ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ရန် နှိုးဆော်ခြင်း
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားဒေသ၊ ရာမူး(ပန်းဝါ)မြို့စသော နေရာအချို့တွင်
ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းများ၊
ဘုရားဆင်းတုတော်များ၊
လူနေအိမ်များနှင့် စာသင် ကျောင်းကို အစ္စလာမ်ဘာသာဝင် မွတ်စလင်လူမျိုးများက
ပြီးခဲ့သည့်
စက်တင်ဘာလ ၂၉-ရက် နေ့မှစတင်ကာ ၀င်ရောက်မီးရှို့ဖျက်ဆီးနေကြပါသည်။
ထိုကဲ့သို့ ဗုဒ္ဓဘာသာဝင်
ညီအစ်ကို မောင်နှမများ
တစ်ဖက်သတ် အနိုင်ကျင့်၊
အစော်ကားခံနေရသည့်အရေးကို ဗုဒ္ဓဘာသာရဟန်း တော်များအနေဖြင့်
လျစ်လျူရှုမထားသင့်သောကြောင့်သီရိလင်္ကာနိုင်ငံ Buddhist Cultural Centre (BCC) ဆရာတော်
ဘဒ္ဒန္တ၀ိမလဇောတိ ခေါင်းဆောင်၍ သန်ဖက်ခါ
(၀၄.၁၀.၂၀၁၂) ကြာသပတေးနေ့ တွင်
ကိုလံဘိုမြို့၊ မြို့တော်ခန်းမ(Town Hall)မှ
ကုလသမဂ္ဂကိုယ်စားလှယ်(UN)ရုံးရှေ့အထိ
လမ်းလျှောက်၍ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ကြမည်ဖြစ်ပါသည်။
ထိုဆန္ဒထုတ်ဖော်ရာတွင် ပူပေါင်း ပါဝင်ကြရန် BCC ဆရာတော်က
ဘုန်းကြီးဦးပဏ္ဍိတမှတစ်ဆင့် တပည့်တော်တို့ သီရိလင်္ကာ ရောက်
မြန်မာရဟန်းတော်တို့အားလည်း ဖိတ်ကြားခဲ့ပါသည်ဘုရား။
သို့ဖြစ်ပါ၍
ပူပေါင်းပါဝင် ဆန္ဒထုတ်ဖော်လိုကြသော သံဃာတော်များအနေဖြင့် သီရိလင်္ကာရောက်
မြန်မာကျောင်းသား
ရဟန်းတော်များ(MSMA)အဖွဲ့ရုံးခန်းသို့ တိုက်ရိုက်ဖြစ်စေ၊ ဖုန်း 075 4135359 သို့ဖြစ်စေ စာရင်းပေးသွင်းနိုင်ကြပါသည်ဘုရား။
ကြိုပို့အတွက် ကားစီစဉ်ပေးမည်ဖြစ်ပါ၍ မနက်ဖြန်(၀၃.၁၀. ၂၀၁၂)ဗုဒ္ဓဟူးနေ့
နောက်ဆုံးထား
စာရင်းများ ပေးသွင်းတော်မူကြပါရန်လည်း အသိပေး
လျှောက်ထားအပ်ပါသည်ဘုရား။ ဆန္ဒထုတ်ဖော်ပွဲကို
(၀၄.၁၀.၂၀၁၂)ရက်၊ နေ့လည်
၁.၃၀ မိနစ်တွင် စတင်မည်ဖြစ်ရာ မကုဋာရာမ၊ ဗောဓိပင်အောက်သို့ နေ့လည် ၁၂.၃၀
မိနစ်အရောက် ကြွရောက်ပေးတော်မူကြပါရန် စာရင်းပေးသွင်းထားကြသော
သံဃာတော်အရှင်မြတ်တို့အား
ကြိုတင်အသိပေးလျှောက်ထား အပ်ပါသည်ဘုရား။
သီရိလင်္ကာရောက် မြန်မာကျောင်းသားရဟန်းတော်များ(MSMA)အဖွဲ့
No comments:
Post a Comment