ဗုဒ္ဓဘာသာဝင်တိုင်း
ပရိတ်တော်ကို မကြားနာဖူးသောသူ၊ မရွတ်ဆိုးဖူးသောသူဟူ၍ ရှိလိပ်မည်မဟုတ်ပေ။ `ပရိတ်တော်´ကို
မင်္ဂလာအခမ်းအနားများဖြစ်သောအိမ်တက်မင်္ဂလာ၊ မွေးနေ့ မင်္ဂလာ၊ လက်ထပ်မင်္ဂလာအစရှိသော မင်္ဂလာပွဲများတွင်မကပဲ၊
ဘေးရန်ကြုံသောအခါ၊ ရောဂါ နှိတ်စက်သောအခါ၊ နောက်ဆုံး သေဆုံးခြင်းဆွမ်းသွတ်များမှာပါ ရွတ်နာပူဇော်ကြပါသည်။
အချို့ စွမ်းနိုင်သောသူများမှာ နေ့စဉ်နှင့်အမျှရွတ်ဖတ်ပူဇော်တတ်ကြပါတယ်။
ထိုကဲ့သို့ပရိတ် တော်ရွတ်ဖတ်ခြင်းကို မြန်မာ၊ထိုင်း၊သီရိလင်္ကာ စသော ထေရ၀ါဒနိုင်ငံများသာမက
ကိုရီးယာ၊ တရုတ် ၊ဂျပန်၊ဗီယက်နာမ်စသော မယာယာနနိုင်ငံများကပါ ရွတ်ဖတ်ပူဇော်လေ့ကြပါသည်။
ပရိတ်တော်ကို အခါကြီးရက်ကြီးများနှင့် မွေးနေ့မင်္ဂလာပွဲ၊ဆွမ်းကပ်မင်္ဂလာပွဲ
စသောသာရေး၊
နာရေးပွဲများတွင် ဆရာတော် သံဃာတော်အရှင်သူမြတ်အား ပင့်ဖိတ်ကာ နာကြားပူဇော်တတ် ကြ သည်။ အချို့သောအခါကာလများတွင် ရက်ကွက်ဝတ်အသင်းအဖွဲ့များနှင့် မိမိတို့ကိုယ်တိုင်လည်း အန္တရာယ်ကင်းရှင်းပြီး ကောင်းကျိုးမင်္ဂလာဖြစ်ထွန်စေရန် ပုံစံအမျိုးမျိုးဖြင့် ရွတ်ဖတ်ပူဇော် ကြပါ ပေသည်။
နာရေးပွဲများတွင် ဆရာတော် သံဃာတော်အရှင်သူမြတ်အား ပင့်ဖိတ်ကာ နာကြားပူဇော်တတ် ကြ သည်။ အချို့သောအခါကာလများတွင် ရက်ကွက်ဝတ်အသင်းအဖွဲ့များနှင့် မိမိတို့ကိုယ်တိုင်လည်း အန္တရာယ်ကင်းရှင်းပြီး ကောင်းကျိုးမင်္ဂလာဖြစ်ထွန်စေရန် ပုံစံအမျိုးမျိုးဖြင့် ရွတ်ဖတ်ပူဇော် ကြပါ ပေသည်။
ထိုကကဲ့သို့ အမြဲရွတ်ဖတ်ပူဇော်ကြပါသော်လည်း၊
ပရတ်တော် ရွတ်သူ၊နာသူတို့၏ လိုအပ် သော အင်္ဂါရပ်များကို သိနာလည်သော သူကတော အတော်ပင်နည်းပါး
ကြပါလိပ် မည်။ ထိုပရိတ် တော်တို့သည်လည်း ဗုဒ္ဓကိုယ်တော်တိုင် ဟောကြားတော်မူခဲ့သည့် ဓမ္မစက်များဖြစ်သည့်အားလျှော်စွာ
နည်းမှန်လမ်းမှန်ဖြင့် ရွတ်၊နာ ပူဇော်ကြပါက အတိုင်းမသိအောင်ပင် အကျိုးထူးတရားများ ရရှိနိုင်
မှာဖြစ်ပါတယ်။
`ပရိသမန
္တတော ရောဂါဘယံ အန္တရာယေဟိ တာယတိ ရက္ခတီ တိ ပရိတ္တံ´ဟူသော
ဝိဂြိုလ် နှင့်အညီ ထက်ဝန်းကျင် အရပ်လေးမျက်နှာ၊ အရပ်ရှစ်မျက်နှာ၊
အရပ်ဆယ်မျက်နှာတို့မှ
ကျရောက် ဆဲ၊ကျရောက်လာလတ္တံ့သော အနာရေဂါ၊ဘေးအန္တရာယ်ဆိုး အမျိုးမျိုးတို့မှ
ကာကွယ် စောင့်ရှောက်တားဆီးတတ်သောအစွမ်းသတ္တိထူးရှိတော်မူခြင်းကြောင်
`ပရိတ္တ´မြန်မာလို `ပရိတ်´ တော် ဟုခေါ်ခြင်းကြခြင်းဖြစ်ပါသည်။
လွယ်လွယ်မှတ်မိရန်အတွက် `ပရတ်´တော်ဟူသည် မြန်မာအဓိပ္ပါယ်လို `အရန်အတား´
ဟုလွယ်ကူအောင် မှတ်သားထားလျှင်ပင် လုံလောက်ပါတယ်။ အိမ်များ၊ကျောင်းများ၊ဈေးများတွင်
လူတို့မြင်နိုင်သော ရုပ်ဝတ္ထုအန္တရာယ်များ ကင်းဝေးစေရန်အတွက် ခြံစည်းရိုးခတ်ခြင်း၊တံ
တိုင်းများ ပြုလုပ်ခြင်းဖြင့် ကာရန်တားဆီးထားသကဲ့သို့၊ မိမိတို့၏ တွင်း၊ပြင်နှစ်ဝတွင်
မမြင်နိုင်သော ဘေး အန္တရာယ်အသွယ်သွယ်တို့မှ ကာကွယ်တတားဆီးနိုင်ရန်အတွက်လည်း ဗုဒ္ဓမြတ်စွာ၏
ဓမ္မစက်အအစစ် ပရတ်တော်များကို ရွတ်ဆိုပူဇော်ခြင်၊ နာယူကြည်ညိုပူဇော်ခြင်းတည်းဟူသော ပရိတ်တော်
အရံ အတားဖြင့် ကာကွယ်ကြရပါသည်။
ထိုဗုဒ္ဓမြတ်စွာ၏ တရာတော် ပရတ်တော်မြတ်ကို ရွတ်ဖတ်ပူဇော်သူများအတွက်လိုအပ်သော
အင်္ဂါရပ်များမှာ-
(၁) ပရိတ်တော်၏ ပုဒ်-ပါဌ်-အက္ခရာ
သဒ္ဒါ အသံနေအသံထား ပုဒ်ဖြတ်၊ပုဒ်စပ် ပါဠိ တော်ပုဒ်များကို မှန်ကန်တိကျစွာ ရွတ်ဆိုပူနိုင်သောသူဖြစ်ရပါမည်။
(၂) ထို ပရိတ်ပါဠိတော်၏ ဆိုလိုရင်းအနက် အဓိပ္ပါယ်ကို မှန်ကုန်စွာ သိရှိနား လည် နိုင် စွမ်းသောသူဖြစ်ရပါမည်။
(၃) ဒကာ/ဒကာမတို့အပေါ် သတ္တ၀ါတို့အပေါ်၌ မေတ္တာတရားရှေ့သွားပြုကာ ပရတ်တော်ကို
ရွတ်ဆိုပူဇော်ရပါမည်။
(၄) လာဘ်လာဘကို မငဲ့ကွက်ပဲ
ရွတ်ဆိုပူဇော်ရပါမည်။
ထိုအင်္ဂါ(၄)ပါးနှင့် ပြည့်စုံစွာ
ရွတ်ဖတ်ပူဇော် သရဇ္ဈာယ်ပါက များသော အကျိုးထူးများကို ခံစာ ရ ကြ မှာဖြစ်ပါတယ်။
ထိုအင်္ဂါရပ်များ နှင့် မညီညွှတ်ကြပါသော်လည်းဒကာ/မ များတို့အနေနှင့်လည်း
မိမိတို့ တတ် စွမ်းနိုင်သမျှ ရွတ်ဖတ်ပူဇော်လို့ရပါတယ်။ ဤအင်္ဂါရပ်များမှာ အဓိကအားဖြင့်
သံဃာ တော် အရှင် မြတ်များအတွက်လိုအပ်သော အင်္ဂါရပ်များဖြစ်ပါတယ်။ လူပဂ္ဂိုလ်များအနေနှင့်
ငါတို့တော့ ပုဒ်ပါဌ် အက္ခရာ၊ အနက်အဓိပ္ပါယ် နားမလည်လို့ဆိုပြီး အားငယ်စရာမလိုပေ မိမိရွတ်နေကြအတိုင်းသာ
ရွတ်ဖတ်ပါက ကုသိုလ်ထူးတရားများ ရရှိမှာဖြစ်ပါတယ်။
အန္တရာယ်ကင်းရန်၊အိမ်တက်မင်္ဂလာပြုရန်စသော အခါတော်ကြီးများရှိသည့်အခါများတွင်
ဖော်ပြပါ အင်္ဂါရပ်(၄)ပါးနှင့် ပြည့်စုံတော်မူသည့် ကျမ်းတတ်သံဃာတော်အရှင်မြတ်တို့အား
ပင့်ဖိတ် ရွတ်ဖတ် ပူဇော်စေပြီး၊တခြားရက်များကိုမူ မိမိတို့စွမ်းနိုင်သမျှကြိုးစား ရွတ်ဖတ်ပူ
ဇော်ကြရန် ဖြစ်ပါသည်။
ပရိတ်တော်ကို နာကြားပူဇော်ကြကုန်သော ဒကာ/ဒကာမတို့အတွက်လိုအပ်သော
အင်္ဂါရပ်များမှာ-
(၁) ပဉ္စာနန္တရိယကံများကို ကျူးလွန်ထားသူ မဖြစ်ခြင်း
(၂) နိယတ မိစ္ဆာဒိဋ္ဌိ အယူရှိသော သူမဖြစ်ရခြင်း
(၃) ပရတ်တော်မြတ်ကို ယုံကြည်မှု သဒ္ဒါတရားဖြင့်ပြည့်စုံရခြင်း
တည်းဟူသော အင်္ဂါ(၃)ပါးနှင့်
ပြည့်စုံရန်လိုအပ်ပါသည်။
`ပဉ္စာနန္တရိယကံ(၅)ပါးကတော့´
(၁) မာတု ဃာတက = မိခင်အားသတ်သောသူ
(၂) ပိတု ဃာတက = ဖခင်အား သတ်သောသူ
(၃) ဟရဟန္တ ဃာတက = ရဟန္တာအရှင်သူမြတ်တို့အား သတ်ဖြတ်သောသူ
(၄) လောဟိတုပ္ပါဒက = ဘုရားရှင်အား သွေးထွက်အောင် ကြံဆောင်သောသူ
(၅) သံဃ ဘေဒက =သံဃာတော် အရှင်သူမြတ်တို့အား မတည့်ကွဲပြားအောင် ပြုလုပ်သောသူ။
`နိယတ မိစ္ဆာဒိဋ္ဌိ (၃)ပါးမှာ´-
(၁) နတ္ထိက ဒိဋ္ဌိ = အကျိုးတရားကို
မရှိဟုအယူရှိခြင်း (အကျိုးကို ပယ်ခြင်း)
(၂) အဟေတုက ဒိဋ္ဌိ= အကြောင်းတရားမရှိဟု အယူရှိခြင်း (အကြောင်းကို
ပယ်ခြင်း)
(၃) အကိရိယ ဒိဋ္ဌိ = ကုသိုလ်-အကုသိုလ် မရှိဟုအယူရှိခြင်း (ကောင်းမှု,မကောင်းမှုသည်
ပြုလုပ်စရာ မလိုဟူသော `ကမ္မ-အလုပ်´ကိုပယ်ခြင်း)
အထက်ဖော်ပြပါတရားတို့သည်
ပရတ်တော်နာကြာသူများအတွက် လိုအပ်သောအင်္ဂါရပ်များ ပင်ဖြစ်ပါသည်။
ပရိတ်တော်ရွတ်၊နာပူဇော်ခြင်း၏ အကျိုးတရားများ အပြည့်အ၀ရရှိမှု၊
မရရှိမှု။ အကျိုး များမှု၊မများမှုနှင့် ပတ်သက်၍ ပရတ်တော်ရွတ်ပူဇော်သူ၊နာကြားပူဇော်သူများအနေနှင့်
လိုအပ်ချက် ကိုယ်စီရှိကြပါတယ်။ ထိုကဲ့သို့ အင်္ဂါရပ်များနှင့် မပြည့်စုံပါသော်လည်း ထိုက်သင့်သော အကျိုး တရား များကတော့ ရရှိနိုင်ပါတယ်။
အန္တရာယ်ကင်း၊အိမ်တက်မင်္ဂလာ၊စသော ထူးခြားသော အခါများတွင်မူ ၀တ်အသင်း
အဖွဲ့ များကို ရွတ်ဆိုပူဇော်စေခြင်းထက် ရွတ်ဖတ်သူ၏ဂုဏ်အင်္ဂါများနှင့်
ပြည့်စုံနိုင်သော ကျမ်းဂန် တတ်သံဃာတော်များအား ရွတ်ပူဇော်ခြင်းက ပိုမိုကောင်မွန်ပါသည်။
မြန်မာနိုင်ငံ အပါအအ၀င် ဗုဒ္ဓဘာသာနိုင်ငံတို့တွင် ရွတ်ဆိုပူဇော်ကြသော
ပရိတ်တော်တို့မှာ ယေဘုယျ အားဖြင့်(၁၁)သုတ်ရှိပါသည်။ ထို(၁၁)သုတ်လုံးကို ဗုဒ္ဓမြတ်စွာကိုယ်
တော်တိုင် ဟောကြား တော်မူခဲ့သည့် ဓမ္မခန္ဓာ ဓမ္မစက်အစစ်များသာဖြစ်ကြပါတယ်။ထိုပရိတ်တော်(၁၁)သုတ်တို့မှာ
အောက် ပါ ပိဋကကျမ်းများတွင် ဗုဒ္ဓမြတ်စွာ ကိုယ်တော်တိုင် ဟောကြာတော်မူခဲ့ခြင်းဖြစ်ပါသည်။
(၁) မင်္ဂလ သုတ် (ဒသနိပါတ မင်္ဂလဇာတ်၊ခုဒ္ဒကပါဌ ပါဠိတော်၊သုတ္တနိပါတပါဠိတော်)
(၂)ရတနသုတ် (ခုဒ္ဒကပါဌ ပါဠိတော်၊သုတ္တနိပါတပါဠိတော်)
(၃) မေတ္တသုတ် (ခုဒ္ဒကပါဌ ပါဠိတော်၊သုတ္တနိပါတပါဠိတော်)
(၄) ခန္ဓသုတ် (အင်္ဂုတ္တိုရ်၊စတုက္ကနိပါတပါဠိတော်)
(၅)မောရသုတ် (ဒုကနိပါတ၊ မောရဇာတက)
(၆) ၀ဋ္ဋသုတ် (ဧကနိပါတ၊၀ဋ္ဋကဇာတက နှင့်၊စရိယာပိဋက)
(၇) ဓဇဂ္ဂသုတ် (သဂါထာဝဂ္ဂသံယုတ်ပါဠိတော်)
(၈) အာဋာနာဋိယသုတ် ( သုတ်ပါထေယျ ပါဠိတော်)
(၉) အင်္ဂုလိမာလသုတ် (မဇ္ဈိမ ပဏ္ဏာသ ပါဠိတော်)
(၁၀) ဗောဇ္ဈင်သုတ် ( မဟာဝဂ္ဂသံယုတ် ပါဠိတော်)
(၁၁) ပုဗ္ဗဏှသုတ် (အဂုတ္တရနိကာယ၊ တိကနိပါတ
ပါဠိတော်)
ထိုပရိတ်တော်များကို နေ့စဉ်ရွတ်ဖတ်ပူဇော်နိုင်ပါ
လွန်းစွာကောင်းမွန်လှပါတယ်၊သို့သော် (၁၁) သုတ်လုံး မရွတ်ဖတ်နိုင်ပါက နေ့ရက်အလိုက်ရွတ်ဖတ်ပူဇော်သင့်ပါတယ်၊သို့မဟုတ်ပါက
မိမိတို့ တွေကြုံနေသော အခက်အခဲ အခြေအနေပေါ်တွင်မူတည်ကာရွတ်ဖတ်သည့်ပေသည်။
မင်္ဂလာဆောင်အခမ်းအနားစသော မင်္ဂလာဘုန်းကျက်သရေ အထွေထွေတို့ တိုးပွာလို
အခါ များတွင် မင်္ဂလသုတ်တော်ကို ရွတ်ဖတ်သင့်ပါတယ်။မင်္ဂလသုတ်ရွတ်ဖတ်ဇော်ရခြင်း၏ အကျိုးကျေးဇူး
ကို မင်္ဂလသုတ်နိဒါန်းနှင့် နိဂုံတို့တွင် အောက်ပါအတိုင်း ဖော်ပြထားပါတယ်။
(က) သဗ္ဗပါပ ၀ိနာသနံ =အလုံးစုံသော မကောင်းသော အမှုမှန်သမျှကို ပ
ပျောက်အောင် ပယ်ဖျောက်ပေးနိုင်၏။
(ခ) သဗ္ဗလောက ဟိတတ္ထာယ =အလုံးစုံသော လောကကြီးအတွက် အကျိုးစီးပွား
ဖြစ်ထွန်းစေနိုင်၏။
(ဂ) သဗ္ဗတ္ထ မပရာဇိတာ =နေရာခပ်သိမ်းတို့၌ ရန်သူတို့သည် မိမိအား မနှောက်ယှက်
မအောင်နိုင်ကြချေ။
(ဃ) သဗ္ဗတ္ထ သောတ္ထိံ ဂစ္ဆန္တိ=ဤမင်္ဂလာတရားတော်များအား ကျင့်သုံးလိုက်နာ
ရွတ်ဖတ်ပူဇော်မှန်သမျှ အောင်မြင်ချမ်းသာ၍ ချမ်းသာသုခမှန်စွာရရှိနိုင်၏ ။
*``ဘုန်းကျက်သရေ ၊ဖြည့်ဖြိုးဝေ ၊ ရွတ်လေ မင်္ဂလသုတ်´´
ဘေးအန္တရာယ် ကြုံတွေ့သောအခါ၊ကပ်ကြီးသုံးပါးဆိုက်ရောက်သောအခါ၊သရဲ၊တစ္ဆေ၊စုန်း၊ကဝေ၊မင်စာစသော
မကောင်းဆိုးဝါးများ နှောက်ယှက်သောအခါများနှင့်၊အချုပ်အနှောင်ခံရသောအခါ၊ လူ၊နတ်အပေါင်း၏
ကူညီစောင့်ရှောက်များကို အလိုရှိသောအခါများတွင် `ရတနသုတ်´ပရတ်တော် ကိုရွတ် ဖတ်ပူ ဇော်
သင့်ပါတယ်။
*``ကပ်ကြီးသုံးဖြာ၊
ဘေးဘယာနှင့်၊ သရဲ၊တစ္ဆေ၊ စုန်းကဝေများ နှောက်ယှက်ရန်ဘေး ကင်းဝေးစေရန် ရွတ်မှန် ရတနသုတ်´´
လူ၊နတ်အများချစ်ခင်လိုခြင်းစသောအခါများ၊မေတ္တာပွားလိုသောအခါနှင့်
အေးချမ်းသာယာရှိလိုက မေတ္တာသုတ်တော်ကိုရွတ်ဖတ်ပူဇော်ရပါမည်။
မေတ္တာအကျိုး(၁၁)
(၁) သုခံ သုပတိ=ချမ်းသာစွာအိပ်စက်ရခြင်း။
(၂) သုခံ ပဋိဗုဇ္ဈတိ=ချမ်းသာစွာ အိပ်ရာမှ နိုးထရခြင်း။
(၃) န ပါပကံ သုပိနံ ပဿတိ=မကောင်းသောအိပ်မက်ဆိုးများအား မမြင်မက်ခြင်း။
(၄) မနုဿာနံ ပိယော ဟောတိ=လူတို့ချစ်ခင်ခြင်း။
(၅)အမနုဿာနံ ပိယော ဟောတိ=နတ်ဒေတာ၊စသောပုဂ္ဂိုလ်များ ချစ်ခင်ကြခြင်း။
(၆)ဒေ၀တာ ရက္ခန္တိ=နတ်များက စောင့်ရှောက်ကြခြင်း။
(၇) နာဿ အဂ္ဂိဝါ ၀ိသံဝါ သတ္ထံဝါ ကမတိ= မီး၊အဆိပ်၊လက်နက်ဘေးများမှ
ကင်းဝေးခြင်း။
(၈) တုဝဋ္ဋံ စိတ္တံ သမာဒိယတိ=စိတ်တည်ကြည်ခြင်း၊သမာဓိရလွယ်ခြင်း။
(၉) မုခ၀ဏ္ဏော ပသီဒတိ =မျက်နှာရုပ်အဆင် ကြည်လင်သန့်ရှင်းခြင်း။
(၁၀) အသမ္မုဠှော ကာလံကရောတိ =တွေဝေခြင်းမရှိပဲ ကောင်းမွန်စွာ ဘ၀ကူးရခြင်း။
(၁၁) ဥတ္တရိအပ္ပဋိဝိဇ္ဇာန္တော ဗြဟ္မလောကူ ပဂေါဟောတိ=သေလွန်ပြီးနောက်ဘ၀တွင်
ဗြဟ္မာပြည်သို့ လားရောက်ရခြင်း။
*``လူ-နတ်၊ဗြဟ္မာ၊
သတ္တာဝါများ၊ ချစ်ခင်စေလို၊ရွတ်ဆို မင်္ဂလသုတ်´´
မြွေ၊ကင်း၊ခွေးရူး၊သစ်၊ကျားဆင်စသော အဆိပ်ရှိသော သတ္တ၀ါများနှင့်
နီးကပ်သည့် အခါ များ၊တွေ့ကြုံရှိရသည့်အခါများတွင် ခန္ဓသုတ်ပရိတ်တော်ကို ရွတ်ဖတ်ပူဇော်သင့်ပါတယ်။
*``မြွေ၊ကင်း၊သစ်၊ကျား
တွေ့ကြုံငြား၊ရွတ်ပွားခန္ဓသုတ်´´
အချုပ်အနှောင်မှကင်းဝေးစေရန်၊သူတပါးတို့၏
အန္တရာယ်ပြုမှုများ၊မကောင်းကြံစည်မှုများ ဟန့်တား ကာ
ကွယ်ရန်နှင့် မိမိကြံဆောင်ထားသော အကြံအစည်မှန်သမျှကို အောင်မြင်စေရန်အတွက် မောရသုတ်ပရတ်တော်ကို
ရွတ်ဖတ်ပူဇော်ရပါသည်။
*``ချုပ်နှောင်ကြိုးတတ်
၊ဘေးကြုံလတ်၊ရွတ်အပ်မောရသုတ်´´
မီဘေးအန္တရာယ်မှ ကာကွယ်စေရန်၊မီးကွင်ရှောင်ရန်၊အတွက်ဝဋ္ဋသုတ်ပရိတ်တော်ကို
ရွတ်ဖတ် ပူဇော်သင့်ပါတယ်။
*``မီးဘေးအန္တရာယ်
ကာကွယ်အမှန်၊ရွတ်ရန် ၀ဋ္ဋသုတ်``
ပြိုင်ပွဝင်နေသည့်အခါများ၊စီးပွားရေး၊စာမေးပွဲရေးစသော အပြိုင်အဆိုင်ရှိသည့်အခါများ
လေယဉ်ကားရထားစသည်ဖြင့်ခရီသွားသောအခါ ၊တိုက်ပွဲကြားသို့ရောက်ရှိနေသောအခါ၊ စစ်ပွဲစ သောပြိုင်ဆိုင်ပွများတွင်တရားသဖြင့်
အောင်နိုင်စေရန် ဓဇဂ္ဂသုတ် ပရိတ်တော်ကို ရွတ်ဖတ် ပူဇော်သင့်ပါတယ်။
*``ရှုံး၊နိုင်၊ပြိုင်ပွဲ၊စစ်ဆင်နွှဲ၊ရွတ်မြဲဓဇဂ္ဂသုတ်´´
စုန်း၊ဖုတ်၊တစ္ဆေ၊ သရဲသဘက်၊စသော မကောင်းဆိုးဝါးနာနာဘာဝများ၏ နှောက်ယှခြင်းမခံ
ရလေအောင် ၊ထိုနာနာဘာဝ၊၀ိနာဘာဝတို့၏ ဘေးရန်အပေါင်းမှ ကင်းလွတ်စေရန်အတွက် အာဋာ နာဋိယသုတ်တော်ကို
ရွတ်ဆိုပူဇော်သင့်ပါပေသည်။
*``စုန်း၊ဖုတ်၊တစ္ဆေ၊ဘေးတွေ့နေ၊
ရွတ်လေ အာဋာနာဋိယ´´
အမျိုးသမီးမား `အာဝေဏိက´ဖြစ်သော မီးဖွားအမှု ချမ်းသာစွာမီးပွားနိုင်စေရန်
အင်္ဂုလိမာလ ပရိတ်တော်ကို ရွတ်ဖတ်ပူဇော်ပါက ပရိတ်တော်၏ တန်ခိုးတော်ကြောင့် မိခင်နှင့်
ကလေးပါ ဘေးမခရန်မသီပဲ ချမ်းသာစွာ မီးဖွာစေနိုင်၏။
*``အမျိုးသ္မီးများ၊မီးမဖွား၊
ရွတ်ပွား အင်္ဂုလိမာလသုတ်´´
ဗောဇ္ဈင်သုတ်ပရိတ်တော်ကို ရွတ်ဖတ်ပူဇော်ပါက မိမိတွင်
ကျရောက်ခံစားနေရသော ရောဂါ ဝေဒနာများကို ပျောက်ကင်းချမ်းသာစေရန်၊မကျမ္မာနေသောသူများအား
ရောဂါပျောက် ကင်း ချမ်း စေရန်အတွက် ရွတ်ပူဇော်သင့်ပါတယ်။
*``မကျန်းမမာ၊ဖြစ်သည့်ခါ၊ရွတ်ပါ
ဗေဇ္ဈင်သုတ်´´
အတိတ်ဆိုး နိမိတ်ဆိုးများ၊ကိုယ်လက်လေးလံထိုင်းမှုင်းသောအခါများ၊
လုပ်ဆောင်သမျှလုပ်ငန်းများ လွဲချော်သောအခါများ၊စသော အဆင်မပြေသည့်အခါ များတွင် ပုဗ္ဗဏှသုတ်
တော်ကို ရွတ်ဆို ပူဇော်သင့်ပါသည်။
*``အတိတ်နိမိတ်၊မကောင်းစိတ်ကျ၊ထိုခဏ၊ရွတ်ပါ
ပုဗ္ဗဏှ´´
အထက်ပါဖော်ပါခဲ့သည့်အတိုင်
ပရိတ်တော်ရွတ်ပူဇော်၊နာကြားသူများအနေဖြင့် ပရိတ်တော်အ ကျိုး တရားများ ရရှိနိုင်ကြစေရန်
နည်းလမ်းကျန ပူဇော်ကြပြီး ပစ္စပ္ပန်၊တမလွန်နှစ်တန်သောအကျိုးထူးတရားလွန်တိုးပွားကြပါစေဟုဆန္ဒပြုလိုက်ရပါတော့သတည်း။
မိမိအကျိုး၊သူတပါး၏ အကျိုး၊သည်ပိုးနိုင်သူများဖြစ်ကြပါစေ
ဓမ္မ၀ီရ
အရှင်တေဇနိယ
(ခေတ္တ-သီရိလင်္ကာ)
No comments:
Post a Comment