Friday, April 26, 2013

စိုက်ယဒ်ဟာဂျီ ဘေလားလ်နူးရ် သို့ ဖြေကြားစာ

'' စိုက်ယဒ်ဟာဂျီဘေလားလ်နူးရ် သို့ ဖြေကြားစာ"
+++++++++++++++++++++++++++++++++++++++++++
မူဆလင်ဒကာကြီး စိုက်ယဒ်ဟာဂျီဘေလားလ်နူးရ် မှ မတူကွဲပြားပါတီဥက္ကဋ္ဌ ဒကာကြီး ဦးနေမျိုးဝေ ၏ ၄င်းတို့၏ အစ္စလာမ်ဘာသာ၏ ကုရ်အာန် ကျမ်းအား ယုတ္တိကျကျ ထောက်ပြဝေ ဘန်မှုအား ကျနသေခြာ ပညာရှိများ လက်ခံနိုင်လောက်သည့်အထိ ဖြေရှင်းနိုင်ခြင်းမရှိပါပဲ၊ မိုးကြိုးကို ထန်လျှက်နှင့်ကာသည့်ပမာ ဗုဒ္ဓဘာသာကိုပင် ပြန်လည်၍မေးခွန်းထုတ်ထားကိုတွေ့ရှိရပါတယ်။

ထို မူဆလင်ဒကာ၏ မေးခွန်းအားလုံးဟာ ဒကာကြီး ဦးနေမျိုးဝေ မှ ကုရ်အာန်ကျမ်းအားဝေဘန်သကဲ့သို့ ကျမ်းစာထဲမှ ထုတ်နှုတ်ကာထောက်ပြထားသကဲ့သို့မဟုတ်ပဲ ဗုဒ္ဓဘာသာထေရ၀ါဒ ပိဋကတ် တော် များကို အပေါ်ယံလေးမျှပင် လေ့လာခြင်းမရှိပါပဲလျှက် ကလေးဆန်ဆန်ဟာသသဘောမျှ မေး ခွန်း ထုတ်ထားသည်ကိုတွေ့ရှိရပါသည်။ ၄င်းမေးခွန်းများအား ဖြေရှင်းပေးပါရန် ဓမ္မမိတ်ဆွေ စာဖတ် ပရိဿတ်များမှ လျှောက်ထားကြသောကြာင့် အချိန်လေးရခိုက် ဖြေကြားပေးလိုက်ရပါသည်။

မူဆလင်ဒကာများအနေဖြင့် ဗုဒ္ဓပိဋကတ်တော်များအား ဝေဘန်မည်ဆိုပါက ဒကာကြီး ဦးနေမျိုးဝေသည် ကုရ်အာန် အားထောက်ပြဝေဘန်ထားသကဲ့သို့ ပိဋကတ်တော်များမှ ထုတ်နှုတ်ကာ ဝေဘန်နိုင်သော စွမ်းရည်များရှိလာအောင် ကြိုးစားလေ့လာကြဖို့ အကြံပေးလိုက်ပါရစေ။ ခုဒကာကြီးေ မးထားသော မေးခွန်းများမှာ မူကြိုအဆင့်ပင် မရှိပဲ ဖြေပေးရမှာပင် အရမ်းပျင်းစဖွယ် ကောင်းလှ ပါတယ်။ နောင်တချိန်မှာ ပိဋကတ်တော်များထဲမှ ထုတ်နှုတ်ကာ မေးနိုင်လိပ်မည်ဟုမျှော်လင့်ပါရစေ။

ဒကာကြီးစိုက်ယဒ်ဟာဂျီဘေလားလ်နူးရ် မေးထားသောမေးခွန်းတွေထဲက ပထမဆုံးမေးခွန်း ကိုဦးစွာဖြေပေးပါမည်။ဒကာကြီးမေးထားတာက…
(၁)=ရှင်ကြီး ဂေါတမရဲ့ ပိဋကတ်သုံးပုံတောင် သီရိလင်္ကာမှာ သက္ကတနဲ့ ရှိနေပြီး ကျနော်တို့နိုင်ငံမှာ ပါဠိနဲ့ ရှိနေပါတယ်။သက္ကတလို ရှိနေတဲ့ ပိဋကတ်သုံးပုံကို သုံးကြိမ်သုံးခါပဲပြင်ပြီး (သံဃယနာတင်ပြီး) ပေမယ့်၊ ပါဠိလိုဖြစ်တဲ့ ပြည်တွင်းက ပိဋကတ်သုံးပုံက ဘာဖြစ်လို့ ခြောက်ကြိမ်ထိ ပြင်ထားရပါသလဲ?

ဒကာကြီးမေးစိုက်ယဒ်ဟာဂျီဘေလားလ်နူးရ်ရေ ယခုဦးဇင်းကိုယ်တိုင် သီရိလင်္ကာမှာ ရောက်ရှိ ပညာ တော်သင်ယူနေပါသည်။ဒကာပြောသလို သီရိလင်္ကာမှာ ပိဋကတ်သုံးပုံကို သက္ကတဘာသာဖြင့် ရေး သားထားခြင်း၊မှတ်တမ်းတင်ထားခြင်း၊ထုတ်ဝေခြင်း၊လုံးဝ(လုံးဝ)မရှိပါဘူးဒကာ၊ သီရိလင်္ကာမှ မဟုတ် ပါဘူး၊ထိုင်း၊ကမ္ဗောဒီးယား၊လာအို၊မြန်မာ စသောမည့်သည့်ထေရ၀ါဒ နိုင်ငံမှာမှ ပိဋကတ်တော်များကို သက္ကတဘာသာခြင်း ရေးသားထားခြင်း၊မှတ်တမ်းတင်ထားခြင်းမရိပါဘူးဒကာ။ ပါဠိဘာသာဖြင့်သာ စနစ်ကျကျ တည်ရှိပါတယ်ဒကာ။

နောက်တစ်ခုက သင်္ဂါယနာကိစ္စပဲဖြစ်ပါတယ်။ သင်္ဂါယနာ တင်ခြင်း၏ရည်ရွယ်ချက်ကိုက ဗုဒ္ဓမြတ်၏ ဒေသနာတော်မြတ်တို့အား ၊”ပြင်ဆင်ခြင်း၊ ပယ်နှုတ်ခြင်း၊ဖြည့်စွက်ခြင်း ”လုံးဝမပြုရ လေအောင် ဗုဒ္ဓမြတ်စွာ၏ လက်ထက်တော်ကာလ ကအတိုင်း မူရင်းကျကျ ဖြစ်ရအောင် သင်္ဂါယ နာတင်ခြင်းသာဖြစ်ပါတယ်။ဒကာကြီးက လေ့လာမှုမရှိပဲ ပြောင်းပြန်ပြောနေ ခြင်း ဖြစ်ပဲဖြစ်ပါတယ်။ အကယ်၍ သင်္ဂါယနာတင်ပြီး ဗုဒ္ဓမြတ်စွာ၏ ဒေသနာတော်တို့ကို ပြင်ဆင်ထားတယ်လို့ ခိုင်လုံးသော အထောက်အထားပြနိုင်ပါက၊ ဒကာကြီးတို့ အစ္စလာမ်ဘာသာ ကောင်းတာ မကောင်းတာမစဉ်းစားပဲ အစ္စလာမ်ဘာသာထဲကို ဦးဇင်းကိုယ်တိုင်ဝင်ရောက်ပါမည်လို့ ကတိပေးလိုက်ပါရဲ့ဒကာကြီး စိုက်ယဒ်ဟာဂျီဘေလားလ်နူးရ်။

ဒကာကြီးပြောသလို ကုရ်အာန်စာအုပ်ဟာ ကောင်းကင်ပေါ်က ကျလာသည် ဆိုသော တိကျ ခိုင်လုံ၊အာဂမ၊သဘာဝယုတ္တိရှိရှိ ကမ္ဘာကြီးအားချပြနိုင်မည်ဆိုပါက ဒကာကြီးတို့၏ မူဆလင်အနွယ် အစ္စလာမ်ဘာသာဝင်များ တိုးပွားများပြားလာနိုင်သောကြာင့် ကုရ်အာန် စာအုပ်ကျလာပုံကို ယုတ္တိရှိရှိ သက်သေပြသင့်ပါကြောင်း စေတနာကောင်းဖြင့် အကြံပေးလိုက်ပါသည် ဒကာ။

(၂) ဒကာကြီး၏ ဒုတိယမေးခွန်းဖြစ်သော မဟာယန ဗုဒ္ဓဘာသာနဲ့ ထေရ၀ါဒ ဗုဒ္ဓဘာသာတို့ တက်တက်စင်အောင် ကွဲနေတာတွေ ဘာကြောင့်ရှိနေတာလဲ? ဟူသောမေးခွန်းကို ဖြေကြားပေးပါမည်။
ထေရ၀ါဒ နှင့် မဟာယာနဟာ အပေါ်ယံအသွင်သဏ္ဍာန်တို့ဟာ အနည်းငယ်ကွဲလွဲနေတာမှန်ပေမဲ့ ‘အနှစ်သာရ’ ကတော့ လုံးဝအတူချည်းသာဖြစ်ပါတယ်။
ဥပမာ။ ။
ထေရ၀ါဒ နှင့် မဟာယာန နှစ်ခုလုံးသည်
(၁) မြတ်စွာဘုရားကို နှစ်ဖက်စလုံးက ဆရာ အဖြစ်လက်ခံကြတယ်။
(၂) သစ္စာ လေးပါး တရားတော်ကို နှစ်ဖက်လုံးက အပြည့်အ၀လက်ခံကြတယ်။
(၃) မဂ္ဂင်ရှစ်ပါး တရားကိုလဲ လက်ခံတာချင်း တူညီတယ်၊
(၄) ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်ကို လက်ခံတာလဲ တူညီတယ်၊
(၅) ဖန်ဆင်းရှင်ကို နှစ်ဖက်လုံးမှာ လက်မခံပဲ ပယ်မြစ်ပါတယ်။
(၆) အနိစ္စ ၊ဒုက္ခ၊အနတ္တ နဲ့ သီလ၊သမာဓိ ၊ပညာတွေကို နှစ်ဖက်လုံးက လက်ခံကြတယ်။

Mahayana and Theravada
Now, what is the difference between Mahayana and Theravada?
I have studied Mahayana for many years and the more I study it, the more I find there is hardly any difference between
Theravada and Mahayana with regard to the fundamental teachings.
1- Both accept Sakyamuni Buddha as the Teacher.
2- The Four Noble Truths are exactly the same in both schools.
3- The Eightfold Path is exactly the same in both schools.
4- The Paticca-samuppada or the Dependent Origination is the same in both schools.
5- Both rejected the idea of a supreme being who created and governed this world.
6- Both accept Anicca, Dukkha, Anatta and Sila, Samadhi, Panna without any difference.

ထိုကဲ့သို့ အနှစ်သာရပိုင်းမှာ ထေရ၀ါဒ နှင့် မဟာယာနဟာ အားလုံးလက်ခံကျင့်သုံးခြင်းဟာ အတူတူပင်ဖြစ်ပါတယ်။ထို့အပြင် ဦးဇင်းတို့၏ ၀ါဒနှစ်ခုလုံးဟာ ဒကာကြီးတို့မူဆလင် ဂိုဏ်း ကွဲများဖြစ်သော ဆွန်နီမူဆလင် နှင့် ဆီးရိုက်မူဆလင်တွေလို အချင်းချင်း သတ်ဖြတ်ခြင်း၊ အကြမ်း ဖက်ခြင်း၊စသည်များပြုလုပ်ခြင်းမရှိပါဘူးဒကာ ဒါဟာ ဘာသာတရား၏ အဆုံးအမတရားတော်များနှင့် များစွာသက်ဆိုင်ပါတယ်ဒကာ။လောကမှာ ‘ကိုးကွယ်စရာ များစွာရှိနိုင်ပေမဲ့လည်း အေးချမ်းညိမ်းအေး၊ လွှတ်မြောက်ကြောင်း အမှန်တရားတော်ကတော့ တစ်ခုတည်းပဲရှိနိုင်ပါတယ်’ ဒကာကြီး။

ဒကာကြီးတို့ မူဆလင်များကိုယ်တိုင် အစ္စလာမ်ဘာသာကို ငါတို့ဘာ့ကြောင့် ကိုးကွယ်ဆည်းကပ်နေကြသသလဲ …? ဆိုသော မေးခွန်းကိုမေးပြီး အသိပညာဖြင့် မှန်ကန်စွာ ဖြေနိုင်ဖို့ ဘာသာစွဲကင်းကင်းဖြင့် ဖြေကြားအဖြေထုတ်ကြည့်ကြပါ။ ဆင်းရဲဒုက္ခတွေက လွတ်မြောက်လို၍၊ ကိုယ်စိတ်နှစ်ပါး အေးချမ်းသာယာလို၍၊စသောကောင်းမြတ်သော လိုအင်ဆန္ဒကြောင့် အစ္စလာမ် ဘာသာကို ကိုးကွယ်နေခြင်းဖြစ်သည်ဆိုလျှင် ၊အစ္စလာမ်ဘာသာက မိမိတို့ လိုလားတောင်းတသော အေးချမ်းမှုနှင့် အမှန်တရားကို အမှန်တကယ်ပေးစွမ်းနိုင်စွမ်းရှိ၊မရှိ ဆိုတာကို တွေးတောဆင်ခြင် လေ့လာသင့်ပါသည်ဒကာကြီး။

(၃) ထေရ၀ါဒချင်း အတူတူလို့ ပြောနေတဲ့ မိုးပြာဂိုဏ်းကိုရော လူကြီးမင်း ဘယ်လိုမြင်ပါသလဲ?
ဟူသော ဒကာစိုက်ယဒ်ဟာဂျီဘေလားလ်နူးရ် ၏မေးခွန်းကိုဖြေရလျှင်။ထေရ၀ါဒဆိုသော အဓိပ္ပါယ်ကို နာလည်သိမြင်အောင် ဦးစွာရှင်းပြပါမည်။ ထေရ၀ါဒဆိုသည်မှာ “ထေရာနံ ၀ါဒေါတိ ထေရ၀ါဒေါ၊ ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့သည် တရားဒေသနာတော်တို့ကို ဗုဒ္ဓမြတ်စွာသက်တော်ထင်ရှား ရှိတော်မူစဉ်ကာလကအတိုင်း၊ “ပြုပြင်ခြင်း၊ဖြည့်စွက်ခြင်း၊ပယ်နှုတ်ခြင်းမရှိ” ပဲ ဗုဒ္ဓမြတ်စွာ၏ တရားတော်မြတ်အတိုင်း သင်ယူခြင်း၊လိုက်နာခြင်း၊ဟောပြောပို့ချခြင်း၊ကျင့်သုံးခြင်းအားဖြင့် နေတော်မူကြသည့် သံဃာတော်မြတ်တို့၏ ၀ါဒကို ထေရ၀ါဒဟု ခေါ်ဆိုတာဖြစ်ပါတယ်။
သို့ဆိုလျှင် ဗုဒ္ဓမြတ်စွာ၏ ဒေသနာတရားတော်အတိုင်းသင်ကြားခြင်း၊လိုက်နာခြင်း၊ ဟောပြောပို့ချခြင်း၊ကျင့်သုံးခြင်းမရှိသော အဓမ္မ၀ါဒီ မိုးပြာဂိုဏ်းသည် ထေရ၀ါဒ ဟုတ်၊မဟုတ်ဆို သည်ကို ဒကာကြီးတို့တွင် မူကြိုအဆင့်မျှ အသိပညာရှိမည်ဆိုက နားလည်သဘောပေါက် မည် ထင်ပါသည်။၎င်းမိုးပြာဂိုဏ်း၏ နောက်ကွယ်မှနေ၍ မည်သူတွေကအားပေးအားမြှောက် ထောက် ပန့်ပေးနေသလည်းဆိုတာကို ဒကာကြီးတို့ မူဆလင်ထိပ်ပိုင်းကို လေ့လာကြည့်လျှင် သိပါလိပ် မည်ဒကာကြီး။

(၄) နောက်ဆုံးမေးခွန်းဖြစ်သော အရိမ္မတေယ(အရိမေတ္တယျ ဟုရေးမှသာမှန်၏) မြတ်စွာဘုရား ပွင့်မယ့်ကိစ္စကို ဘယ်လိုယုံကြည်ထားပါသလဲ? မေးခွန်းကိုလည်း ဥပမာလေးတခု ပြောပြလိုက်လျှင် ဒကာကြီးအနေဖြင့် အနည်းငယ်သော အသိပညာရှိလျှင် ရှင်းလင်းသဘောပေါက်သွားမည်ဟု ယုံကြည်ပါတယ်။

လောကမှာ အမြတ်ဆုံးသောဘုရားအဖြစ်ကိုရှိဖို့ဆိုတာကိုအသာထား B.A,B.Sc,ကဲ့သို့သော ဘွဲ့လေးတစ်ဘွဲ့ရရှိရန်အတွက်ကိုပင် ငယ်စဉ်အစကလေးဘ၀မှစကာမူကြို၊မူလ၊ အလယ်တန်း၊ အထက်တန်းအပြင် တက္ကသိုလ်အထိ နှစ်ပေါင်းများစွာ အချိန်တွေ၊ငွေတွေ ပေးဆပ်ဖြည့်ဆည်း ရတာမဟုတ်ပါလား၊ ရန်ကုန်ကိုသွားလိုလျှင် ရန်ကုန်ကိုရောက်သောကားတော့စီးဖို့လိုပါလိပ်မယ်၊ ဘယ်ဘုရားရှင်ကမှ ရော့အင့် B.A,M.A,ဘွဲ့တွေရစေဆိုပြီးလုပ်ပေးလို့မရနိုင်ပါဘူး။ဘုရားအားကိုးပြီး စာမကျက်ပဲနေမည်ဆိုက ဘယ်လိုနည်းနှင့်မှ မှန်ကန်သောစာမေးပွဲအောင်နိုင်မည်မ ဟုတ်ပါပေ။ ဒီလိုလောကီဘွဲ့တစ်ခုအတွက်အတွက် အချိန်တွေ၊ငွေတွေ၊ကြိုးစားမှုတွေနှင့် ဖြည့်ကျင့်အားထုတ်ရသေး လျှင် ဘုရားအဖြစ်ကိုမည်သည့်အားထုတ်ဖြည့်ကျင့် ၊ကြိုးစားမှုမှမရှိပဲ ဖြစ်ပေါ်လာသည်ဆိုတာ ဖြစ်နိုင်၏၊မဖြစ်နိုင်၏ဆိုသည်ကို ဒကာကြီးကိုယ်တိုင်သာ အဖြေရှာပါဒကာ။

ဒကာကြီးဦးနေမျိုးဝေမှ ကုရ်အာန်စာအုပ်မှ ထုတ်နှုတ်ကာမေးခွန်ထုတ်သကဲ့သို့ ဒကာကြီး စိုက်ယဒ်ဟာဂျီဘေလားလ်နူးရ် အနေဖြင့် အဆင့်မြင့်မြင့် မေးခွန်းများစွာကိုထုတ်နိုင်မည်ဟုမျှော်လင့်မိ ပါတယ်ဒကာ။ နောက်ဆုံးအနေဖြင့်ဒကာကြီးကို အကြံပြုမေးလိုသည်မှာ ဗုဒ္ဓမြတ်စွာကဲ့သို့ တိကျရေ ရာသောဒကာကြီးတို့၏ အလ္လာ၏ အထ္ထုပ္ပါဒ်ဘ၀ဖြစ်စဉ် နှင့် ဗုဒ္ဓဘာသာတွင်ရှိသော သောတာပတ္တိ၊ သကဒါဂါမိ၊အနာဂါမိ၊အရဟတ္တ စသည့် မှန်ကန်တိကျ အေးချမ်းသော ကျင့်စဉ်မျိုးကိုရှိပါသလော? ဒကာကြီးတို့အနေဖြင့် အမှန်တရားကိုရှာဖွေတွေ့ရှိကာ “အမြင်မှန်ရကာ အမှားပြင်နိုင်၍ လမ်းမှားပယ်ဖျောက် လမ်းမှန်ရောက်ပါစေဟု ပတ္ထနာပြုလိုက်ပါသည်..။

(မိမိအကျိုး၊အများအကျိုးကို၊သည်ပိုးနိုင်သော တန်ဖိုးရှိ၊တန်ဖိုးမြင့်၊လူတော် လူမွန်များ ဖြစ်နိုင်ကြပါစေ)

ဓမ္မ၀ီရ အရှင်တေဇနိယ
ကိုလံဘို၊သီရိလင်္ကာ။

http://www.ashintejaniya.com/

Sunday, April 14, 2013

သင်္ကြန်တွင်း (၈)ပါးသီလပေးတရားတော် (ဓမ္မ၀ီရ အရှင်တေဇနိယ)

          
နှစ်ဟောင်းလွန်မြောက် နှစ်သစ်ရောက်သော မြန်မာတို့၏ နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော် ကာလအတွင်းဝယ် ဥပုသ်သီလဆောက်တည်လိုကြသော်လည်း ပြည်ပနိုင်ငံအသီးသီးတွင် ရောက်ရှိနေသောကြောင့် သီလဆောက်တည်ရန် အခက်ရှိပါသဖြင့် ဥပေါသထသီလပေး အသံဖိုင်အား တင်ပေးပါရန်လျှောက်ထ...ားကြသော ကောင်းမှုလိုလား ဒကာ၊ဒကာမများအတွက် ရှစ်ပါးသီလပေး အသံဖိုင်တရားတော်အား ကုသိုလ်ပြုတင်ပေးလိုက်ရပါသည်။ နှစ်သစ်ကူးကာလတွင် ကုသိုလ်တရားများဖြင့် နှစ်သစ်ကိုကြိုဆိုနိုင်ကြပါစေသော်။ ဓမ္မ၀ီရ အရှင်တေဇနိယ ကိုလံဘို၊သီရိလင်္ကာ

Saturday, April 13, 2013

`သင်္ကြန် ဟူသည်´

    
  သင်္ကြန်ဆိုသောစကားမှာ ပါဠိလို `သင်္ကန္တ=ပြောင်းရွှေ့ခြင်းဆိုသော စကားမှဆင်းသက်လာ ခြင်းဖြစ်ပါတယ်။နှစ်ဟောင်းကာလမှ နှစ်သစ်အခါသမယသို့ပြောင်းရွှေ့ခြင်းဟု လိုတိုရှင်း အဓိပ္ပါယ်မှတ်သားနိုင်ကြပါသည်။နှစ်ဟော...င်းက တနှစ်တာကာလတစ်လျှောက်လုံးပြုလုပ်ခဲ့သော အညစ်အကြေးတွေကို နောင်နှစ်သစ်မှာထပ်မဖြစ်ရလေအောင် အတိတ်ကောင်းတွေယူကာ တစ်ဦးနှင့်တစ်ဦး မေတ္တာစေတနာတို့ဖြင့် ရေစင်ရေအေးကို ပက်ဖြန်းကြတာပဲဖြစ်ပါသည်။

ရေဆိုသည်မှာ- (၁) အေးမြခြင်းအေးချမ်းခြင်း
(၂) အညစ်အကြေးများကို စင်ကြယ်စေခြင်း
ဟူ၍အစွမ်းသတ္တိ(၂) မျိုးရှိသည့်အတိုင်း ၊သင်္ကြန်ရက်မြတ် အချိန်အခါမှာ ရေပက်ဖြန်းသူ ၊ရေပက်ခံသူနှစ်ဦးလုံးမှာ နောင်နှစ်များစွာတိုင်ရေစင်ရေပေါက်ကဲ့သို့အေးချမ်းသာယာပါစေ၊ဘေးဥပါဒ်ရန်မှန်သမှကင်းစင်ပါစေ၊ ဒေါသ၊လောဘ၊မာန စသောအညစ်အကြေးများ ကင်းစင်ကာ လောကအအကျိုး၊ လောကုတ္တရာအကျိုးကို ကောင်းစွာဆောင်ရွက်နိုင်စေရန်အတွက် ရှေ့ပညာရှိများက သင်္ကြန်ရေပက်ဖြန်း စေတာဖြစ်ပါတယ်။ တနည်းပြောရလျှင် သင်္ကြန်ဆိုတာတဦးနှင့်တဦး မေတ္တာပို့ဆုတောင်းကြတဲ့ တကယ့်သူတော်ကောင်းတို့ကျ င့်စဉ်ပွဲတော်မျိုးပါ မေတ္တာပို့ပွဲတော်ဟု ဆိုလျှင် လည်း မှားမည်မဟုတ်ပါပေ။

      သင်္ကြန်ကာလတွင် မြန်မာတို့သည် ဥပုသ်သီလဆောက်တည်ခြင်း ၊တရားစခန်းရိပ်သာများ ၀င်ခြင်း၊ ဒုလ္လဘရဟန်း၊သာမဏေ၊သီလရှင်ပြုခြင်းများနှင့်၊လူကြီးသူမ မိဘ၊ဆရာသမားတို့အား ခေါင်လျှော်ရေချိုး ၊ကိုယ်လက်သန့်စင်ပေးခြင်း၊ဆွမ်းလောင်းလှုပွဲ စတုဒီသာအလှုပွဲများအပြင်၊ ကျွဲနွားတိရိစ္ဆာန်တို့အား ဇီဝိတဒါနအဖြစ် ဘေးမဲ့ပေးခြင်းများလည်း အချို့သော မြို့ရွာများတွင် ရှေ့အစဉ်အလာမပျက် ကောင်းမှုပြုနေကြသည်မှာလည်း ၀မ်းမြောက်ကြည်နူးစ ရာကောင်းလှ သကဲ့သို့။

        ယခုခေတ်လူငယ်အတော်များများဟာ သင်္ကြန်ရေလောင်းရခြင်း၏ အနှစ်သာရကိုမ သိရှိမ လေ့လာကြပဲ ရှေ့ပညာရှိတို့ချမှတ်ထားသော ကောင်းမြတ်သော ရည်ရွယ်ချက်နှင့် သွေဖီကာ အပျော်လွန်အပျော်ကြူးနေသည်မှာ လွန်စွာဝမ်းနည်းစရာကောင်းလှပါသည်။

        မည်သည့်အချိန်မှစတင်ကာ သင်္ကြန်ပွဲတော်ကို ကျင်းပလာခဲ့ကြောင်း မြန်မာရာဇ၀ င်များတွင် သေခြာဖော်ပြထားသည်ကို မတွေ့ရသော်လည်း ပုဂံခေတ် နှောင်းပိုင်း၊ နရသီဟပတေ့မင်း (တရုတ်ပြေးမင်း) လက်ထက်ကတည်းက ကျင်းပခဲ့ကြောင်းကို သိရှိရသည်။ရှေးဟောင်းမြို့ ရာဇ၀င်တော်ကြီးများ၏ မှတ်တမ်း များတွင်ပုဂံခေတ်၌ သင်္ကြန်ပွဲတော်ကို ဧရာဝတီမြစ်အတွင်း၌ တစ်ခမ်းတနား ကျင်းပခဲ့ပြီး။ နှောင်းခေတ်များတွင်မူ နန်းတော်အတွင်း၌ မဏ္ဍပ်ကြီးများ ဆောက်လုပ်၍ ရေကစားခဲ့ကြကြောင်း သိရှိရသည်။ မြန်မာမင်းများ လက်ထက် ခေတ်အဆက်ဆက် သင်္ကြန်ပွဲေ တာ် တွင် ဘုရင်မှအစ ပြည်သူပြည်သားအားလုံး ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြသည်။ စောင်းငြင်းများ တီးမှုတ်ကာ သီချင်းများကို သီဆိုကြသည်။ တစ်ဦးနှင့်တစ်ဦး နံ့သာရေ၊ ပန်းပေါင်းအမွှေးနံ့သာရေ စသော ရေကြည်၊ ရေအေး၊ ရေမွှေးတို့ဖြင့် ရေပက်ဖျန်းမှု ပြုလုပ်ခဲ့ကြသည်။

       ထေရ၀ါဒဗုဒ္ဓနိုင်ငံတော်များဖြစ်သော၊ထိုင်း၊ ကမ္ဗောဒီးယား၊လာအို နိုင်ငံများတွင်လည်း သင်္ကြန်ပွဲတော်ကို ကျင်းပလေ့ရှိကြပါတယ်။ နိုင်ငံတွေမည်သို့ပင်ကွဲလွဲစေကာမူ ရှေ့သူတော် သူမွန်ပညာရှိတို့၏ ရည်ရွယ်ချက်အနှစ်သာရကတော့ အတူတူပင်ဖြစ်ပါသည်။ ထိုနိုင်ငံတို့တွင်လည်း မြန်မာနိုင်ငံကဲ့သို့ သင်္ကြန်ကာလတွင် ဥပုသ်သီလဆောက်တည်ခြင်း၊ ကျွဲ နွားတိရိစ္ဆာန်တို့အား ဘေးမဲ့လွှတ်ခြင်း၊ လူကြီးသူမတို့အား ခေါင်းလျှော်ပေးခြင်း၊ လက်သည်းခြေသည်းညှပ်ပေးခြင်းစသော ကောင်းမှုများကို ပျော်ရွှင်စွာ အနှစ်သာရပြည့်ဝစွာ ပြုလုပ်လေ့ရှိပါတယ်။

       အခုနောက်ပိုင်းကာလများတွင်မူ မြန်မာနိုင်ငံသည် သင်္ကြန်ပွဲတော်ကို စတင်ပြုလုပ် ခဲ့သည့် ရှေ့ပညာရှိတို့၏ ရည်ရွယ်ချက်နှင့်ဆန့်ကျင်ကာ သရုပ်ပျက်ဗရုတ်ကျလာကြပေသည်။ သင်္ကြန်ကာ လသည့် ၄င်းတို့အတွက် တရားဝင် မကောင်းတာလုပ် ပိုင်ခွင့်ရထား သည့်နှယ် မြန်မာ့သင်္ကြန်၏ အနှစ်သာရကို ဖျက်ဆီးနေကြသည်။မိဘများကလည်း မိမိသားသမီးများကို သင်္ကြန်ကာလတွင် ဘာမှဆိုဆုံးမခြင်းမရှိပဲလွှတ် ထားသည်မှာ မြန်မာ့ယဉ်ကျေးမှုအတွက် များစွာရင်လေး ဖွယ် ရာပဲဖြစ်ပါသည်။

ထိုကဲ့သို့အခြေအနေမျိုးကိုများ သင်္ကြန်းပွဲတော်စတင်ပြုလုပ်ခဲ့ကြသည့် သူတော်သူမွန်ပ ညာရှင်များ ကြားသိမြင်မိပါက သူတို့ကိုယ်သူတို့ အပြစ်တင်၍ ဆုံးတော့မည်မဟုတ်ပေ။ ယဉ်ကျေး လိမ္မာ အသိတရားရှိကြသော သူတော်စိတ်ဓါတ်ကိန်းဝပ်ကြသည့် အမျိုးကောင်းသား၊ အမျိုး ကောင်း သမီးလေး တို့ကို တွေ့ရလို့သာ ဖြေသာသေးပေး၏။

      မနှစ်ကသင်္ကြန်ကာလတွင် မိမိကဲ့သို့ သီရိလင်္ကာကို ပညာတော်သင်ကြွရောက်လာသော ကဗ္ဗောဒီးယား ရဟန်းတော်တပါးက သူနေထိုင်သော အဆောင်ကို ကမ္ဗောဒီးယားနှစ် သစ်သင်္ကြန် အထိမ်းအမှတ်ဆွမ်းကပ်ပင့်တာမို့ ကြွရောက်ဘုဉ်းပေးရင်း ကမ္ဗောဒီယားသင်္ကြန်အကြောင်းပြောပြပြီး အင်တာနက်ကနေ ကမ္ဗောဒီးယားတို့၏ သင်္ကြန်ကိုပြပါသည်၊တကယ်ကို ယဉ်ကျေးသိမ် မွေ့လွန်လှပါတယ်၊ရေပက်ဖြန်းကြတာ ယဉ်းကျေးလိမ္မာကျက်သရေရှိလွန်းလှ၏၊

     ကမ္ဗောဒီးယားသင်္ကြန်ပြပြီး မိမိတို့မြန်မာသင်္ကြန်ကို ပြပေးဖို့တောင်းဆိုတာကြောင့် အင်တာ နက်မှတဆင့် မြန်မာသင်္ကြန်ကိုဖွင့်လိုက်လေရာ မိမိအတွက် မျက်နှာမရပဲ မျက်နှာပျက်စ ရာသာ ကြုံတွေ့ရလေ၏။ဒကာမအများစုမျာ အရှက်အကြောက် ဟိရိ၊သြတ္တပ္ပ မရှိကြတော့ပဲ လူပုံအလည်တွင် ဖောင်ဘီအတိုအင်္ကျီအပြတ်ဖြင့် မူဆွယ်ပြီး ကာမမီးမွှေးနေပုံများသာ အများအပြားပေါ်ထွက်လာ၊ ကမ္ဗောဒီးယားရဟန်းတော်က ` အရှင်ဘုရားတို့အနေနှင့် ဒီလိုဟာတွေမထိမ်းနိုင်ရင်တော့ မြန်မာပြည်မှာသင်္ကြန်ပွဲမကျင်းပသင့်တော့ဘူး´ဟု မှတ်ချက်ပြုစကားကိုလည်း မသိလိုက်မသိဖာသာ ရယ်ကျဲကျဲသာလုပ်နေနိုင်ခဲ့၏ အခုနှစ်တွင်မူ တာဝန်ရှိသူ အစိုးရမှ သရုပ်ပျက်သူများ ကိုဥပဒေအရအရေးယူမည်ဟုကြားသိရလေရာ သာဓုအလီလီခေါ်ရလိုက်ရပေတော့သည်။

(ယဉ်းကျေးလိမ္မာ၊ သားသမီး၊ရတနာများ ဖြစ်နိုင်ကြပါစေ)

ဓမ္မ၀ီရ အရှင်တေဇနိယ

ကိုလံဘို၊သီရိလင်္ကာ

http://www.ashintejaniya.com/
See More

Tuesday, April 9, 2013

Guiness World Recorrds ကမ္ဘာ့ဂင်းနစ်ဆု ပေးရေးအဖွဲ့သို့ ဓမ္မ၀ီရ အရှင်၏ အကြံပြုစာ(သရော်စာဆောင်းပါး)

ကမ္ဘာ့ဂစ်နစ်စံချန်ဆု ရွေးချယ်ရေး မှ တာဝန်ရှိသူဒကာ/မအပေါင်းတို့၊ ဒကာကြီးတို့ (Guiness World Records) အဖွဲ့ဟာ ကမ္ဘာပေါ်ရှိ အထူးခြားဆုံး၊အံ့သြစရာအကောင်းဆုံး အရာများကို ရွေးချယ်ကာ ဆုပေးလေ့ရှိကြောင်းသိရှိရပါသည်။ဒကာကြီးတို့အဖွဲ့မှ ပေးအပ်သောဆုကို ဦးဇင်းတို့မြန်မာနိုင်ငံမှ မင်းကွန်းဆရာတော်ဘုရားကြီးဟာ ပိဋကတ်သုံးပုံ၊ပါဠိတော်၊အဋ္ဌာကထာဋီကာ စသောမြောက်များစွာသော ကျမ်းစာတို့ကို အလွတ်အာဂုံပြန်ဆိုနိုင်သဖြင့် ကမ္ဘာ့ဂင်းနစ်စံချိန် ဆုတံဆိပ်ကြီးကို အလှုခံရရှိဖူးပါသည်။
        ယခုအချိန်မှာ ဦးဇင်းတို့၏ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးတွင် ကမ္ဘာ့တခုတည်းသော အထူးခြားဆုံး၊အံ့သြစရာအကောင်းဆုံး အရာများမှာ မြောက်များစွာရှိနေပါသည်။ထိုအရာတို့ကို ဒကာကြီးတို့ ဂင်းနစ်စံချိန်ဆုရွေးချယ်ရေးအဖွဲ့မှ၊မြည်မာနိုင်ငံသို့ လာရောက်လေ့လာကာ ကမ္ဘာ့ဂင်းနစ်စံချိန်ဆုအား ပေးအပ်ချီးမြှင့်နိုင်ပါရန် အသိပေးမေတ္တာရပ်ခံအပ်ပါသည်။
           အထူးခြားဆုံး၊အံ့သြစရာအကောင်းဆုံးများဖြစ်ပြီး ကမ္ဘာပေါ်တွင်မရှိသေးပဲ ဦးဇင်းတို့၏ မြန်မာပြည်တွင်သာရှိသောကြောင့် Guiness World Records ဆုပေသင့်သော အချက်အလက်များမှာ အောက်ဖော်ပြပါစာရင်းအတိုင်းဖြစ်ပါသည်။ ဒကာကြီးတို့ဆုရွေးချယ်ရေးအဖွဲ့မှ လေ့လာကာ ဆုများကိုပေးအပ်ကြပါကုန်လော့။
ကမ္ဘာ့ဂင်းနစ်မှတ်တမ်းဝင်ဆုရသင့်သော မြန်မာပြည်၏ ကမ္ဘာ့ပထမဆုံးသော အရာများမှာ
=================================================
၁။ မြန်မာနိုင်ငံသည် မိမိနိုင်ငံ၊အမျိုးဘာသာ၊သာသနာကို ချစ်မြတ်နိုး၍ အကြမ်းမဖက်ကာကွယ်စောင့်ရှောက်ကြသော မျိုးချစ်သံဃာတော်များ၊လူပုဂ္ဂိုလ်တို့အား ရန်သူအလိုကျ ဖမ်းဆီးထောင်ချသော ကမ္ဘာ့နိုင်ငံများတွင် တခုတည်းသော နိုင်ငံဖြစ်သောကြောင့် မြန်မာနိုင်ငံကို ဂင်းနစ်မှတ်တမ်းဆုကိုပေးသင့်ပါသည်....။
၂။ စော်ကားရန်စသောရန်သူများကို အပြစ်မပြောပဲ အဖွဲ့အချင်းချင်းအပြစ်ပုံချ ဇာတ်တူသားစား၍ သူခိုးဓါရိုးကမ်း လုပ်တတ်သော  ကမ္ဘာ့နိုင်ငံများတွင် တခုတည်းသော နိုင်ငံဖြစ်သောကြောင့် မြန်မာနိုင်ငံကို ဂင်းနစ်မှတ်တမ်းဆုကိုပေးသင့်ပါသည်....။
၃။ နိုင်ငံရေးလုပ်သည်ဟုဆိုကာ `လူမျိုးသည် အရေးမကြီး´ဟုဆိုပြန်ပြီး သူတို့လုပ်သောနိုင်ငံရေးသည် ကိုယ်လူမျိုးအတွက်မဟုတ်လျှင် တခြားမည်သည့်လူမျိုးအတွက်လုပ်နေသည်ကို စဉ်းစားမရနိုင်လောက်သည့်အထိ အစွမ်းထက်မြက်သော နိုင်ငံရေးသမားများ ရှိသော  ကမ္ဘာ့နိုင်ငံများတွင် တခုတည်းသော နိုင်ငံဖြစ်သောကြောင့် မြန်မာနိုင်ငံကို ဂင်းနစ်မှတ်တမ်း ဆုကိုပေးသင့်ပါသည်....။
၃။ ရှေ့ဘိုးစဉ်ဘောင်ဆက် မြန်မာစာနှင့် မြန်မာ့စကားမှာပါ ပြောဆိုသုံးစွဲလာခဲ့ကြသော `ကုလား´ဆိုသော အသုံးအနှုန်းကို မသုံးစွဲရ သုံးစွဲသူသည် မိဘ၊ဆရာသမားများက မဆုံးမသူများဖြစ်သည်ဟု ဆိုသော(ဒီလိုဆို တရုပ်ကို တရုပ်လို့မခေါ်ပဲ ချိုင်းနားလို့ခေါ်၍ ပြင်သစ်ကိုပြင်သစ်ဟုမခေါ်ဆိုရပဲ ဖရန့်ဟု လည်းကောင်း ခွေးကို ခွေးဟုမခေါ်ပဲ `ဟောင်ကောင်´ဟု ခေါ်ရမလိုဖြစ်သော)  ကမ္ဘာ့နိုင်ငံများတွင် တခုတည်းသော နိုင်ငံဖြစ်သောကြောင့် မြန်မာနိုင်ငံကို ဂင်းနစ်မှတ်တမ်းဆုကိုပေးသင့်ပါသည်....။
၎။ မိမိပြည်သူ၊ပြည်သားများအား တိုင်းတပါးသားလူရန်းကားများမှ ပြည်တွင်းနှင့် ပြည်ပတွင် လူမှုရေး၊စီးပွားရေး၊အိမ်ထောင်ရေးများတွင် လူ့အခွင့်အရေး ပြောင်ပြောင်တင်းတင်းချိုးဖောက်အနိုင်ကျင့်နေချိန်တွင် နှာစေးနေတတ်ပြီး၊မိမိပြည်သူ၊ပြည်သားများအားသာလျှင်အပြစ်ပုံချ ကြေညာချက်အမျိုးမျိုးထုတ်ကြသော နိုင်ငံရေးအမည်ခံ ဘာညာသာရကာ အာပလာ နိုင်ငံရေးသမားများရှိသော  တခုတည်းသော နိုင်ငံဖြစ်သောကြောင့် မြန်မာနိုင်ငံကို ဂင်းနစ်မှတ်တမ်း ဆုကိုပေးသင့်ပါသည်....။
၅။ မိမိတို့အဆင်ပြေ နှုတ်ခမ်းဆီစိုရန်အတွက် ကမ္ဘာ့အလည်တွင် မိမိတိုင်းပြည်ကို ရစရာမရှိအောင် သိက္ခာချ ပြောဆိုကြသော အမျိုးသားသစ္စာဖောက်လောက်ကောင် `မိုးသီးဇွန်၊ချိုတူးဇော်နှင့်........အပေါင်အပါများ မွေးထုတ်ရာဖြစ်သော  တခုတည်းသော နိုင်ငံဖြစ်သောကြောင့် မြန်မာနိုင်ငံကို ဂင်းနစ်မှတ်တမ်းဆုကိုပေးသင့်ပါသည်....။
၆။ ကိုယ့်ပြည်သူကျ လက်သံပြောင်၊ ရန်သူကိုကျ လက်ရှောင်တတ်သော အဖွဲ့အစည်းများ ရှိသောကြောင့်  တခုတည်းသော နိုင်ငံဖြစ်သောကြောင့် မြန်မာနိုင်ငံကို ဂင်းနစ်မှတ်တမ်း ဆုကိုပေးသင့်ပါသည်....။
၇။ မိမိနိုင်ငံတူပြည်သူ(ညီိအကို)အချင်းချင်းကျ ရန်လိုဒေါသ၊မာန်မာနများပြီး၊ရန်သူအပေါ်တွင် ဘုရားအလောင်းတော်ထက်ပင် မေတ္တာကြီးမား ကရုဏာထားသရောင်ဖြင့် မြွေပွေးခါးပိုက်ပိုက် `ပျော့ညံ့ခြင်းနှင့် သီးခံခြင်းမကွဲသော တလွဲဆံပင်ကောင်းကြသော သူများရှိသောတခုတည်းသော နိုင်ငံဖြစ်သောကြောင့် မြန်မာနိုင်ငံကို ဂင်းနစ်မှတ်တမ်းဆုကိုပေးသင့်ပါသည်....။
၈။ ရန်သူက အယောင်ဆောင် ကုလားဖန်ထိုးကာ အိမ်ကြက်အချင်းချင်းအိုးမဲသုတ်ပြီး ရန်တိုက်ခွပ်ခိုင်းကာ အမောဖောက်အားနည်းချိနှက်မ နှစ်ကောင်လုံးကို အိုးခင်းထဲမှာချက်စားခံရမည်ကို ပညာဉာဏ်ဖြင့် လေ့လာသိမြင်ခြင်းမရှိပဲ ရန်သူလေသံနောက် သံယောင်လိုက်တတ်ကြသော အလွန် နလွန်းတဲ့သူတွေရှိသော တခုတည်းသော နိုင်ငံဖြစ်သောကြောင့် မြန်မာနိုင်ငံကို ဂင်းနစ်မှတ်တမ်း ဆုကိုပေးသင့်ပါသည်....။
၉။ နိုင်ငံသားမှတ်ပုံတင်ကဒ် မရှိကြသော တိုင်းတစ်ပါးနိုင်ငံခြားသားတို့ကို ရွေးကောက်ပွဲတွင် တရားဝင်မဲထည့်ခွင့်ပေးထားသော  တခုတည်းသော နိုင်ငံဖြစ်သောကြောင့် မြန်မာနိုင်ငံကို ဂင်းနစ်မှတ်တမ်းဆုကိုပေးသင့်ပါသည်....။
၁၀။ မိမိနိုင်ငံအမျိုးဘာသာ၊သာသနာတော် ထွန်းကားပြန့်ပွားရေးရန်လုပ်ဆောင်သူများအတွက် အခက်အခဲ အတားအဆီးတွေများသလောက်၊ လိမ်ညာသူ၊လုပ်စားများအတွက် အလွန်လွယ်ကူသော  တခုတည်းသော နိုင်ငံဖြစ်သောကြောင့် မြန်မာနိုင်ငံကို ဂင်းနစ်မှတ်တမ်း ဆုကိုပေးသင့်ပါသည်....။
အထက်ဖော်ပြပါ အံ့သြဖွယ်ရာများ များစွာရှိသော မြန်မာနိုင်ငံတော်ကို ဒကာကြီးတို့ Guiness World Awards ဆုရွေးချယ်ရေးအဖွဲ့အနေဖြင့် လေ့လာကာ ဂင်းနစ်မှတ်တမ်းစံချိန်ဆုများကို ပေးနိုင်ပါရန် စာရေးသာအကြောင်းကြားအပ်ပါသည်။
======================
ဓမ္မ၀ီရ အရှင်တေဇနိယ
ကိုလံဘို၊သီရိလင်္ကာ
website;www.ashintejaniya.com

Saturday, April 6, 2013

`ဓမ္မ၀ီရအရှင် ၏ ဧပြီ(၁)ရက်အလွန်အတွေး´

 
စာအုပ်ကို အသာချ ၊ကော်ဖီခွက်မော့လို့စဉ်းစားမိတယ်
နိုင်ငံတော်ကို ချစ်ပါတယ်၊အမျိုးဘာသာ သာသနာအတွက်
အသက်ကိုပင် စတေးထားပါတယ်ဆိုတဲ့ ဘာညာသာရကာ
တော်ကီဆရာတို့က မိုးထဲရေထဲ ခုလိုပွဲမှာ
... ကိုယ်မျိုး,ကိုယ့်ဘာ,ကိုယ်သာသနာဘက်က အမှန်အတိုင်မရပ်တည်ပဲ
သူခိုးဓါးရိုးကမ်းပြီး၊ ကိုယ့်အချင်းချင်းချနင်း ဇာတ်တူသားစားနေတာဘာကြောင့်လဲပေါ့.............။

အာဏာရှိထား ဟိုဒကာများကလည်း ပြည်သူအချင်း ညီကိုချင်းကျ
လက်သံကပြောင် စွမ်းဆောင်ပါလျှက်
ခုလိုအခါ ဘာတွေကြောင့်များ အသိမသာ ကုလားဘက်ပါနေသလဲပေါ့.....။

စဉ်းစားမိတာတခုက ဘာသာ၏အနှစ်သာရကို သိရှိမှ တန်ဖိုးရှိမှန် သိပြီးစောင့်ရှောက်ရမှန်း
ကာကွယ်ရမှန်သိမယ်ပေါ့၊ သူတို့တတွေ တရားပွဲမှာလဲ တရားနာတာလဲမတွေ့ဖူးပါဘူးနော်...။
တရားစခန်းမှာလဲ တရားထိုင်နေတာ မတွေ့ မမြင် မကြားမိပါဘူးနော်...............။

အင်းးးးး ဒီအတိုင်းသူတို့တွေကို
လွှတ်ထားလို့တော့ မဖြစ်ချေတော့ပါဘူးလေ..။
ဒီတခါ ကျောင်းအပိတ်လို့ မြန်မာပြည်ပြန်အကြွမှာတော့
ဒင်းတို့တတွေ လူ့ကဝေတွကို ကျောင်းတွင်ခေါ်ပြီး "ယဉ်ကျေးမှုသင်တန်း"လေးတော့ မဖြစ်မနေတက်ခိုင်းဦးမှဖြစ်မှာပါလေ
ကဲ.....မောင်ကျောင်းသားတို့ရေ..စာအုပ်ကိုအသာပိုက် ကျောင်းတော်မှာစာသင်ဖို့ ပြင်ဆင်ကြပေရော......။
 
 
ဓမ္မ၀ီရ အရှင်တေဇနိယ
ကိုလံဘို၊သီရိလင်္ကာ။