ဘာ့တခုတည်းသော အထူးခြားဆုံး၊အံ့သြစရာအကောင်းဆုံး အရာများမှာ
မြောက်များစွာရှိနေပါသည်။ထိုအရာတို့ကို
ဒကာကြီးတို့ ဂင်းနစ်စံချိန်ဆုရွေးချယ်ရေးအဖွဲ့မှ၊မြည်မာနိုင်ငံသို့
လာရောက်လေ့လာကာ
ကမ္ဘာ့ဂင်းနစ်စံချိန်ဆုအား ပေးအပ်ချီးမြှင့်နိုင်ပါရန်
အသိပေးမေတ္တာရပ်ခံအပ်ပါသည်။
အထူးခြားဆုံး၊အံ့သြစရာအကောင်းဆုံးများဖြစ်ပြီး
ကမ္ဘာပေါ်တွင်မရှိသေးပဲ ဦးဇင်းတို့၏ မြန်မာပြည်တွင်သာရှိသောကြောင့် Guiness
World
Records ဆုပေသင့်သော အချက်အလက်များမှာ
အောက်ဖော်ပြပါစာရင်းအတိုင်းဖြစ်ပါသည်။ ဒကာကြီးတို့ဆုရွေးချယ်ရေးအဖွဲ့မှ
လေ့လာကာ ဆုများကိုပေးအပ်ကြပါကုန်လော့။
ကမ္ဘာ့ဂင်းနစ်မှတ်တမ်းဝင်ဆုရသင့်သော
မြန်မာပြည်၏ ကမ္ဘာ့ပထမဆုံးသော အရာများမှာ
=================================================
၁။ မြန်မာနိုင်ငံသည်
မိမိနိုင်ငံ၊အမျိုးဘာသာ၊သာသနာကို
ချစ်မြတ်နိုး၍ အကြမ်းမဖက်ကာကွယ်စောင့်ရှောက်ကြသော
မျိုးချစ်သံဃာတော်များ၊လူပုဂ္ဂိုလ်တို့အား
ရန်သူအလိုကျ ဖမ်းဆီးထောင်ချသော ကမ္ဘာ့နိုင်ငံများတွင် တခုတည်းသော
နိုင်ငံဖြစ်သောကြောင့်
မြန်မာနိုင်ငံကို ဂင်းနစ်မှတ်တမ်းဆုကိုပေးသင့်ပါသည်....။
၂။ စော်ကားရန်စသောရန်သူများကို
အပြစ်မပြောပဲ အဖွဲ့အချင်းချင်းအပြစ်ပုံချ ဇာတ်တူသားစား၍ သူခိုးဓါရိုးကမ်း
လုပ်တတ်သော ကမ္ဘာ့နိုင်ငံများတွင် တခုတည်းသော နိုင်ငံဖြစ်သောကြောင့်
မြန်မာနိုင်ငံကို ဂင်းနစ်မှတ်တမ်းဆုကိုပေးသင့်ပါသည်....။
၃။ နိုင်ငံရေးလုပ်သည်ဟုဆိုကာ
`လူမျိုးသည် အရေးမကြီး´ဟုဆိုပြန်ပြီး သူတို့လုပ်သောနိုင်ငံရေးသည်
ကိုယ်လူမျိုးအတွက်မဟုတ်လျှင်
တခြားမည်သည့်လူမျိုးအတွက်လုပ်နေသည်ကို စဉ်းစားမရနိုင်လောက်သည့်အထိ
အစွမ်းထက်မြက်သော
နိုင်ငံရေးသမားများ ရှိသော ကမ္ဘာ့နိုင်ငံများတွင်
တခုတည်းသော နိုင်ငံဖြစ်သောကြောင့် မြန်မာနိုင်ငံကို ဂင်းနစ်မှတ်တမ်း
ဆုကိုပေးသင့်ပါသည်....။
၃။ ရှေ့ဘိုးစဉ်ဘောင်ဆက်
မြန်မာစာနှင့် မြန်မာ့စကားမှာပါ ပြောဆိုသုံးစွဲလာခဲ့ကြသော `ကုလား´ဆိုသော
အသုံးအနှုန်းကို
မသုံးစွဲရ သုံးစွဲသူသည် မိဘ၊ဆရာသမားများက မဆုံးမသူများဖြစ်သည်ဟု
ဆိုသော(ဒီလိုဆို တရုပ်ကို
တရုပ်လို့မခေါ်ပဲ ချိုင်းနားလို့ခေါ်၍ ပြင်သစ်ကိုပြင်သစ်ဟုမခေါ်ဆိုရပဲ ဖရန့်ဟု
လည်းကောင်း
ခွေးကို ခွေးဟုမခေါ်ပဲ `ဟောင်ကောင်´ဟု ခေါ်ရမလိုဖြစ်သော)
ကမ္ဘာ့နိုင်ငံများတွင် တခုတည်းသော နိုင်ငံဖြစ်သောကြောင့်
မြန်မာနိုင်ငံကို ဂင်းနစ်မှတ်တမ်းဆုကိုပေးသင့်ပါသည်....။
၎။ မိမိပြည်သူ၊ပြည်သားများအား
တိုင်းတပါးသားလူရန်းကားများမှ ပြည်တွင်းနှင့် ပြည်ပတွင်
လူမှုရေး၊စီးပွားရေး၊အိမ်ထောင်ရေးများတွင်
လူ့အခွင့်အရေး ပြောင်ပြောင်တင်းတင်းချိုးဖောက်အနိုင်ကျင့်နေချိန်တွင်
နှာစေးနေတတ်ပြီး၊မိမိပြည်သူ၊ပြည်သားများအားသာလျှင်အပြစ်ပုံချ
ကြေညာချက်အမျိုးမျိုးထုတ်ကြသော နိုင်ငံရေးအမည်ခံ ဘာညာသာရကာ အာပလာ
နိုင်ငံရေးသမားများရှိသော တခုတည်းသော နိုင်ငံဖြစ်သောကြောင့်
မြန်မာနိုင်ငံကို
ဂင်းနစ်မှတ်တမ်း ဆုကိုပေးသင့်ပါသည်....။
၅။ မိမိတို့အဆင်ပြေ
နှုတ်ခမ်းဆီစိုရန်အတွက်
ကမ္ဘာ့အလည်တွင် မိမိတိုင်းပြည်ကို ရစရာမရှိအောင် သိက္ခာချ ပြောဆိုကြသော
အမျိုးသားသစ္စာဖောက်လောက်ကောင်
`မိုးသီးဇွန်၊ချိုတူးဇော်နှင့်........အပေါင်အပါများ မွေးထုတ်ရာဖြစ်သော
တခုတည်းသော နိုင်ငံဖြစ်သောကြောင့် မြန်မာနိုင်ငံကို
ဂင်းနစ်မှတ်တမ်းဆုကိုပေးသင့်ပါသည်....။
၆။ ကိုယ့်ပြည်သူကျ လက်သံပြောင်၊
ရန်သူကိုကျ လက်ရှောင်တတ်သော အဖွဲ့အစည်းများ ရှိသောကြောင့် တခုတည်းသော
နိုင်ငံဖြစ်သောကြောင့် မြန်မာနိုင်ငံကို
ဂင်းနစ်မှတ်တမ်း ဆုကိုပေးသင့်ပါသည်....။
၇။
မိမိနိုင်ငံတူပြည်သူ(ညီိအကို)အချင်းချင်းကျ
ရန်လိုဒေါသ၊မာန်မာနများပြီး၊ရန်သူအပေါ်တွင် ဘုရားအလောင်းတော်ထက်ပင်
မေတ္တာကြီးမား ကရုဏာထားသရောင်ဖြင့်
မြွေပွေးခါးပိုက်ပိုက် `ပျော့ညံ့ခြင်းနှင့် သီးခံခြင်းမကွဲသော
တလွဲဆံပင်ကောင်းကြသော
သူများရှိသောတခုတည်းသော နိုင်ငံဖြစ်သောကြောင့် မြန်မာနိုင်ငံကို
ဂင်းနစ်မှတ်တမ်းဆုကိုပေးသင့်ပါသည်....။
၈။ ရန်သူက အယောင်ဆောင်
ကုလားဖန်ထိုးကာ
အိမ်ကြက်အချင်းချင်းအိုးမဲသုတ်ပြီး ရန်တိုက်ခွပ်ခိုင်းကာ
အမောဖောက်အားနည်းချိနှက်မ
နှစ်ကောင်လုံးကို အိုးခင်းထဲမှာချက်စားခံရမည်ကို ပညာဉာဏ်ဖြင့်
လေ့လာသိမြင်ခြင်းမရှိပဲ
ရန်သူလေသံနောက် သံယောင်လိုက်တတ်ကြသော အလွန် နလွန်းတဲ့သူတွေရှိသော
တခုတည်းသော နိုင်ငံဖြစ်သောကြောင့်
မြန်မာနိုင်ငံကို ဂင်းနစ်မှတ်တမ်း ဆုကိုပေးသင့်ပါသည်....။
၉။ နိုင်ငံသားမှတ်ပုံတင်ကဒ်
မရှိကြသော တိုင်းတစ်ပါးနိုင်ငံခြားသားတို့ကို ရွေးကောက်ပွဲတွင်
တရားဝင်မဲထည့်ခွင့်ပေးထားသော တခုတည်းသော နိုင်ငံဖြစ်သောကြောင့်
မြန်မာနိုင်ငံကို
ဂင်းနစ်မှတ်တမ်းဆုကိုပေးသင့်ပါသည်....။
၁၀။
မိမိနိုင်ငံအမျိုးဘာသာ၊သာသနာတော်
ထွန်းကားပြန့်ပွားရေးရန်လုပ်ဆောင်သူများအတွက် အခက်အခဲ
အတားအဆီးတွေများသလောက်၊ လိမ်ညာသူ၊လုပ်စားများအတွက်
အလွန်လွယ်ကူသော တခုတည်းသော နိုင်ငံဖြစ်သောကြောင့်
မြန်မာနိုင်ငံကို ဂင်းနစ်မှတ်တမ်း ဆုကိုပေးသင့်ပါသည်....။
အထက်ဖော်ပြပါ အံ့သြဖွယ်ရာများ
များစွာရှိသော မြန်မာနိုင်ငံတော်ကို ဒကာကြီးတို့ Guiness World Awards
ဆုရွေးချယ်ရေးအဖွဲ့အနေဖြင့်
လေ့လာကာ ဂင်းနစ်မှတ်တမ်းစံချိန်ဆုများကို ပေးနိုင်ပါရန်
စာရေးသာအကြောင်းကြားအပ်ပါသည်။
======================
ဓမ္မ၀ီရ အရှင်တေဇနိယ
ကိုလံဘို၊သီရိလင်္ကာwebsite;www.ashintejaniya.com
No comments:
Post a Comment